Esther 6:11 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ထို့​ကြောင့်​ဟာ​မန်​သည်​အ​ဝတ်​တန်​ဆာ​တော် နှင့်​မြင်း​တော်​ကို​ယူ​ခဲ့​ပြီး​လျှင် မော်​ဒ​ကဲ အား​အ​ဝတ်​တန်​ဆာ​တော်​ကို​ဝတ်​ဆင်​ပေး ကာ​မြင်း​ပေါ်​သို့​တင်​၍``ဘု​ရင်​မင်း​မြတ်​သည် မိ​မိ​ဂုဏ်​ပြု​ချီး​မြှင့်​လို​သူ​အား အ​ဘယ်​သို့ ချီး​မြှင့်​တော်​မူ​သည်​ကို​ကြည့်​ကြ​လော့'' ဟု ကြွေး​ကြော်​လျက်​မြင်း​ကို​ဆွဲ​၍​မြို့​တွင်း​၌ လှည့်​လည်​ရ​လေ​သည်။
Burmese 1835 Version Judson
ထိုအခါ ဟာမန်သည် အဝတ်တန်ဆာတော်နှင့် မြင်းတော်ကို ယူ၍၊ မော်ဒကဲကို ဝတ်ဆင်စေပြီးလျှင်၊ မြင်းတော်ကိုစီးစေသဖြင့်၊ မြို့တော်လမ်းမ၌ ဆောင်သွား လျက် ရှင်ဘုရင်ချီးမြှောက်ခြင်းငှါ အလိုတော်ရှိသော သူ၌ ဤသို့ပြုရသည်ဟု သူ့ရှေ့မှာ ကြွေးကြော်၏။
Burmese 1928
ဟာ မန် သည်၊ မင်း မြောက် တန် ဆာ နှင့် မြင်း တော် ပါ ယူ သွား၍၊ မော် ဒ ကဲ ကို ဆင် ယင် ပြီး လျှင်၊ မြို့ လမ်း မ တော် တစ် လျှောက် စီး စေ ရာ တွင်၊ ဘု ရင် မင်း ချီး မြှင့် လို သော သူ့ အား၊ ထို သို့ ပြု ရ မည့် အ ကြောင်း၊ သူ့ ရှေ့ က ကြော် ငြာ လျက်၊
Burmese 2021
ထို​အ​ခါ ဟာ​မန်​သည် အ​ဝတ်​တန်​ဆာ​တော်​နှင့် မြင်း​တော်​ကို​ယူ၍၊ မော်​ဒ​ကဲ​ကို ဝတ်​ဆင်​စေ​ပြီး​လျှင်၊ မြင်း​တော်​ကို​စီး​စေ​သ​ဖြင့်၊ မြို့​တော်​လမ်း​မ၌ ဆောင်​သွား​လျက် ရှင်​ဘု​ရင်​ချီး​မြှောက်​ခြင်း​ငှာ အ​လို​တော်​ရှိ​သော​သူ၌ ဤ​သို့​ပြု​ရ​သည်​ဟု သူ့​ရှေ့​မှာ ကြွေး​ကြော်၏။
Burmese JBZV
ထို​အ​ခါ ဟာ​မန္​သည္ အ​ဝတ္​တန္​ဆာ​ေတာ္​ႏွင့္ ျမင္း​ေတာ္​ကို​ယူ၍၊ ေမာ္​ဒ​ကဲ​ကို ဝတ္​ဆင္​ေစ​ၿပီး​လၽွင္၊ ျမင္း​ေတာ္​ကို​စီး​ေစ​သ​ျဖင့္၊ ၿမိဳ႕​ေတာ္​လမ္း​မ၌ ေဆာင္​သြား​လ်က္ ရွင္​ဘု​ရင္​ခ်ီး​ေျမႇာက္​ျခင္း​ငွာ အ​လို​ေတာ္​ရွိ​ေသာ​သူ၌ ဤ​သို႔​ျပဳ​ရ​သည္​ဟု သူ႔​ေရွ႕​မွာ ေႂကြး​ေၾကာ္၏။
Burmese MCLZV
ထို႔​ေၾကာင့္​ဟာ​မန္​သည္​အ​ဝတ္​တန္​ဆာ​ေတာ္ ႏွင့္​ျမင္း​ေတာ္​ကို​ယူ​ခဲ့​ၿပီး​လၽွင္ ေမာ္​ဒ​ကဲ အား​အ​ဝတ္​တန္​ဆာ​ေတာ္​ကို​ဝတ္​ဆင္​ေပး ကာ​ျမင္း​ေပၚ​သို႔​တင္​၍``ဘု​ရင္​မင္း​ျမတ္​သည္ မိ​မိ​ဂုဏ္​ျပဳ​ခ်ီး​ျမႇင့္​လို​သူ​အား အ​ဘယ္​သို႔ ခ်ီး​ျမႇင့္​ေတာ္​မူ​သည္​ကို​ၾကည့္​ၾက​ေလာ့'' ဟု ေႂကြး​ေၾကာ္​လ်က္​ျမင္း​ကို​ဆြဲ​၍​ၿမိဳ႕​တြင္း​၌ လွည့္​လည္​ရ​ေလ​သည္။
Burmese MSBU
ဟာမန်​သည်​လည်း မင်းဝတ်တန်ဆာ​နှင့်​စီးတော်မြင်း​ကို​ယူ​၍ မော်ဒကဲ​အား မင်းဝတ်တန်ဆာ​ကို​ဝတ်ဆင်​စေ​ပြီး စီးတော်မြင်း​ကို​စီး​စေ​လျက် မြို့​လမ်းမ​တစ်လျှောက် “ရှင်ဘုရင်​ဂုဏ်ပြု​လို​သော​သူ​ကို ဤသို့​ဂုဏ်ပြု​ရ​သည်”​ဟု ရှေ့​မှ ကြွေးကြော်​သွား​လေ​၏​။
Burmese MSBZ
ဟာမန္​သည္​လည္း မင္းဝတ္တန္ဆာ​ႏွင့္​စီးေတာ္ျမင္း​ကို​ယူ​၍ ေမာ္ဒကဲ​အား မင္းဝတ္တန္ဆာ​ကို​ဝတ္ဆင္​ေစ​ၿပီး စီးေတာ္ျမင္း​ကို​စီး​ေစ​လ်က္ ၿမိဳ႕​လမ္းမ​တစ္ေလွ်ာက္ “ရွင္ဘုရင္​ဂုဏ္ျပဳ​လို​ေသာ​သူ​ကို ဤသို႔​ဂုဏ္ျပဳ​ရ​သည္”​ဟု ေရွ႕​မွ ေႂကြးေၾကာ္​သြား​ေလ​၏​။