Esther 8:15 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
မော်ဒကဲသည်မင်းမြောက်တန်ဆာတည်းဟူ သောဝတ်လဲအဖြူနှင့်အပြာကိုလည်းကောင်း၊ ခရမ်းရောင်ပိတ်ချောဝတ်လုံကိုလည်းကောင်း ဝတ်ဆင်ကာခန့်ညားသည်ရွှေသရဖူကို ဆောင်း၍ နန်းတော်မှထွက်ခွာသွားလေသည်။ ထိုအခါရှုရှန်မြို့တစ်မြို့လုံးသည်သြဘာ သံများ၊ ရွှင်လန်းဝမ်းမြောက်စွာကြွေးကြော် သံများနှင့်ဆူညံသွား၏။-
Burmese 1835 Version Judson
မော်ဒကဲသည်လည်း၊ မင်းမြောက်တန်ဆာ တည်းဟူသော အဝတ်အဖြူအပြာကို ဝတ်ဆင်လျက်၊ ကြီးစွာသော ရွှေသရဖူကို ဆောင်းလျက်၊ ပိတ်ချောနှင့် မောင်းသော အထည်ဖြင့် ပြီးသောဝတ်လုံကို ခြုံလျက်၊ ရှင်ဘုရင်ထံတော်မှ ထွက်သွား၍၊
Burmese 1928
မော် ဒ ကဲ သည် မင်း မြောက် တန် ဆာ၊ ဖွဲ့ ဖြူ၊ ဖွဲ့ ပြာ ကို ဆင် ယင် လျက်၊ ကြီး မြင့် သော ရွှေ မ ကိုဋ် ကို ဆောင်း လျက်၊ လျှော် ထည်၊ အ မောင်း ထည် ဝတ် လုံ ကို ခြုံ လျက်၊ ဘု ရင် မင်း ထံ မှ ထွက် သွား ရာ၊ ရှု ရှန် တစ် မြို့ တော် လုံး ရွှင် လန်း စွာ ကြွေး ကြော် ကြ ကုန်၏။
Burmese 2021
မော်ဒကဲသည်လည်း၊ မင်းမြောက်တန်ဆာ တည်းဟူသော အဝတ်အဖြူအပြာကို ဝတ်ဆင်လျက်၊ ကြီးစွာသော ရွှေသရဖူကို ဆောင်းလျက်၊ ပိတ်ချောနှင့် မောင်းသောအထည်ဖြင့်ပြီးသော ဝတ်လုံကိုခြုံလျက်၊ ရှင်ဘုရင်ထံတော်မှ ထွက်သွား၍၊
Burmese JBZV
ေမာ္ဒကဲသည္လည္း၊ မင္းေျမာက္တန္ဆာ တည္းဟူေသာ အဝတ္အျဖဴအျပာကို ဝတ္ဆင္လ်က္၊ ႀကီးစြာေသာ ေရႊသရဖူကို ေဆာင္းလ်က္၊ ပိတ္ေခ်ာႏွင့္ ေမာင္းေသာအထည္ျဖင့္ၿပီးေသာ ဝတ္လုံကိုျခဳံလ်က္၊ ရွင္ဘုရင္ထံေတာ္မွ ထြက္သြား၍၊
Burmese MCLZV
ေမာ္ဒကဲသည္မင္းေျမာက္တန္ဆာတည္းဟူ ေသာဝတ္လဲအျဖဴႏွင့္အျပာကိုလည္းေကာင္း၊ ခရမ္းေရာင္ပိတ္ေခ်ာဝတ္လုံကိုလည္းေကာင္း ဝတ္ဆင္ကာခန႔္ညားသည္ေရႊသရဖူကို ေဆာင္း၍ နန္းေတာ္မွထြက္ခြာသြားေလသည္။ ထိုအခါရွုရွန္ၿမိဳ႕တစ္ၿမိဳ႕လုံးသည္ၾသဘာ သံမ်ား၊ ရႊင္လန္းဝမ္းေျမာက္စြာေႂကြးေၾကာ္ သံမ်ားႏွင့္ဆူညံသြား၏။-
Burmese MSBU
မော်ဒကဲသည် အပြာရောင်နှင့်အဖြူရောင်ချည်ချောထည် မင်းအဝတ်တန်ဆာဝတ်ဆင်၍ ရွှေ သရဖူ ကြီး ကို ဆောင်းလျက်၊ ခရမ်းရောင်ပိတ်ချောဝတ်လုံကိုခြုံလျက် ဘုရင့်ထံမှထွက်လာသောအခါ ရှုရှန်နန်းတော်တစ်ခုလုံး ဝမ်းမြောက်စွာ ကြွေးကြော်ကြလေ၏။
Burmese MSBZ
ေမာ္ဒကဲသည္ အျပာေရာင္ႏွင့္အျဖဴေရာင္ခ်ည္ေခ်ာထည္ မင္းအဝတ္တန္ဆာဝတ္ဆင္၍ ေ႐ႊ သရဖူ ႀကီး ကို ေဆာင္းလ်က္၊ ခရမ္းေရာင္ပိတ္ေခ်ာဝတ္လုံကိုၿခဳံလ်က္ ဘုရင့္ထံမွထြက္လာေသာအခါ ရႈရွန္နန္းေတာ္တစ္ခုလုံး ဝမ္းေျမာက္စြာ ေႂကြးေၾကာ္ၾကေလ၏။