Esther 8:17 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
မင်းကြီး၏အမိန့်ကြေညာချက်ရောက်ရှိ သည့်ပြည်နယ်နှင့်မြို့အပေါင်းတို့တွင် ယုဒအမျိုးသားတို့သည် ဝမ်းမြောက်စွာ စားသောက်လျက်ပျော်ပွဲရွှင်ပွဲများကို ကျင်းပကြကုန်၏။ အခြားအမျိုးသား အမြောက်အမြားသည်ယုဒအမျိုး သားတို့ကိုကြောက်သောကြောင့်ယုဒ ဘာသာသို့ကူးပြောင်းလာကြလေ သည်။
Burmese 1835 Version Judson
ရှင်ဘုရင်အမိန့်တော်စာရောက်လေသော အပြည်ပြည်အမြို့မြို့၌၊ ယုဒလူတို့သည် ဝမ်းမြောက် ရွှင်လန်းခြင်း၊ ပွဲခံခြင်း၊ မင်္ဂလာနေ့စောင်းခြင်းကို ပြု၍၊ ပြည်သူပြည်သားအများတို့သည် ယုဒလူတို့ကို ကြောက်ရွံ သောကြောင့် ယုဒဘာသာကို ဝင်ကြ၏။
Burmese 1928
ဘု ရင် မင်း ၏ ရာ ဇ သတ် အ မိန့် တော် ရောက် သ မျှ ပြည် ထောင် တ ကာ ရှိ မြို့ ရွာ တိုင်း၌၊ ယု ဒ လူ မျိုး တို့ သည်၊ အား ရ ဝမ်း မြောက် စွာ မင်္ဂ လာ နေ့၊ ပွဲ နေ့ ကို ကျင်း ပ ကြ၏။ ပြည် သူ ပြည် သား အ များ တို့ လည်း၊ ယု ဒ လူ မျိုး တို့ ကို ကြောက် ရွံ့ သော ကြောင့်၊ ယု ဒ ဘာ သာ သို့ ဝင် ကြ ၏။
Burmese 2021
ရှင်ဘုရင်အမိန့်တော်စာ ရောက်လေသော အပြည်ပြည်အမြို့မြို့၌၊ ယုဒလူတို့သည် ဝမ်းမြောက်ရွှင်လန်းခြင်း၊ ပွဲခံခြင်း၊ မင်္ဂလာနေ့စောင့်ခြင်းကို ပြု၍၊ ပြည်သူပြည်သားအများတို့သည် ယုဒလူတို့ကို ကြောက်ရွံသောကြောင့် ယုဒဘာသာကိုဝင်ကြ၏။
Burmese JBZV
ရွင္ဘုရင္အမိန္႔ေတာ္စာ ေရာက္ေလေသာ အျပည္ျပည္အၿမိဳ႕ၿမိဳ႕၌၊ ယုဒလူတို႔သည္ ဝမ္းေျမာက္ရႊင္လန္းျခင္း၊ ပြဲခံျခင္း၊ မဂၤလာေန႔ေစာင့္ျခင္းကို ျပဳ၍၊ ျပည္သူျပည္သားအမ်ားတို႔သည္ ယုဒလူတို႔ကို ေၾကာက္ရြံေသာေၾကာင့္ ယုဒဘာသာကိုဝင္ၾက၏။
Burmese MCLZV
မင္းႀကီး၏အမိန႔္ေၾကညာခ်က္ေရာက္ရွိ သည့္ျပည္နယ္ႏွင့္ၿမိဳ႕အေပါင္းတို႔တြင္ ယုဒအမ်ိဳးသားတို႔သည္ ဝမ္းေျမာက္စြာ စားေသာက္လ်က္ေပ်ာ္ပြဲရႊင္ပြဲမ်ားကို က်င္းပၾကကုန္၏။ အျခားအမ်ိဳးသား အေျမာက္အျမားသည္ယုဒအမ်ိဳး သားတို႔ကိုေၾကာက္ေသာေၾကာင့္ယုဒ ဘာသာသို႔ကူးေျပာင္းလာၾကေလ သည္။
Burmese MSBU
ဘုရင့်စာ၊ ဘုရင့်အမိန့်ရောက်ရှိသော နယ်မြေဒေသအသီးသီးရှိ မြို့ရွာတိုင်းတွင် ဂျူးလူမျိုးတို့ ဝမ်းမြောက်ပျော်ရွှင်ကြပြီး နေ့ထူးနေ့မြတ်အဖြစ် စားသောက်ပွဲကျင်းပကြ၏။ ပြည်သားအမြောက်အမြားတို့သည် ဂျူးလူမျိုးတို့ကို ကြောက်ရွံ့သဖြင့် ဂျူးလူမျိုးအဖြစ် ခံယူကြ၏။
Burmese MSBZ
ဘုရင့္စာ၊ ဘုရင့္အမိန႔္ေရာက္ရွိေသာ နယ္ေျမေဒသအသီးသီးရွိ ၿမိဳ႕႐ြာတိုင္းတြင္ ဂ်ဴးလူမ်ိဳးတို႔ ဝမ္းေျမာက္ေပ်ာ္႐ႊင္ၾကၿပီး ေန႔ထူးေန႔ျမတ္အျဖစ္ စားေသာက္ပြဲက်င္းပၾက၏။ ျပည္သားအေျမာက္အျမားတို႔သည္ ဂ်ဴးလူမ်ိဳးတို႔ကို ေၾကာက္႐ြံ႕သျဖင့္ ဂ်ဴးလူမ်ိဳးအျဖစ္ ခံယူၾက၏။