Esther 8:9 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ဤသို့ဖြစ်ပျက်သည်မှာသိဝန်ခေါ်တတိယ လ၊ နှစ်ဆယ့်သုံးရက်နေ့၌ဖြစ်၏။ မော်ဒကဲ သည်မင်းကြီး၏အတွင်းဝန်များကိုခေါ် ယူကာယုဒအမျိုးသားတို့ထံသို့လည်း ကောင်း၊ အိန္ဒိယပြည်မှအဲသရောပိပြည် တိုင်အောင်တစ်ရာ့နှစ်ဆယ့်ခုနစ်ပြည်နယ် ရှိဘုရင်ခံများ၊ အုပ်ချုပ်ရေးမှူးများ နှင့်မင်းအရာရှိများထံသို့အမှာစာ များရေးသားရန်နှုတ်တိုက်ချပေးလေ သည်။ ထိုစာများကိုပြည်နယ်အသီးသီး တွင်အသုံးပြုသည့်ဘာသာစကား များဖြင့်လည်းကောင်း၊ ယုဒအမျိုးသား တို့အတွက်ယုဒဘာသာဖြင့်လည်း ကောင်းရေးသားထားသတည်း။-
Burmese 1835 Version Judson
ထိုအခါ ဝိဝန်အမည်ရှိသော တတိယလနှစ် ဆယ်သုံးရက်နေ့တွင်၊ စာရေးတော်ကြီးတို့ကိုခေါ်၍၊ အိန္ဒိယပြည်မှ ကုရှပြည်တိုင်အောင် တိုင်းပြည်တရာ နှစ်ဆယ်ခုနစ်ပြည်တို့၌ ရှိသော ယုဒလူ၊ ကိုယ်စားတော် မင်း၊ အပြည်ပြည်အုပ်သော မြို့ဝန်၊ မြို့သူကြီးတို့ကို မော်ဒကဲမှာထားသမျှအတိုင်း၊ ယုဒဘာသာစကားမှစ၍ လူအမျိုးမျိုး ပြောသောစကားအသီး အသီးအားဖြင့်၊
Burmese 1928
သိ ဝန် ခေါ် တ တိ ယ လ၊ နှစ် ဆယ့် သုံး ရက် နေ့ တွင်၊ သံ တော် ဆင့် များ ကို ခေါ်၍၊ မော် ဒ ကဲ မိန့် မှာ သ မျှ ကို၊ အိ န္ဒိ ယ ပြည် မှ ကု ရှ ပြည် တိုင် အောင်၊ တစ် ရာ့ နှစ် ဆယ့် ခု နှစ် ပြည် ထောင် ရှိ ယု ဒ လူ မျိုး တို့ ထံ ကိုယ့် ဘာ သာ အ က္ခ ရာ အ လိုက် လည်း ကောင်း၊ ဘု ရင် ခံ ချုပ်၊ ဘု ရုင် ခံ၊ မှူး တော် မတ် တော် တို့ ထံ၊ ပြည် ထောင် တ ကာ ရှိ လူ အ မျိုး မျိုး တို့ ဘာ သာ အ က္ခ ရာ အ လိုက် လည်း ကောင်း၊
Burmese 2021
ထိုအခါ သိဝန်အမည်ရှိသော တတိယလ နှစ်ဆယ်သုံးရက်နေ့တွင်၊ စာရေးတော်ကြီးတို့ကို ခေါ်၍၊ အိန္ဒိယပြည်မှ ကုရှပြည်တိုင်အောင် တိုင်းပြည်တစ်ရာနှစ်ဆယ် ခုနစ်ပြည်တို့၌ရှိသော ယုဒလူ၊ ကိုယ်စားတော်မင်း၊ အပြည်ပြည်အုပ်သော မြို့ဝန်၊ မြို့သူကြီးတို့ကို မော်ဒကဲ မှာထားသမျှအတိုင်း၊ ယုဒဘာသာစကားမှစ၍ လူအမျိုးမျိုး ပြောသောစကား အသီးအသီးအားဖြင့်၊
Burmese JBZV
ထိုအခါ သိဝန္အမည္ရွိေသာ တတိယလ ႏွစ္ဆယ္သုံးရက္ေန႔တြင္၊ စာေရးေတာ္ႀကီးတို႔ကို ေခၚ၍၊ အိႏၵိယျပည္မွ ကုရွျပည္တိုင္ေအာင္ တိုင္းျပည္တစ္ရာႏွစ္ဆယ္ ခုနစ္ျပည္တို႔၌ရွိေသာ ယုဒလူ၊ ကိုယ္စားေတာ္မင္း၊ အျပည္ျပည္အုပ္ေသာ ၿမိဳ႕ဝန္၊ ၿမိဳ႕သူႀကီးတို႔ကို ေမာ္ဒကဲ မွာထားသမၽွအတိုင္း၊ ယုဒဘာသာစကားမွစ၍ လူအမ်ိဳးမ်ိဳး ေျပာေသာစကား အသီးအသီးအားျဖင့္၊
Burmese MCLZV
ဤသို႔ျဖစ္ပ်က္သည္မွာသိဝန္ေခၚတတိယ လ၊ ႏွစ္ဆယ့္သုံးရက္ေန႔၌ျဖစ္၏။ ေမာ္ဒကဲ သည္မင္းႀကီး၏အတြင္းဝန္မ်ားကိုေခၚ ယူကာယုဒအမ်ိဳးသားတို႔ထံသို႔လည္း ေကာင္း၊ အိႏၵိယျပည္မွအဲသေရာပိျပည္ တိုင္ေအာင္တစ္ရာ့ႏွစ္ဆယ့္ခုနစ္ျပည္နယ္ ရွိဘုရင္ခံမ်ား၊ အုပ္ခ်ဳပ္ေရးမွူးမ်ား ႏွင့္မင္းအရာရွိမ်ားထံသို႔အမွာစာ မ်ားေရးသားရန္ႏွုတ္တိုက္ခ်ေပးေလ သည္။ ထိုစာမ်ားကိုျပည္နယ္အသီးသီး တြင္အသုံးျပဳသည့္ဘာသာစကား မ်ားျဖင့္လည္းေကာင္း၊ ယုဒအမ်ိဳးသား တို႔အတြက္ယုဒဘာသာျဖင့္လည္း ေကာင္းေရးသားထားသတည္း။-
Burmese MSBU
သိဝန်ဟုခေါ်သော တတိယလ၊ နှစ်ဆယ့်သုံးရက်နေ့တွင် ရှင်ဘုရင်၏စာရေးတော်များကို ဆင့်ခေါ်၍ အိန္ဒိယပြည်မှ အီသီယိုးပီးယားပြည်တိုင်အောင် ပြည်ထောင်တစ်ရာနှစ်ဆယ့်ခုနစ်ပြည်၌ရှိသော ဂျူးလူမျိုးများ၊ အုပ်ချုပ်ရေးအရာရှိများ၊ ဘုရင်ခံများနှင့် အကြီးအကဲများထံသို့ အမိန့်စာကိုရေးသားပေးပို့စေ၏။ ထိုစာကို ဒေသအလိုက် သူ့စာပေ၊ လူမျိုးအလိုက်သူ့ဘာသာစကားဖြင့်လည်းကောင်း၊ ဂျူးလူမျိုးအတွက်လည်း သူ့စာပေ၊ သူ့ဘာသာစကားဖြင့်လည်းကောင်း မော်ဒကဲပြောကြားသမျှအတိုင်း ရေးသား၏။
Burmese MSBZ
သိဝန္ဟုေခၚေသာ တတိယလ၊ ႏွစ္ဆယ့္သုံးရက္ေန႔တြင္ ရွင္ဘုရင္၏စာေရးေတာ္မ်ားကို ဆင့္ေခၚ၍ အိႏၵိယျပည္မွ အီသီယိုးပီးယားျပည္တိုင္ေအာင္ ျပည္ေထာင္တစ္ရာႏွစ္ဆယ့္ခုနစ္ျပည္၌ရွိေသာ ဂ်ဴးလူမ်ိဳးမ်ား၊ အုပ္ခ်ဳပ္ေရးအရာရွိမ်ား၊ ဘုရင္ခံမ်ားႏွင့္ အႀကီးအကဲမ်ားထံသို႔ အမိန႔္စာကိုေရးသားေပးပို႔ေစ၏။ ထိုစာကို ေဒသအလိုက္ သူ႔စာေပ၊ လူမ်ိဳးအလိုက္သူ႔ဘာသာစကားျဖင့္လည္းေကာင္း၊ ဂ်ဴးလူမ်ိဳးအတြက္လည္း သူ႔စာေပ၊ သူ႔ဘာသာစကားျဖင့္လည္းေကာင္း ေမာ္ဒကဲေျပာၾကားသမွ်အတိုင္း ေရးသား၏။