Esther 9:2 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
အင်ပါယာနိုင်ငံတော်အတွင်းမြို့တိုင်း၌ ယုဒအမျိုးသားများသည် ဘေးအန္တရာယ် ပြုမည့်သူတို့ကိုတိုက်ခိုက်ရန်မိမိတို့ရပ် ကွက်များတွင်စုရုံးလျက်နေကြ၏။ အရပ် ရပ်ရှိလူတို့သည်သူတို့အားကြောက်လန့် ကြ၏။ အဘယ်သူမျှသူတို့ကိုခုခံ တိုက်ခိုက်နိုင်စွမ်းမရှိချေ။-
Burmese 1835 Version Judson
ရှင်ဘုရင်အာရွှေရု၏ နိုင်ငံတော် အပြည်ပြည် အမြို့မြို့၌နေသော ယုဒလူတို့သည်၊ ညှဉ်းဆဲလိုသော သူတို့ကို ဆီးတားခြင်းငှါ စုဝေးကြ၏။ ပြည်သူပြည်သား အပေါင်းတို့သည် ကြောက်ရွံ့သောကြောင့်၊ အဘယ်သူမျှ ရန်မပြုဝံ့ဘဲနေကြ၏။
Burmese 1928
အာ ရွှေ ရု မင်း ပိုင် ပြည် ထောင် တ ကာ အ တွင်း၊ မြို့ ရွာ တိုင်း ရှိ ယု ဒ လူ မျိုး တို့ သည်၊ အ သက် အ န္တ ရာယ် ရှာ ကြံ သူ တို့ ကို လက် ရောက် ပြု စေ ခြင်း ငှာ စု ရုံး ကြ ရာ၊ လူ အ မျိုး မျိုး ကြောက် ရွံ့ သ ဖြင့်၊ မည် သူ မျှ မ ခံ မ ရပ် နိုင် ချေ။
Burmese 2021
ရှင်ဘုရင်အာရွှေရု၏ နိုင်ငံတော် အပြည်ပြည် အမြို့မြို့၌နေသော ယုဒလူတို့သည်၊ ညှဉ်းဆဲလိုသော သူတို့ကို ဆီးတားခြင်းငှာ စုဝေးကြ၏။ ပြည်သူပြည်သား အပေါင်းတို့သည် ကြောက်ရွံ့သောကြောင့်၊ အဘယ်သူမျှ ရန်မပြုဝံ့ဘဲ နေကြ၏။
Burmese JBZV
ရွင္ဘုရင္အာေရႊ႐ု၏ နိုင္ငံေတာ္ အျပည္ျပည္ အၿမိဳ႕ၿမိဳ႕၌ေနေသာ ယုဒလူတို႔သည္၊ ညႇဥ္းဆဲလိုေသာ သူတို႔ကို ဆီးတားျခင္းငွာ စုေဝးၾက၏။ ျပည္သူျပည္သား အေပါင္းတို႔သည္ ေၾကာက္ရြံ့ေသာေၾကာင့္၊ အဘယ္သူမၽွ ရန္မျပဳဝံ့ဘဲ ေနၾက၏။
Burmese MCLZV
အင္ပါယာနိုင္ငံေတာ္အတြင္းၿမိဳ႕တိုင္း၌ ယုဒအမ်ိဳးသားမ်ားသည္ ေဘးအႏၲရာယ္ ျပဳမည့္သူတို႔ကိုတိုက္ခိုက္ရန္မိမိတို႔ရပ္ ကြက္မ်ားတြင္စု႐ုံးလ်က္ေနၾက၏။ အရပ္ ရပ္ရွိလူတို႔သည္သူတို႔အားေၾကာက္လန႔္ ၾက၏။ အဘယ္သူမၽွသူတို႔ကိုခုခံ တိုက္ခိုက္နိုင္စြမ္းမရွိေခ်။-
Burmese MSBU
အာရွှေရုမင်းကြီး၏နယ်မြေဒေသအသီးသီးရှိ ဂျူးလူမျိုးတို့သည် မိမိတို့အား လုပ်ကြံသတ်ဖြတ်မည့်သူတို့ကို ပြန်လည်တိုက်ခိုက်ရန် မိမိတို့၏မြို့ရွာတို့တွင် စုရုံးကြ၏။ လူအပေါင်းတို့သည် ဂျူးလူမျိုးတို့ကိုကြောက်ရွံ့ကြသဖြင့် မည်သူမျှ သူတို့ကို မတိုက်ခိုက်ဝံ့ကြပေ။
Burmese MSBZ
အာေ႐ႊ႐ုမင္းႀကီး၏နယ္ေျမေဒသအသီးသီးရွိ ဂ်ဴးလူမ်ိဳးတို႔သည္ မိမိတို႔အား လုပ္ႀကံသတ္ျဖတ္မည့္သူတို႔ကို ျပန္လည္တိုက္ခိုက္ရန္ မိမိတို႔၏ၿမိဳ႕႐ြာတို႔တြင္ စု႐ုံးၾက၏။ လူအေပါင္းတို႔သည္ ဂ်ဴးလူမ်ိဳးတို႔ကိုေၾကာက္႐ြံ႕ၾကသျဖင့္ မည္သူမွ် သူတို႔ကို မတိုက္ခိုက္ဝံ့ၾကေပ။