Exodus 1:19 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ထိုအခါဝမ်းဆွဲတို့က``ဟေဗြဲအမျိုးသမီးတို့သည် အီဂျစ်အမျိုးသမီးတို့နှင့်မတူပါ။ သူတို့သည်သားဖွားလွယ်ကြသဖြင့်ဝမ်းဆွဲမရောက်မီ ကလေးကိုဖွားနှင့်ပြီးဖြစ်ပါသည်'' ဟုလျှောက်ထားကြ၏။-
Burmese 1835 Version Judson
ဝမ်းဆွဲမတို့က၊ ဟေဗြဲမိန်းမတို့သည်၊ အဲဂုတ္တု၊ မိန်းမကဲ့သို့မဟုတ်၊ သန်စွမ်းသောကြောင့်၊ ဝမ်းဆွဲမ မရောက်မှီ သားကိုဘွားတတ်ကြ၏ဟု ပြန်လျှောက်လေ၏။
Burmese 1928
လက် သည် တို့ က၊ ဟေ ဗြဲ မိန်း မ တို့ ကား အိ ဂျစ် မိန်း မ ကဲ့ သို့ မ ဟုတ်၊ သား မွေး လွယ် သော ကြောင့် လက် သည် တို့ မ ရောက် မီ ဖွား တတ် ကြ ပါ သ တည်း ဟု တင် လျှောက် ကြ ၏။
Burmese 2021
ဝမ်းဆွဲမတို့က၊ ဟေဗြဲမိန်းမတို့သည်၊ အဲဂုတ္တုမိန်းမကဲ့သို့မဟုတ်၊ သန်စွမ်းသောကြောင့်၊ ဝမ်းဆွဲမ မရောက်မီ သားကိုဖွားတတ်ကြ၏ဟု ပြန်လျှောက်လေ၏။
Burmese JBZV
ဝမ္းဆြဲမတို႔က၊ ေဟျဗဲမိန္းမတို႔သည္၊ အဲဂုတၱဳမိန္းမကဲ့သို႔မဟုတ္၊ သန္စြမ္းေသာေၾကာင့္၊ ဝမ္းဆြဲမ မေရာက္မီ သားကိုဖြားတတ္ၾက၏ဟု ျပန္ေလၽွာက္ေလ၏။
Burmese MCLZV
ထိုအခါဝမ္းဆြဲတို႔က``ေဟျဗဲအမ်ိဳးသမီး တို႔သည္ အီဂ်စ္အမ်ိဳးသမီးတို႔ႏွင့္မတူပါ။ သူတို႔သည္သားဖြားလြယ္ၾကသျဖင့္ဝမ္းဆြဲ မေရာက္မီ ကေလးကိုဖြားႏွင့္ၿပီးျဖစ္ပါ သည္'' ဟုေလၽွာက္ထားၾက၏။-
Burmese MSBU
ဝမ်းဆွဲတို့ကလည်း ဖာရောမင်းကြီးအား “ဟေဗြဲအမျိုးသမီးတို့သည် အီဂျစ်အမျိုးသမီးတို့နှင့်မတူပါ။ သူတို့သည် သန်စွမ်းသောကြောင့် ဝမ်းဆွဲမရောက်မီ သားဖွားတတ်ကြပါ၏”ဟု ပြန်လျှောက်ကြ၏။
Burmese MSBZ
ဝမ္းဆြဲတို႔ကလည္း ဖာေရာမင္းႀကီးအား “ေဟၿဗဲအမ်ိဳးသမီးတို႔သည္ အီဂ်စ္အမ်ိဳးသမီးတို႔ႏွင့္မတူပါ။ သူတို႔သည္ သန္စြမ္းေသာေၾကာင့္ ဝမ္းဆြဲမေရာက္မီ သားဖြားတတ္ၾကပါ၏”ဟု ျပန္ေလွ်ာက္ၾက၏။