Exodus 13:15 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
အီဂျစ်ဘုရင်သည်ခေါင်းမာ၍ငါတို့အား သွားခွင့်မပေးသောအခါ ထာဝရဘုရား သည်အီဂျစ်ပြည်၌ရှိသောလူနှင့်တိရစ္ဆာန် တို့၏သားဦးပေါက်မှန်သမျှတို့ကိုသေ ဒဏ်စီရင်တော်မူ၏။ ထိုအကြောင်းကြောင့် ငါတို့သည်တိရစ္ဆာန်သားဦးပေါက်မှန်သမျှ ကို ထာဝရဘုရားအားယဇ်ပူဇော်ရ၏။ သို့သော်လည်းငါတို့၏သားဦးများကို ပြန်၍ရွေးယူကြသည်။-
Burmese 1835 Version Judson
ဖာရောဘုရင်သည်၊ ငါတို့ကို အလွယ်တကူ မလွှတ်ဘဲနေသောအခါ၊ အဲဂုတ္တုပြည်၌ လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ သားဦးအပေါင်းတို့ကို ထာဝရဘုရား ကွပ်မျက်တော်မူ၏။ ထိုကြောင့် အဦးဘွားသော တိရစ္ဆာန် အထီးရှိသမျှတို့ကို ထာဝရဘုရားအား ယဇ်ပူဇော်ရမည်။ ကိုယ်သားတို့တွင် သားဦးကို ရွေးရမည်ဟု ပြန်ဆိုရမည်။
Burmese 1928
ခွင့် လွှတ် ခြင်း အ မှု၌ ဖာ ရော မင်း ခဲ ယဉ်း သည် နှင့် အိ ဂျစ် ပြည် တွင် လူ နှင့် တိ ရ စ္ဆာန် တို့ သား ဦး အ ပေါင်း ကို ကွပ် မျက် တော် မူ သော ကြောင့် အ ဦး ဖွား သော အ ထီး ဟူ သ မျှ ကို ထာ ဝ ရ ဘု ရား ထံ ပူ ဇော် ရ မည်။ အ ဦး ဖွား သော သား အ ပေါင်း ကို ကား ရွေး နုတ် လေ့ ရှိ သည် ဟု သင် တို့ ပြန် ဆို ကြ ရ မည်။
Burmese 2021
ဖာရောဘုရင်သည်၊ ငါတို့ကို အလွယ်တကူမလွှတ်ဘဲနေသောအခါ၊ အဲဂုတ္တုပြည်၌လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ သားဦးအပေါင်းတို့ကို ထာဝရဘုရား ကွပ်မျက်တော်မူ၏။ ထိုကြောင့် အဦးဖွားသော တိရစ္ဆာန်အထီးရှိသမျှတို့ကို ထာဝရဘုရားအားယဇ်ပူဇော်ရမည်။ ကိုယ်သားတို့တွင် သားဦးကိုရွေးရမည်ဟု ပြန်ဆိုရမည်။
Burmese JBZV
ဖာေရာဘုရင္သည္၊ ငါတို႔ကို အလြယ္တကူမလႊတ္ဘဲေနေသာအခါ၊ အဲဂုတၱဳျပည္၌လူျဖစ္ေစ၊ တိရစၧာန္ျဖစ္ေစ၊ သားဦးအေပါင္းတို႔ကို ထာဝရဘုရား ကြပ္မ်က္ေတာ္မူ၏။ ထိုေၾကာင့္ အဦးဖြားေသာ တိရစၧာန္အထီးရွိသမၽွတို႔ကို ထာဝရဘုရားအားယဇ္ပူေဇာ္ရမည္။ ကိုယ္သားတို႔တြင္ သားဦးကိုေရြးရမည္ဟု ျပန္ဆိုရမည္။
Burmese MCLZV
အီဂ်စ္ဘုရင္သည္ေခါင္းမာ၍ငါတို႔အား သြားခြင့္မေပးေသာအခါ ထာဝရဘုရား သည္အီဂ်စ္ျပည္၌ရွိေသာလူႏွင့္တိရစၧာန္ တို႔၏သားဦးေပါက္မွန္သမၽွတို႔ကိုေသ ဒဏ္စီရင္ေတာ္မူ၏။ ထိုအေၾကာင္းေၾကာင့္ ငါတို႔သည္တိရစၧာန္သားဦးေပါက္မွန္သမၽွ ကို ထာဝရဘုရားအားယဇ္ပူေဇာ္ရ၏။ သို႔ေသာ္လည္းငါတို႔၏သားဦးမ်ားကို ျပန္၍ေရြးယူၾကသည္။-
Burmese MSBU
ဖာရောမင်းကြီးသည် ငါတို့ကို လွှတ်ပေးရန် ငြင်းဆန်သောအခါ ထာဝရဘုရားသည် လူတို့၏သားဦးမှစ၍ တိရစ္ဆာန်တို့၏သားဦးတိုင်အောင် အီဂျစ်ပြည်၌ရှိသောသားဦးအားလုံးကို ကွပ်မျက်တော်မူ၏။ ထို့ကြောင့် သားအိမ်မှအဦးဆုံးထွက်လာသောအထီးရှိသမျှတို့ကို ငါတို့သည် ထာဝရဘုရားအားယဇ်ပူဇော်ရ၏။ ငါတို့၏သားယောက်ျားများထဲမှ သားဦးရှိသမျှတို့ကို ပြန်ရွေးရ၏’ ဟု သူတို့အား ပြန်ပြောရမည်။
Burmese MSBZ
ဖာေရာမင္းႀကီးသည္ ငါတို႔ကို လႊတ္ေပးရန္ ျငင္းဆန္ေသာအခါ ထာဝရဘုရားသည္ လူတို႔၏သားဦးမွစ၍ တိရစာၦန္တို႔၏သားဦးတိုင္ေအာင္ အီဂ်စ္ျပည္၌ရွိေသာသားဦးအားလုံးတို႔ကို ကြပ္မ်က္ေတာ္မူ၏။ ထို႔ေၾကာင့္ သားအိမ္မွအဦးဆုံးထြက္လာေသာအထီးရွိသမွ်တို႔ကို ငါတို႔သည္ ထာဝရဘုရားအားယဇ္ပူေဇာ္ရ၏။ ငါတို႔၏သားေယာက္်ားမ်ားထဲမွ သားဦးရွိသမွ်တို႔ကို ျပန္ေ႐ြးရ၏’ ဟု သူတို႔အား ျပန္ေျပာရမည္။