Exodus 18:1 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
မိဒျန်ပြည်မှယဇ်ပုရောဟိတ်ဖြစ်သူမောရှေ ၏ယောက္ခမယေသရောသည် ဣသရေလအမျိုး သားတို့ကိုအီဂျစ်ပြည်မှထုတ်ဆောင်တော်မူ ခဲ့စဉ်က မောရှေနှင့်ဣသရေလအမျိုးသား တို့အားထာဝရဘုရားမည်ကဲ့သို့ကျေးဇူး ပြုတော်မူကြောင်းကိုကြားသိရ၏။-
Burmese 1835 Version Judson
ဘုရားသခင်သည် မောရှေမှစ၍ ကိုယ်တော်၏ လူဣသရေလအမျိုးအဘို့ ပြုတော်မူသမျှကို၎င်း၊ ထာဝရဘုရားသည် ဣသရေလအမျိုးကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူကြောင်းကို၎င်း၊ မိဒျန် ယဇ်ပုရောဟိတ်ဖြစ်သော မောရှေ၏ ယောက္ခမ ယေသရော ကြားသည်ရှိသော်၊
Burmese 1928
ဣ သ ရေ လ လူ တို့ ကို အိ ဂျစ် ပြည် မှ ထာ ဝ ရ ဘု ရား ထုတ် ဆောင် တော် မူ ရာ မော ရှေ နှင့် အ မျိုး သား ချင်း ဣ သ ရေ လ လူ တို့ အ ဖို့ ဘု ရား သ ခင် ပြု တော် မူ သ မျှ ကို မော ရှေ့ ယော က္ခ မ ဖြစ် သူ မိ ဒျန် ပ ရော ဟိတ် ယေ သ ရော ကြား သော်၊
Burmese 2021
ဘုရားသခင်သည် မောရှေမှစ၍ ကိုယ်တော်၏လူ ဣသရေလအမျိုးအဖို့ ပြုတော်မူသမျှကိုလည်းကောင်း၊ ထာဝရဘုရားသည် ဣသရေလအမျိုးကိုအဲဂုတ္တုပြည်မှ နုတ်ဆောင်တော်မူကြောင်းကိုလည်းကောင်း၊ မိဒျန်ယဇ်ပုရောဟိတ်ဖြစ်သော မောရှေ၏ယောက္ခမ ယေသရောကြားသည်ရှိသော်၊
Burmese JBZV
ဘုရားသခင္သည္ ေမာေရွမွစ၍ ကိုယ္ေတာ္၏လူ ဣသေရလအမ်ိဳးအဖို႔ ျပဳေတာ္မူသမၽွကိုလည္းေကာင္း၊ ထာဝရဘုရားသည္ ဣသေရလအမ်ိဳးကိုအဲဂုတၱဳျပည္မွ ႏုတ္ေဆာင္ေတာ္မူေၾကာင္းကိုလည္းေကာင္း၊ မိဒ်န္ယဇ္ပုေရာဟိတ္ျဖစ္ေသာ ေမာေရွ၏ေယာကၡမ ေယသေရာၾကားသည္ရွိေသာ္၊
Burmese MCLZV
မိဒ်န္ျပည္မွယဇ္ပုေရာဟိတ္ျဖစ္သူေမာေရွ ၏ေယာကၡမေယသေရာသည္ ဣသေရလအမ်ိဳး သားတို႔ကိုအီဂ်စ္ျပည္မွထုတ္ေဆာင္ေတာ္မူ ခဲ့စဥ္က ေမာေရွႏွင့္ဣသေရလအမ်ိဳးသား တို႔အားထာဝရဘုရားမည္ကဲ့သို႔ေက်းဇူး ျပဳေတာ္မူေၾကာင္းကိုၾကားသိရ၏။-
Burmese MSBU
ဘုရားသခင်က မောရှေနှင့် မိမိ၏လူမျိုးတော်အစ္စရေးတို့အား ပြုပေးခဲ့သောအရာအားလုံးနှင့် ထာဝရဘုရားက အစ္စရေးလူမျိုးတို့အား အီဂျစ်ပြည်မှ မည်သို့ထုတ်ဆောင်လာခဲ့သည်ကို မောရှေ၏ယောက္ခမ မိဒျန်ယဇ်ပုရောဟိတ်ယေသရော ကြားသိရ၏။
Burmese MSBZ
ဘုရားသခင္က ေမာေရွႏွင့္ မိမိ၏လူမ်ိဳးေတာ္အစၥေရးတို႔အား ျပဳေပးခဲ့ေသာအရာအားလုံးႏွင့္ ထာဝရဘုရားက အစၥေရးလူမ်ိဳးတို႔အား အီဂ်စ္ျပည္မွ မည္သို႔ထုတ္ေဆာင္လာခဲ့သည္ကို ေမာေရွ၏ေယာကၡမ မိဒ်န္ယဇ္ပုေရာဟိတ္ေယသေရာ ၾကားသိရ၏။