Exodus 2:11 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ကာ​လ​အ​တန်​ကြာ​၍​မော​ရှေ​သည်​အ​ရွယ် ရောက်​လာ​သော​အ​ခါ၊ သူ​၏​အ​မျိုး​သား​တို့ ထံ​သို့​သွား​ရောက်​လည်​ပတ်​လေ​၏။ သူ​သည် မိ​မိ​၏​အ​မျိုး​သား​များ​ဆင်း​ရဲ​ပင်​ပန်း​စွာ အ​လုပ်​ကြမ်း​လုပ်​နေ​ရ​သည်​ကို​တွေ့​မြင်​ရ​၏။ အီ​ဂျစ်​အ​မျိုး​သား​တစ်​ဦး​က​သူ​၏​အ​မျိုး သား​ဟေ​ဗြဲ​လူ​မျိုး​တစ်​ယောက်​အား​ရိုက်​နှက် နေ​သည်​ကို​မြင်​ရ​သော​အ​ခါ၊-
Burmese 1835 Version Judson
မောရှေသည် ကြီးသောအခါ၊ မိမိအမျိုးသားချင်းတို့ရှိရာသို့ သွား၍ သူတို့အမှုထမ်းရသောအခြင်း အရာတို့ကို ကြည့်ရှုလေ၏။ မိမိအမျိုးသားဟေဗြဲ လူတယောက်ကို၊ အဲဂုတ္တုလူရိုက်သည်ကိုမြင်လျှင်၊
Burmese 1928
မော ရှေ သည် အ ရွယ် ရောက် သော အ ခါ ကိုယ့် အ မျိုး သား ချင်း တို့ ရှိ ရာ သို့ သွား၍ ၎င်း တို့ အ လုပ် ဝန် များ ကို ကြည့် ရှု ရာ၊ အ မျိုး သား ချင်း ဖြစ် သော ဟေ ဗြဲ လူ တစ် ယောက် ကို အိ ဂျစ် လူ ရိုက် နှက် သည် ကို မြင် လျှင်၊
Burmese 2021
မော​ရှေ​သည်​ကြီး​သော​အ​ခါ၊ မိ​မိ​အ​မျိုး​သား​ချင်း​တို့​ရှိ​ရာ​သို့​သွား၍ သူ​တို့​အ​မှု​ထမ်း​ရ​သော​အ​ခြင်း​အ​ရာ​တို့​ကို ကြည့်​ရှု​လေ၏။ မိ​မိ​အ​မျိုး​သား​ဟေ​ဗြဲ လူ​တစ်​ယောက်​ကို၊ အဲ​ဂု​တ္တု​လူ​ရိုက်​သည်​ကို​မြင်​လျှင်၊
Burmese JBZV
ေမာ​ေရွ​သည္​ႀကီး​ေသာ​အ​ခါ၊ မိ​မိ​အ​မ်ိဳး​သား​ခ်င္း​တို႔​ရွိ​ရာ​သို႔​သြား၍ သူ​တို႔​အ​မွု​ထမ္း​ရ​ေသာ​အ​ျခင္း​အ​ရာ​တို႔​ကို ၾကည့္​ရွု​ေလ၏။ မိ​မိ​အ​မ်ိဳး​သား​ေဟ​ျဗဲ လူ​တစ္​ေယာက္​ကို၊ အဲ​ဂု​တၱဳ​လူ​ရိုက္​သည္​ကို​ျမင္​လၽွင္၊
Burmese MCLZV
ကာ​လ​အ​တန္​ၾကာ​၍​ေမာ​ေရွ​သည္​အ​ရြယ္ ေရာက္​လာ​ေသာ​အ​ခါ၊ သူ​၏​အ​မ်ိဳး​သား​တို႔ ထံ​သို႔​သြား​ေရာက္​လည္​ပတ္​ေလ​၏။ သူ​သည္ မိ​မိ​၏​အ​မ်ိဳး​သား​မ်ား​ဆင္း​ရဲ​ပင္​ပန္း​စြာ အ​လုပ္​ၾကမ္း​လုပ္​ေန​ရ​သည္​ကို​ေတြ႕​ျမင္​ရ​၏။ အီ​ဂ်စ္​အ​မ်ိဳး​သား​တစ္​ဦး​က​သူ​၏​အ​မ်ိဳး သား​ေဟ​ျဗဲ​လူ​မ်ိဳး​တစ္​ေယာက္​အား​ရိုက္​ႏွက္ ေန​သည္​ကို​ျမင္​ရ​ေသာ​အ​ခါ၊-
Burmese MSBU
မောရှေ​အရွယ်​ရောက်​ပြီးနောက် တစ်နေ့သောအခါ သူ​သည် မိမိ အမျိုးသားချင်း​များ ​ထံသို့​သွား​ရာ သူ​တို့​သည် ကြမ်းတမ်း​သော​အလုပ်​များ လုပ်​ရ​သည်​ကို​မြင်​လေ​၏​။ ထို​အချိန်​၌ မိမိ​အမျိုးသားချင်း​ဖြစ်​သော ဟေဗြဲ​အမျိုးသား​တစ်​ဦး​ကို အီဂျစ်​အမျိုးသား​တစ်​ဦး​က ရိုက်နှက်​နေ​သည်​ကို​မြင်​လျှင်
Burmese MSBZ
ေမာေရွ​အ႐ြယ္​ေရာက္​ၿပီးေနာက္ တစ္ေန႔ေသာအခါ သူ​သည္ မိမိ အမ်ိဳးသားခ်င္း​မ်ား ​ထံသို႔​သြား​ရာ သူ​တို႔​သည္ ၾကမ္းတမ္း​ေသာ​အလုပ္​မ်ား လုပ္​ရ​သည္​ကို​ျမင္​ေလ​၏​။ ထို​အခ်ိန္​၌ မိမိ​အမ်ိဳးသားခ်င္း​ျဖစ္​ေသာ ေဟၿဗဲ​အမ်ိဳးသား​တစ္​ဦး​ကို အီဂ်စ္​အမ်ိဳးသား​တစ္​ဦး​က ႐ိုက္ႏွက္​ေန​သည္​ကို​ျမင္​လွ်င္