Exodus 24:14 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
မောရှေကဣသရေလအမျိုးသားခေါင်းဆောင် တို့အား``ငါတို့ပြန်ရောက်သည့်တိုင်အောင်ဤ အရပ်တွင်စောင့်ဆိုင်းနေကြလော့။ သင်တို့တွင် အငြင်းအခုံတစ်ခုခုပေါ်ပေါက်လျှင် အာရုန် နှင့်ဟုရတို့ထံသွား၍အဆုံးအဖြတ်ခံယူ ကြလော့'' ဟုမှာကြားခဲ့လေသည်။
Burmese 1835 Version Judson
အသက်ကြီးသူတို့အားလည်း၊ ငါတို့မလာမှီတိုင်အောင် ဤအရပ်၌ ငံ့နေကြလော့။ အာရုန်နှင့် ဟုရသည် သင်တို့၌ ရှိသည်ဖြစ်၍၊ မည်သည့်သူမဆို အမှုအခင်းရှိလျှင်၊ သူတို့ထံသို့ သွားစေဟု မှာထားလေ၏။
Burmese 1928
လူ ကြီး တို့ အား ငါ တို့ ပြန် လာ သည့် တိုင် အောင် ဤ အ ရပ်၌ စောင့် နေ ကြ လော့။ အာ ရုန် နှင့် ဟု ရ တို့ သည် သင် တို့ နှင့် အ တူ ရှိ သည် ဖြစ်၍ မည် သူ မ ဆို အ မှု ရှိ လျှင် သူ တို့ ထံ သွား စေ ဟု မှာ ထား ပြီး မှ၊
Burmese 2021
အသက်ကြီးသူတို့အားလည်း၊ ငါတို့မလာမီတိုင်အောင် ဤအရပ်၌ ငံ့နေကြလော့။ အာရုန်နှင့်ဟုရသည် သင်တို့၌ရှိသည်ဖြစ်၍၊ မည်သည့်သူမဆို အမှုအခင်းရှိလျှင်၊ သူတို့ထံသို့သွားစေဟု မှာထားလေ၏။
Burmese JBZV
အသက္ႀကီးသူတို႔အားလည္း၊ ငါတို႔မလာမီတိုင္ေအာင္ ဤအရပ္၌ ငံ့ေနၾကေလာ့။ အာ႐ုန္ႏွင့္ဟုရသည္ သင္တို႔၌ရွိသည္ျဖစ္၍၊ မည္သည့္သူမဆို အမွုအခင္းရွိလၽွင္၊ သူတို႔ထံသို႔သြားေစဟု မွာထားေလ၏။
Burmese MCLZV
ေမာေရွကဣသေရလအမ်ိဳးသားေခါင္းေဆာင္ တို႔အား``ငါတို႔ျပန္ေရာက္သည့္တိုင္ေအာင္ဤ အရပ္တြင္ေစာင့္ဆိုင္းေနၾကေလာ့။ သင္တို႔တြင္ အျငင္းအခုံတစ္ခုခုေပၚေပါက္လၽွင္ အာ႐ုန္ ႏွင့္ဟုရတို႔ထံသြား၍အဆုံးအျဖတ္ခံယူ ၾကေလာ့'' ဟုမွာၾကားခဲ့ေလသည္။
Burmese MSBU
မောရှေက သက်ကြီးဝါကြီးတို့အား “သင်တို့ထံသို့ ငါတို့ပြန်လာသည့်တိုင်အောင် ဤနေရာ၌ ငါတို့ကိုစောင့်နေကြလော့။ ကြည့်လော့။ အာရုန်နှင့်ဟုရတို့သည် သင်တို့နှင့်အတူရှိသည်ဖြစ်၍ မည်သူမဆို အမှုအခင်းရှိလျှင် သူတို့ထံသို့သွားစေ”ဟု မှာကြားခဲ့၏။
Burmese MSBZ
ေမာေရွက သက္ႀကီးဝါႀကီးတို႔အား “သင္တို႔ထံသို႔ ငါတို႔ျပန္လာသည့္တိုင္ေအာင္ ဤေနရာ၌ ငါတို႔ကိုေစာင့္ေနၾကေလာ့။ ၾကည့္ေလာ့။ အာ႐ုန္ႏွင့္ဟုရတို႔သည္ သင္တို႔ႏွင့္အတူရွိသည္ျဖစ္၍ မည္သူမဆို အမႈအခင္းရွိလွ်င္ သူတို႔ထံသို႔သြားေစ”ဟု မွာၾကားခဲ့၏။