Exodus 29:5 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ထိုနောက်ယဇ်ပုရောဟိတ်အဝတ်တန်ဆာ များဖြစ်သောအင်္ကျီ၊ ဝတ်ရုံ၊ သင်တိုင်းနှင့် ရင်ဖုံးတို့ကိုအာရုန်အားဝတ်ဆင်ပေး၍ ရင်စည်းကိုပေးရမည်။-
Burmese 1835 Version Judson
အဝတ်တန်ဆာများကိုယူ၍၊ အင်္ကျီ၊ ဝတ်လုံ၊ သင်တိုင်း၊ ရင်ဖုံးနှင့် အာရုန်ကို ဝတ်စေ၍၊ ထူးဆန်းသော သင်တိုင်းရင်စည်းနှင့် စည်းရမည်။
Burmese 1928
သင်္ကန်း စုံ ကို ယူ လျက် အာ ရုန် ၌ လက် ကျပ် ဝတ် လုံ၊ ကိုယ် ဝတ် ဆိုင် ရာ ဝတ် လုံ၊ ကိုယ် ဝတ်၊ ရင် လွှမ်း များ ဆင် ယင် ခြင်း၊
Burmese 2021
အဝတ်တန်ဆာများကိုယူ၍၊ အင်္ကျီ၊ ဝတ်လုံ၊ သင်တိုင်း၊ ရင်ဖုံးနှင့် အာရုန်ကိုဝတ်စေ၍၊ ထူးဆန်းသောသင်တိုင်းရင်စည်းနှင့် စည်းရမည်။
Burmese JBZV
အဝတ္တန္ဆာမ်ားကိုယူ၍၊ အကၤ်ီ၊ ဝတ္လုံ၊ သင္တိုင္း၊ ရင္ဖုံးႏွင့္ အာ႐ုန္ကိုဝတ္ေစ၍၊ ထူးဆန္းေသာသင္တိုင္းရင္စည္းႏွင့္ စည္းရမည္။
Burmese MCLZV
ထိုေနာက္ယဇ္ပုေရာဟိတ္အဝတ္တန္ဆာ မ်ားျဖစ္ေသာအကၤ်ီ၊ ဝတ္႐ုံ၊ သင္တိုင္းႏွင့္ ရင္ဖုံးတို႔ကိုအာ႐ုန္အားဝတ္ဆင္ေပး၍ ရင္စည္းကိုေပးရမည္။-
Burmese MSBU
အဝတ်တန်ဆာကိုယူ၍ အာရုန်အား အတွင်းသင်တိုင်း၊ ဧဖုဒ် အောက်ရှိဝတ်လုံ၊ ဧဖုဒ် နှင့် ရင်ခံပြားတို့ကို ဝတ်ဆင်ပေးပြီး ရင်ခံပြားကို ဧဖုဒ် ၏ခါးပတ်ပြားဖြင့် တွဲချည်ရမည်။
Burmese MSBZ
အဝတ္တန္ဆာကိုယူ၍ အာ႐ုန္အား အတြင္းသင္တိုင္း၊ ဧဖုဒ္ ေအာက္ရွိဝတ္လုံ၊ ဧဖုဒ္ ႏွင့္ ရင္ခံျပားတို႔ကို ဝတ္ဆင္ေပးၿပီး ရင္ခံျပားကို ဧဖုဒ္ ၏ခါးပတ္ျပားျဖင့္ တြဲခ်ည္ရမည္။