Exodus 29:9 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ခါးပန်းကိုစည်းပေးလော့။ ဦးထုပ်ရှည်များ ကိုဆောင်းပေးလော့။ သင်သည်ဤသို့လျှင် အာရုန်နှင့်သူ၏သားများတို့ကိုဘိသိက် ပေးရမည်။ သူတို့နှင့်သူတို့၏အဆက် အနွယ်တို့သည် ယဇ်ပုရောဟိတ်အဖြစ်ဖြင့် ငါ၏အမှုတော်ကိုအစဉ်ထာဝရ ဆောင်ရွက်ရမည်။
Burmese 1835 Version Judson
ခါးပန်းကိုလည်း စည်း၍၊ ဦးထုပ်ကိုလည်း ဆောင်းစေပြီးလျှင်။ သူတို့သည် ထာဝရပညတ်တော် အတိုင်း ယဇ်ပုရောဟိတ်အရာကို ဆိုင်ရမည်။ ထိုသို့ အာရုန်နှင့် သူ၏သားတို့ကို၊ ယဇ်ပုရောဟိတ် အရာ၌ ခန့်ထားရမည်။
Burmese 1928
အာ ရုန် နှင့် သား တို့ ကို ခါး ပန်း စည်း စေ လျက်၊ ဦး ရစ် ပေါင်း စေ သ ဖြင့် သူ တို့ သည် အ မြဲ ထုံး ဖွဲ့ ချက် အ တိုင်း ပ ရော ဟိတ် ရာ ထူး ကို ရ ရှိ ကြ လိမ့် မည်။ အာ ရုန် နှင့် သား တို့ ကို ထို သို့ ပင် ခန့် ထား လော့။
Burmese 2021
ခါးပန်းကိုလည်းစည်း၍၊ ဦးထုပ်ကိုလည်းဆောင်းစေပြီးလျှင်၊ သူတို့သည် ထာဝရပညတ်တော်အတိုင်း ယဇ်ပုရောဟိတ်အရာကိုဆိုင်ရမည်။ ထိုသို့ အာရုန်နှင့်သူ၏သားတို့ကို၊ ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားရမည်။
Burmese JBZV
ခါးပန္းကိုလည္းစည္း၍၊ ဦးထုပ္ကိုလည္းေဆာင္းေစၿပီးလၽွင္၊ သူတို႔သည္ ထာဝရပညတ္ေတာ္အတိုင္း ယဇ္ပုေရာဟိတ္အရာကိုဆိုင္ရမည္။ ထိုသို႔ အာ႐ုန္ႏွင့္သူ၏သားတို႔ကို၊ ယဇ္ပုေရာဟိတ္အရာ၌ ခန္႔ထားရမည္။
Burmese MCLZV
ခါးပန္းကိုစည္းေပးေလာ့။ ဦးထုပ္ရွည္မ်ား ကိုေဆာင္းေပးေလာ့။ သင္သည္ဤသို႔လၽွင္ အာ႐ုန္ႏွင့္သူ၏သားမ်ားတို႔ကိုဘိသိက္ ေပးရမည္။ သူတို႔ႏွင့္သူတို႔၏အဆက္ အႏြယ္တို႔သည္ ယဇ္ပုေရာဟိတ္အျဖစ္ျဖင့္ ငါ၏အမွုေတာ္ကိုအစဥ္ထာဝရ ေဆာင္ရြက္ရမည္။
Burmese MSBU
အာရုန်နှင့်သူ၏သားတို့အား ခါးစည်းကိုစည်းပေးပြီးလျှင် ခေါင်းပေါင်းပေါင်းပေးရမည်။ အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်နှင့်အညီ ယဇ်ပုရောဟိတ်အရိုက်အရာကို သူတို့ရရှိမည်။ ဤသို့ဖြင့် အာရုန်နှင့်သူ၏သားတို့ကို ခန့်အပ်ထားရမည်။
Burmese MSBZ
အာ႐ုန္ႏွင့္သူ၏သားတို႔အား ခါးစည္းကိုစည္းေပးၿပီးလွ်င္ ေခါင္းေပါင္းေပါင္းေပးရမည္။ အစဥ္အၿမဲလိုက္နာရမည့္ျပ႒ာန္းခ်က္ႏွင့္အညီ ယဇ္ပုေရာဟိတ္အ႐ိုက္အရာကို သူတို႔ရရွိမည္။ ဤသို႔ျဖင့္ အာ႐ုန္ႏွင့္သူ၏သားတို႔ကို ခန႔္အပ္ထားရမည္။