Exodus 31:3 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
သူ​သည် ရွှေ၊ ငွေ၊ ကြေး​ဝါ​တို့​ကို​ပုံ​အ​မျိုး​မျိုး ဖော်​လုပ်​နိုင်​သော​အ​တတ်၊ ကျောက်​မျက်​တို့ ကို​သွေး​၍​စီ​ခြယ်​သော​အ​တတ်၊ သစ်​သား ပန်း​ပု​ထု​သော​အ​တတ်​အ​စ​ရှိ​သည့်​အ​နု ပ​ညာ​အ​တတ်​အ​မျိုး​မျိုး​တို့​ကို​ကျွမ်း​ကျင် ပြောင်​မြောက်​စေ​ခြင်း​ငှာ၊ ငါ​သည်​သူ့​အား အ​စွမ်း​တန်​ခိုး​ကို​ပေး​တော်​မူ​ပြီ။-
Burmese 1835 Version Judson
သူသည် ရွှေငွေကြေးဝါကို လုပ်သော အတတ်၊ ကျောက်ကို သွေး၍ စီသောအတတ်၊
Burmese 1928
လက် မှု ပ ညာ ရှိ စေ ခြင်း ငှါ လည်း ကောင်း၊ ရွှေ ငွေ ကြေး အ လုပ် မှ စ၍ ချယ် စီ ရာ ကျောက် မျက် ကို သွေး ခြင်း၊ သစ် သား ကို ထု လုပ် ခြင်း တည်း ဟူ သော အ လုပ် အ မျိုး မျိုး ကို တတ် မြောက် စေ ခြင်း ငှါ၊ ဉာဏ် ပ ညာ၊ ဉာဏ် ပ ဋိ ဘာန်၊ အ သိ ပ ညာ၊ အ တတ် ပ ညာ ဟူ သ မျှ ကို ပေး ၍ ငါ ဘု ရား ၏ ဝိ ညာဉ် တော် နှင့် ပြည့် စုံ စေ ၏။
Burmese 2021
သူ​သည် ရွှေ​ငွေ​ကြေး​ဝါ​ကို လုပ်​သော​အ​တတ်၊ ကျောက်​ကို​သွေး၍ စီ​သော​အ​တတ်၊ သစ်​သား​ကို ထု​လုပ်​သော​အ​တတ်​နှင့် အ​မျိုး​မျိုး​သော​အ​လုပ်​ကို ထူး​ဆန်း​စွာ လုပ်​တတ်​မည်​အ​ကြောင်း၊ ဉာဏ်​ပ​ညာ​နှင့်​တ​ကွ သိ​ပ္ပံ​အ​တတ်​အ​မျိုး​မျိုး​တို့​ကို​ငါ​ပေး၍ ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​နှင့်​ပြည့်​စုံ​စေ​၏။
Burmese JBZV
သူ​သည္ ေရႊ​ေငြ​ေၾကး​ဝါ​ကို လုပ္​ေသာ​အ​တတ္၊ ေက်ာက္​ကို​ေသြး၍ စီ​ေသာ​အ​တတ္၊ သစ္​သား​ကို ထု​လုပ္​ေသာ​အ​တတ္​ႏွင့္ အ​မ်ိဳး​မ်ိဳး​ေသာ​အ​လုပ္​ကို ထူး​ဆန္း​စြာ လုပ္​တတ္​မည္​အ​ေၾကာင္း၊ ဉာဏ္​ပ​ညာ​ႏွင့္​တ​ကြ သိ​ပၸံ​အ​တတ္​အ​မ်ိဳး​မ်ိဳး​တို႔​ကို​ငါ​ေပး၍ ဘု​ရား​သ​ခင္၏ ဝိ​ညာဥ္​ေတာ္​ႏွင့္​ျပည့္​စုံ​ေစ​၏။
Burmese MCLZV
သူ​သည္ ေရႊ၊ ေငြ၊ ေၾကး​ဝါ​တို႔​ကို​ပုံ​အ​မ်ိဳး​မ်ိဳး ေဖာ္​လုပ္​နိုင္​ေသာ​အ​တတ္၊ ေက်ာက္​မ်က္​တို႔ ကို​ေသြး​၍​စီ​ျခယ္​ေသာ​အ​တတ္၊ သစ္​သား ပန္း​ပု​ထု​ေသာ​အ​တတ္​အ​စ​ရွိ​သည့္​အ​ႏု ပ​ညာ​အ​တတ္​အ​မ်ိဳး​မ်ိဳး​တို႔​ကို​ကၽြမ္း​က်င္ ေျပာင္​ေျမာက္​ေစ​ျခင္း​ငွာ၊ ငါ​သည္​သူ႔​အား အ​စြမ္း​တန္​ခိုး​ကို​ေပး​ေတာ္​မူ​ၿပီ။-
Burmese MSBU
သူ့​ကို ဘုရားသခင်​၏​ဝိညာဉ်​တော်​အားဖြင့် ဉာဏ်ပညာ​နှင့်​ပြည့်ဝ​စေ​၍ တီထွင်နိုင်စွမ်း​၊ သိမြင်နိုင်စွမ်း​ရှိ​စေ​၏​။ လက်မှုအတတ်ပညာ​အမျိုးမျိုး​တို့​ကို တတ်မြောက်​စေ​၏​။
Burmese MSBZ
သူ႔​ကို ဘုရားသခင္​၏​ဝိညာဥ္​ေတာ္​အားျဖင့္ ဉာဏ္ပညာ​ႏွင့္​ျပည့္ဝ​ေစ​၍ တီထြင္ႏိုင္စြမ္း​၊ သိျမင္ႏိုင္စြမ္း​ရွိ​ေစ​၏​။ လက္မႈအတတ္ပညာ​အမ်ိဳးမ်ိဳး​တို႔​ကို တတ္ေျမာက္​ေစ​၏​။