Exodus 32:4 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
အာရုန်သည်နားတောင်းများကိုအရည် ကျိုပြီးလျှင်၊ ရွှေဖြင့်နွားငယ်ပုံသွန်းလုပ် လေ၏။ ထိုနောက်လူအပေါင်းတို့က``ဣသရေလ အမျိုးသားတို့၊ ဤဘုရားသည်သင်တို့အား အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သောငါတို့ ၏ဘုရားဖြစ်သည်'' ဟုဆိုလေ၏။
Burmese 1835 Version Judson
အာရုန်သည်လည်း လက်ခံ၍၊ နွားသငယ် ရုပ်ပုံသဏ္ဌာန်ကို ကညစ်နှင့် ရေးသားပြီးလျှင် သွန်းလေ၏။ လူများတို့ကလည်း အို ဣသရေလအမျိုး၊ ဤဘုရားသည် သင့်ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သော သင်၏ ဘုရားဖြစ်တော်မူသည်ဟု ဆိုကြ၏။
Burmese 1928
အာ ရုန် လက် ခံ ပြီး နောက် နွား ရုပ် ပုံ ကို စူး ဆောက် နှင့် လုပ် ၍ သွန်း လေ၏။ သူ တို့ က လည်း အို ဣ သ ရေ လ လူ မျိုး၊ ဤ ဘု ရား များ သည် သင် တို့ ကို အိ ဂျစ် ပြည် မှ ထုတ် ဆောင် ခဲ့ သော သင် တို့ ဘု ရား များ ဖြစ် သည် ဟု ဝန် ခံ ကြ ကြောင်း အာ ရုန် သိ မြင် လျှင်၊
Burmese 2021
အာရုန်သည်လည်းလက်ခံ၍၊ နွားသငယ်ရုပ်ပုံသဏ္ဌာန်ကို ကညစ်နှင့်ရေးသားပြီးလျှင် သွန်းလေ၏။ လူများတို့ကလည်း အိုဣသရေလအမျိုး၊ ဤဘုရားသည် သင့်ကို အဲဂုတ္တုပြည်မှနုတ်ဆောင်သော သင်၏ဘုရားဖြစ်တော်မူသည်ဟု ဆိုကြ၏။
Burmese JBZV
Burmese MCLZV
Burmese MSBU
အာရုန်သည်လည်း ထိုရွှေတို့ကိုယူပြီး နွားသငယ်ရုပ်တုကို ကညစ်ဖြင့်ပုံဖော်၍ သွန်းလုပ်လေ၏။ ထို့နောက် သူတို့က “အို အစ္စရေးလူမျိုး၊ ဤသည်ကား သင်တို့ကို အီဂျစ်ပြည်မှထုတ်ဆောင်တော်မူသော သင်တို့၏ဘုရားဖြစ်၏”ဟု ဆိုကြ၏။
Burmese MSBZ