Exodus 33:16 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​နှင့်​အ​တူ​ကြွ သွား​တော်​မ​မူ​ပါ​လျှင်၊ ကိုယ်​တော်​သည်​ကိုယ် တော်​၏​လူ​မျိုး​တော်​နှင့်​အ​ကျွန်ုပ်​အား​နှစ် သက်​ကြောင်း​မည်​သို့​သိ​နိုင်​ပါ​မည်​နည်း။ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​နှင့်​အ​တူ​ရှိ​ခြင်း ဖြင့်၊ အ​ကျွန်ုပ်​တို့​သည်​ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး တ​ကာ​တို့​နှင့်​ခြား​နား​ကြောင်း​ကို​သိ​ရ ပါ​မည်'' ဟု​လျှောက်​လေ​၏။
Burmese 1835 Version Judson
အကျွန်ုပ်နှင့် ကိုယ်တော်၏လူတို့သည် ရှေ့တော်၌ မျက်နှာရသောအကြောင်းသည် အဘယ်သို့ ထင်ရှားပါမည်နည်း။ အကျွန်ုပ်တို့နှင့် ကြွသွားတော်မူသောအားဖြင့်သာ ထင်ရှားပါမည် မဟုတ်လော။ ထိုသို့ အကျွန်ုပ်နှင့် ကိုယ်တော်၏လူတို့သည် မြေကြီးပေါ်မှာ ရှိသမျှသောလူတို့နှင့် ခြားနားရပါမည်ဟု လျှောက်ဆို လျှင်၊ -
Burmese 1928
အ ကျွန်ုပ် နှင့် တ ကွ လူ မျိုး တော် သည် ရှေ့ တော်၌ မျက် နှာ သာ ရ ကြောင်း မည် သို့ ထင် ရှား ပါ အံ့ နည်း။ အ ကျွန်ုပ် နှင့် လူ မျိုး တော် လည်း မြေ မျက် နှာ ပြင် ပေါ်၌ ရှိ သ မျှ သော လူ မျိုး တို့ နှင့် ခွဲ ခြား လေ အောင် အ ကျွန်ုပ် တို့ နှင့် အ တူ ကြွ သွား တော် မူ ခြင်း ဖြင့် ထင် ရှား သည် မ ဟုတ် ပါ လော ဟု မေး လျှောက် လေ ၏။
Burmese 2021
အ​ကျွန်ုပ်​နှင့် ကိုယ်​တော်၏​လူ​တို့​သည် ရှေ့​တော်၌​မျက်​နှာ​ရ​သော​အ​ကြောင်း​သည် အ​ဘယ်​သို့​ထင်​ရှား​ပါ​မည်​နည်း။ အ​ကျွန်ုပ်​တို့​နှင့် ကြွ​သွား​တော်​မူ​သော​အား​ဖြင့်​သာ ထင်​ရှား​ပါ​မည်​မ​ဟုတ်​လော။ ထို​သို့ အ​ကျွန်ုပ်​နှင့် ကိုယ်​တော်၏​လူ​တို့​သည် မြေ​ကြီး​ပေါ်​မှာ​ရှိ​သ​မျှ​သော​လူ​တို့​နှင့် ခြား​နား​ရ​ပါ​မည်​ဟု လျှောက်​ဆို​လျှင်၊
Burmese JBZV
Burmese MCLZV
Burmese MSBU
အကျွန်ုပ်​နှင့်​ကိုယ်တော်​၏​လူမျိုး​တော်​သည် ကိုယ်တော်​၏​ရှေ့​တော်​၌ မျက်နှာရ​ကြောင်း​ကို မည်သို့​သိ​ရ​ပါ​မည်နည်း​။ အကျွန်ုပ်​တို့​နှင့်အတူ ကိုယ်တော်​ကြွ​တော်မူ​သော​အားဖြင့်​သာ မ​ဟုတ်​လော​။ ဤသို့ဖြင့် အကျွန်ုပ်​နှင့်​ကိုယ်တော်​၏​လူမျိုး​တော်​သည် ကမ္ဘာမြေ​ပေါ်​ရှိ​လူ​အပေါင်း​တို့​နှင့် ကွဲပြားခြားနား​ပါ​မည်​”​ဟု ကိုယ်တော်​အား​လျှောက်​လေ​၏​။
Burmese MSBZ