Exodus 34:7 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ငါသည်ထောင်သောင်းမကများပြားသော အမျိုးအစဉ်အဆက်တို့အား ငါ၏ကတိ သစ္စာကိုတည်စေမည်။ ငါသည်ဒုစရိုက်နှင့် အပြစ်တို့အတွက်လူတို့အားအပြစ်လွှတ် မည်။ သို့ရာတွင်မိဘတို့၏အပြစ်ကိုသား စဉ်မြေးဆက်၊ တတိယအဆက်၊ စတုတ္ထ အဆက်သို့တိုင်အောင်ငါဒဏ်ခတ်မည်'' ဟုမိန့်တော်မူ၏။
Burmese 1835 Version Judson
အထောင်အသောင်းများသောသူတို့အား သနားခြင်း ကျေးဇူးတရားကို စောင့်တော်မူထသော၊ အဓမ္မကျင့်ခြင်း၊ တရားတော်ကို လွန်ကျူးခြင်း၊ ပြစ်မှားခြင်းအပြစ်တို့ကို ဖြေလွှတ်သော်လည်း၊ အချည်းနှီး သက်သက် ဖြေလွှတ်တော်မမူထသော၊ သားစဉ်မြေးဆက်၊ တတိယအဆက်၊ စတုတ္ထအဆက်တိုင်အောင်၊ အဘတို့၏ အပြစ်ကိုသားတို့၌ ဆပ်ပေးစီရင်တော်မူသော ဘုရားသခင်ဟု ကြွေးကြော်တော်မူ၏။
Burmese 1928
အ ထောင် အ သောင်း သော သူ တို့ အ ပေါ် က ရု ဏာ တ ရား ကို ရှေး ရှု တော် မူ ထ သော မ တ ရား ပြု ခြင်း၊ လွန် ကျူး ခြင်း၊ ပြစ် မှား ခြင်း များ ကို ဖြေ လွှတ် သော် လည်း အ ပြစ် ကင်း သည် ဟု မှတ် တော် မ မူ ထ သော၊ တ တိ ယ၊ စ တု တ္ထ အ ဆက် တိုင် အောင်၊ ဘိုး ဘေး တို့ ပြစ် မှု ကို သား မြေး မြစ် တို့ အ ပေါ် တင်၍ စီ ရင် တော် မူ သော ဘု ရား ဟု ကြော် ငြာ တော် မူ ၏။
Burmese 2021
အထောင်အသောင်းများသောသူတို့အား သနားခြင်းကျေးဇူးတရားကို စောင့်တော်မူထသော၊ အဓမ္မကျင့်ခြင်း၊ တရားတော်ကိုလွန်ကျူးခြင်း၊ ပြစ်မှားခြင်းအပြစ်တို့ကို ဖြေလွှတ်သော်လည်း၊ အချည်းနှီးသက်သက် ဖြေလွှတ်တော်မမူထသော၊ သားစဉ်မြေးဆက်၊ တတိယအဆက်၊ စတုတ္ထအဆက်တိုင်အောင်၊ အဘတို့၏အပြစ်ကို သားတို့၌ဆပ်ပေးစီရင်တော်မူသော ဘုရားသခင်ဟု ကြွေးကြော်တော်မူ၏။
Burmese JBZV
အေထာင္အေသာင္းမ်ားေသာသူတို႔အား သနားျခင္းေက်းဇူးတရားကို ေစာင့္ေတာ္မူထေသာ၊ အဓမၼက်င့္ျခင္း၊ တရားေတာ္ကိုလြန္က်ဴးျခင္း၊ ျပစ္မွားျခင္းအျပစ္တို႔ကို ေျဖလႊတ္ေသာ္လည္း၊ အခ်ည္းႏွီးသက္သက္ ေျဖလႊတ္ေတာ္မမူထေသာ၊ သားစဥ္ေျမးဆက္၊ တတိယအဆက္၊ စတုတၳအဆက္တိုင္ေအာင္၊ အဘတို႔၏အျပစ္ကို သားတို႔၌ဆပ္ေပးစီရင္ေတာ္မူေသာ ဘုရားသခင္ဟု ေႂကြးေၾကာ္ေတာ္မူ၏။
Burmese MCLZV
ငါသည္ေထာင္ေသာင္းမကမ်ားျပားေသာ အမ်ိဳးအစဥ္အဆက္တို႔အား ငါ၏ကတိ သစၥာကိုတည္ေစမည္။ ငါသည္ဒုစရိုက္ႏွင့္ အျပစ္တို႔အတြက္လူတို႔အားအျပစ္လႊတ္ မည္။ သို႔ရာတြင္မိဘတို႔၏အျပစ္ကိုသား စဥ္ေျမးဆက္၊ တတိယအဆက္၊ စတုတၳ အဆက္သို႔တိုင္ေအာင္ငါဒဏ္ခတ္မည္'' ဟုမိန႔္ေတာ္မူ၏။-
Burmese MSBU
မျိုးဆက်အထောင်အသောင်းတို့အား မေတ္တာကရုဏာထား၍ ကျူးလွန်သောဒုစရိုက်အပြစ်တို့ကိုခွင့်လွှတ်သော်လည်း အပြစ်ဒဏ်မခတ်ဘဲမနေ။ ဖခင်တို့၏အပြစ်ကို သားမြေးတို့အပေါ် တတိယအဆက်၊ စတုတ္ထအဆက်တိုင်အောင် အပြစ်ဒဏ်ကျရောက်စေသောဘုရားဖြစ်သည်”ဟု မြွက်ဆိုတော်မူ၏။
Burmese MSBZ
မ်ိဳးဆက္အေထာင္အေသာင္းတို႔အား ေမတၱာက႐ုဏာထား၍ က်ဴးလြန္ေသာဒုစ႐ိုက္အျပစ္တို႔ကိုခြင့္လႊတ္ေသာ္လည္း အျပစ္ဒဏ္မခတ္ဘဲမေန။ ဖခင္တို႔၏အျပစ္ကို သားေျမးတို႔အေပၚ တတိယအဆက္၊ စတုတၳအဆက္တိုင္ေအာင္ အျပစ္ဒဏ္က်ေရာက္ေစေသာဘုရားျဖစ္သည္”ဟု ႁမြက္ဆိုေတာ္မူ၏။