Exodus 39:15 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
သူ​တို့​သည်​ရင်​ဖုံး​အ​တွက်​ရွှေ​ကြိုး​လိမ် များ​ကို​ပြု​လုပ်​၏။-
Burmese 1835 Version Judson
ရင်ဖုံးအပေါ်ထောင့်နှစ်ခု၌၊ ရွှေနှစ်ကွင်းကို၎င်း၊ ရွှေကျောက်အိုး နှစ်လုံးကို၎င်း ကျစ်သော ရွှေကြိုး နှစ်ပင်ကို၎င်း လုပ်ပြီးမှ၊ ထိုရွှေကွင်း၌ တပ်၍ သင်တိုင်းသိုင်းကြိုးအပေါ်မှာရှိသော ကျောက်အိုးတို့၌ တွဲလေ၏။
Burmese 1928
ရင် လွှမ်း၌ ရွှေ စင် နန်း ကြိုး လိမ် နှစ် ပင်၊ ရွှေ ပန်း ထည် နှစ် ခု နှင့် ရွှေ နှစ် ကွင်း ကို လုပ် ပြီး မှ၊ ရင် လွှမ်း နှစ် စွန်း၌ ထို နှစ် ကွင်း ကို လည်း ကောင်း၊ ထို နှစ် ကွင်း၌ ရွှေ နန်း ကြိုး လိမ် နှစ် ပင် ကို လည်း ကောင်း၊ တပ် ထား လျက်၊
Burmese 2021
ရင်​ဖုံး​အ​ပေါ်​ထောင့်​နှစ်​ခု၌၊ ရွှေ​နှစ်​ကွင်း​ကို​လည်း​ကောင်း၊ ရွှေ​ကျောက်​အိုး နှစ်​လုံး​ကို​လည်း​ကောင်း ကျစ်​သော​ရွှေ​ကြိုး နှစ်​ပင်​ကို​လည်း​ကောင်း လုပ်​ပြီး​မှ၊ ထို​ရွှေ​ကွင်း၌​တပ်၍ သင်​တိုင်း​သိုင်း​ကြိုး​အ​ပေါ်​မှာ​ရှိ​သော ကျောက်​အိုး​တို့၌​တွဲ​လေ​၏။
Burmese JBZV
ရင္​ဖုံး​အ​ေပၚ​ေထာင့္​ႏွစ္​ခု၌၊ ေရႊ​ႏွစ္​ကြင္း​ကို​လည္း​ေကာင္း၊ ေရႊ​ေက်ာက္​အိုး ႏွစ္​လုံး​ကို​လည္း​ေကာင္း က်စ္​ေသာ​ေရႊ​ႀကိဳး ႏွစ္​ပင္​ကို​လည္း​ေကာင္း လုပ္​ၿပီး​မွ၊ ထို​ေရႊ​ကြင္း၌​တပ္၍ သင္​တိုင္း​သိုင္း​ႀကိဳး​အ​ေပၚ​မွာ​ရွိ​ေသာ ေက်ာက္​အိုး​တို႔၌​တြဲ​ေလ​၏။
Burmese MCLZV
သူ​တို႔​သည္​ရင္​ဖုံး​အ​တြက္​ေရႊ​ႀကိဳး​လိမ္ မ်ား​ကို​ျပဳ​လုပ္​၏။-
Burmese MSBU
မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း ရင်ခံပြား​အတွက် ကျစ်ဆံမြီး​ပုံစံကြိုး​ကို ရွှေ​စင်​ဖြင့် သွန်းလုပ်​၏​။
Burmese MSBZ
ေမာေရွ​အား ထာဝရဘုရား​မိန႔္မွာ​ေတာ္မူ​သည့္​အတိုင္း ရင္ခံျပား​အတြက္ က်စ္ဆံၿမီး​ပုံစံႀကိဳး​ကို ေ႐ႊ​စင္​ျဖင့္ သြန္းလုပ္​၏​။