Exodus 4:27 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ထာဝရဘုရားကအာရုန်အား``မောရှေနှင့် တွေ့ဆုံရန်တောကန္တာရသို့သွားလော့'' ဟု အမိန့်ရှိတော်မူသည်အတိုင်းသူသွားလေ၏။ သူသည်မောရှေကို ထာဝရဘုရား၏တောင် ပေါ်၌တွေ့ဆုံလျှင်သူ့ကိုနမ်း၍နှုတ်ဆက်၏။-
Burmese 1835 Version Judson
ထာဝရဘုရားကလည်း၊ မောရှေကို ခရီးဦးကြိုပြုခြင်းငှါ တောသို့သွားလော့ဟု အာရုန်အား မိန့်တော်မူ သည်အတိုင်း၊ အာရုန်သည်သွားလျှင်၊ ဘုရားသခင်၏ တောင်ပေါ်၌ မောရှေကို တွေ့၍နမ်းခြင်းကို ပြု၏။
Burmese 1928
ထာ ဝ ရ ဘု ရား က လည်း၊ မော ရှေ ကို ကြို ဆို ခြင်း ငှါ တော သို့ သွား လော့ ဟု မိန့် တော် မူ သည့် အ တိုင်း၊ အာ ရုန် သွား၍ ဘု ရား သခင့် တောင် တော် ပေါ် တွင် တွေ့ ကြုံ နမ်း ရှုပ် ပြီး လျှင်၊
Burmese 2021
ထာဝရဘုရားကလည်း၊ မောရှေကိုခရီးဦးကြိုပြုခြင်းငှာတောသို့သွားလော့ဟု အာရုန်အားမိန့်တော်မူသည်အတိုင်း၊ အာရုန်သည်သွားလျှင်၊ ဘုရားသခင်၏တောင်ပေါ်၌ မောရှေကိုတွေ့၍ နမ်းခြင်းကိုပြု၏။
Burmese JBZV
ထာဝရဘုရားကလည္း၊ ေမာေရွကိုခရီးဦးႀကိဳျပဳျခင္းငွာေတာသို႔သြားေလာ့ဟု အာ႐ုန္အားမိန္႔ေတာ္မူသည္အတိုင္း၊ အာ႐ုန္သည္သြားလၽွင္၊ ဘုရားသခင္၏ေတာင္ေပၚ၌ ေမာေရွကိုေတြ႕၍ နမ္းျခင္းကိုျပဳ၏။
Burmese MCLZV
ထာဝရဘုရားကအာ႐ုန္အား``ေမာေရွႏွင့္ ေတြ႕ဆုံရန္ေတာကႏၲာရသို႔သြားေလာ့'' ဟု အမိန႔္ရွိေတာ္မူသည္အတိုင္းသူသြားေလ၏။ သူသည္ေမာေရွကို ထာဝရဘုရား၏ေတာင္ ေပၚ၌ေတြ႕ဆုံလၽွင္သူ႔ကိုနမ္း၍ႏွုတ္ဆက္၏။-
Burmese MSBU
ထာဝရဘုရားက အာရုန်အား “မောရှေကိုကြိုဆိုရန် တောကန္တာရသို့သွားလော့”ဟု မိန့်တော်မူသဖြင့် အာရုန်သည် သွား၍ ဘုရားသခင်၏တောင်တော်၌ မောရှေနှင့်တွေ့ဆုံလျှင် သူ့ကိုနမ်းလေ၏။
Burmese MSBZ
ထာဝရဘုရားက အာ႐ုန္အား “ေမာေရွကိုႀကိဳဆိုရန္ ေတာကႏၲာရသို႔သြားေလာ့”ဟု မိန႔္ေတာ္မူသျဖင့္ အာ႐ုန္သည္ သြား၍ ဘုရားသခင္၏ေတာင္ေတာ္၌ ေမာေရွႏွင့္ေတြ႕ဆုံလွ်င္ သူ႔ကိုနမ္းေလ၏။