Exodus 6:13 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ထာဝရဘုရားသည် မောရှေနှင့်အာရုန်တို့ အား``ဣသရေလအမျိုးသားတို့ကိုအီဂျစ် ပြည်မှထုတ်ဆောင်ရန်သင်တို့အား ငါအမိန့် ပေးတော်မူကြောင်းဣသရေလအမျိုးသား တို့နှင့်အီဂျစ်ဘုရင်အားပြောကြားလော့'' ဟုမိန့်တော်မူ၏။
Burmese 1835 Version Judson
သို့ရာတွင် မောရှေနှင့် အာရုန်သည် ဣသရေလအမျိုးသားတို့ကိုအဲဂုတ္တုပြည်မှ နှုတ်ဆောင်ရမည် အကြောင်း၊ ထာဝရဘုရားသည် သူတို့ကိုခေါ်၍ ဣသရေလအမျိုးသားတို့ထံသို့၎င်း၊ အဲဂုတ္တုရှင်ဘုရင် ဖါရော မင်းထံသို့၎င်း စေခိုင်းမှာထားတော်မူ၏။
Burmese 1928
ထို သို့ ထာ ဝ ရ ဘု ရား သည် ဣ သ ရေ လ အ မျိုး သား တို့ ကို အိ ဂျစ် ပြည် မှ ထုတ် ဆောင် စေ ရန် မော ရှေ နှင့် အာ ရုန် တို့ အား ဣသ ရေ လ အ မျိုး သား တို့ ထံ လည်း ကောင်း၊ အိ ဂျစ် ဘု ရင် ဖာ ရော မင်း ထံ လည်း ကောင်း၊ စေ ခိုင်း မိန့် မှာ တော် မူ ၏။
Burmese 2021
သို့ရာတွင် မောရှေနှင့် အာရုန်သည် ဣသရေလအမျိုးသားတို့ကိုအဲဂုတ္တုပြည်မှ နုတ်ဆောင်ရမည်အကြောင်း၊ ထာဝရဘုရားသည် သူတို့ကိုခေါ်၍ ဣသရေလအမျိုးသားတို့ထံသို့လည်းကောင်း၊ အဲဂုတ္တုရှင်ဘုရင်ဖာရောမင်းထံသို့လည်းကောင်း စေခိုင်းမှာထားတော်မူ၏။
Burmese JBZV
သို႔ရာတြင္ ေမာေရွႏွင့္ အာ႐ုန္သည္ ဣသေရလအမ်ိဳးသားတို႔ကိုအဲဂုတၱဳျပည္မွ ႏုတ္ေဆာင္ရမည္အေၾကာင္း၊ ထာဝရဘုရားသည္ သူတို႔ကိုေခၚ၍ ဣသေရလအမ်ိဳးသားတို႔ထံသို႔လည္းေကာင္း၊ အဲဂုတၱဳရွင္ဘုရင္ဖာေရာမင္းထံသို႔လည္းေကာင္း ေစခိုင္းမွာထားေတာ္မူ၏။
Burmese MCLZV
ထာဝရဘုရားသည္ ေမာေရွႏွင့္အာ႐ုန္တို႔ အား``ဣသေရလအမ်ိဳးသားတို႔ကိုအီဂ်စ္ ျပည္မွထုတ္ေဆာင္ရန္သင္တို႔အား ငါအမိန႔္ ေပးေတာ္မူေၾကာင္းဣသေရလအမ်ိဳးသား တို႔ႏွင့္အီဂ်စ္ဘုရင္အားေျပာၾကားေလာ့'' ဟုမိန႔္ေတာ္မူ၏။
Burmese MSBU
ထိုသို့ မောရှေနှင့်အာရုန်အား အစ္စရေးအမျိုးသားတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ရန် ထာဝရဘုရားမိန့်မှာတော်မူခဲ့သည်ကို အစ္စရေးအမျိုးသားတို့နှင့် အီဂျစ်ဘုရင်ဖာရောမင်းကြီးတို့အား ပြောကြားစေ၏။
Burmese MSBZ
ထိုသို႔ ေမာေရွႏွင့္အာ႐ုန္အား အစၥေရးအမ်ိဳးသားတို႔ကို အီဂ်စ္ျပည္မွထုတ္ေဆာင္ရန္ ထာဝရဘုရားမိန႔္မွာေတာ္မူခဲ့သည္ကို အစၥေရးအမ်ိဳးသားတို႔ႏွင့္ အီဂ်စ္ဘုရင္ဖာေရာမင္းႀကီးတို႔အား ေျပာၾကားေစ၏။