Exodus 7:19 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​ကို​မိန့်​တော် မူ​သည်​မှာ ``အာ​ရုန်​အား သင်​သည်​အီ​ဂျစ်​ပြည် တွင်​ရှိ​သ​မျှ​သော မြစ်၊ ချောင်း၊ အင်း၊ အိုင်​ရေ လှောင်​ကန်​တို့​၏​ရေ​ပေါ်​၌ တောင်​ဝှေး​ကို​ကိုင်​၍ လက်​ဆန့်​လော့။ တစ်​ပြည်​လုံး​တွင်​သစ်​သား​ခွက်၊ ကျောက်​ခွက်​တို့​ပါ​မ​ကျန်​ရှိ​သ​မျှ​သော​ရေ တို့​သည်​သွေး​ဖြစ်​လိမ့်​မည်' ဟု​ပြော​လော့'' ဟူ​၍​မိန့်​တော်​မူ​၏။
Burmese 1835 Version Judson
တဖန် ထာဝရဘုရားသည် မောရှေကိုမိန့်တော်မူပြန်သည်ကား၊ အာရုန်အား သင်၏လှံတံကိုယူ၍ အဲဂုတ္တုပြည်၌ရှိသော ချောင်းရေ၊ မြစ်ရေ၊ အိုင်အင်းရေ၊ ကန်ရေ၊ တွင်းရေရှိသမျှအပေါ်မှာ လက်ကိုဆန့်လော့။ ထိုရေရှိသမျှတို့သည် အသွေးဖြစ်လိမ့်မည်။ အဲဂုတ္တုပြည် တရှောက်လုံး၊ သစ်ခွက်၊ ကျောက်အိုး၌မျှ မကြွင်း အသွေး ရှိလိမ့်မည်အကြောင်းကို ပြောလော့ဟု မိန့်တော်မူ၏။
Burmese 1928
ထာ ဝ ရ ဘု ရား က လည်း ရေ သွေး ဖြစ် အံ့ သော ငှါ တောင် ဝေး ကို ကိုင် ယူ၍ အိ ဂျစ် ပြည် ရှိ မြစ် ချောင်း၊ တူး မြောင်း၊ အင်း အိုင်၊ ကန် ရေ ရှိ သ မျှ အ ပေါ် မှာ လက် ဆန့် စေ ရန် အာ ရုန် အား ကြား ပြော လော့။ အိ ဂျစ် ပြည် လုံး တွင် သစ် ခွက် ကျောက် ခွက်၌ မျှ မ ကင်း၊ သွေး အ တိ ရှိ လိမ့် မည် ဟု မော ရှေ အား မိန့် တော် မူ သည့် အ တိုင်း၊
Burmese 2021
တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​ကို​မိန့်​တော်​မူ​ပြန်​သည်​ကား၊ အာ​ရုန်​အား သင်၏​လှံ​တံ​ကို​ယူ၍ အဲ​ဂု​တ္တု​ပြည်၌​ရှိ​သော​ချောင်း​ရေ၊ မြစ်​ရေ၊ အိုင်​အင်း​ရေ၊ ကန်​ရေ၊ တွင်း​ရေ​ရှိ​သ​မျှ​အ​ပေါ်​မှာ လက်​ကို​ဆန့်​လော့။ ထို​ရေ​ရှိ​သ​မျှ​တို့​သည် အ​သွေး​ဖြစ်​လိမ့်​မည်။ အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး၊ သစ်​ခွက်၊ ကျောက်​အိုး၌​မျှ​မ​ကြွင်း အ​သွေး​ရှိ​လိမ့်​မည်​အ​ကြောင်း​ကို​ပြော​လော့​ဟု မိန့်​တော်​မူ၏။
Burmese JBZV
တစ္​ဖန္​ထာ​ဝ​ရ​ဘု​ရား​သည္ ေမာ​ေရွ​ကို​မိန္႔​ေတာ္​မူ​ျပန္​သည္​ကား၊ အာ​႐ုန္​အား သင္၏​လွံ​တံ​ကို​ယူ၍ အဲ​ဂု​တၱဳ​ျပည္၌​ရွိ​ေသာ​ေခ်ာင္း​ေရ၊ ျမစ္​ေရ၊ အိုင္​အင္း​ေရ၊ ကန္​ေရ၊ တြင္း​ေရ​ရွိ​သ​မၽွ​အ​ေပၚ​မွာ လက္​ကို​ဆန္႔​ေလာ့။ ထို​ေရ​ရွိ​သ​မၽွ​တို႔​သည္ အ​ေသြး​ျဖစ္​လိမ့္​မည္။ အဲ​ဂု​တၱဳ​ျပည္​တစ္​ေလၽွာက္​လုံး၊ သစ္​ခြက္၊ ေက်ာက္​အိုး၌​မၽွ​မ​ႂကြင္း အ​ေသြး​ရွိ​လိမ့္​မည္​အ​ေၾကာင္း​ကို​ေျပာ​ေလာ့​ဟု မိန္႔​ေတာ္​မူ၏။
Burmese MCLZV
တစ္​ဖန္​ထာ​ဝ​ရ​ဘု​ရား​က ေမာ​ေရွ​ကို​မိန႔္​ေတာ္ မူ​သည္​မွာ ``အာ​႐ုန္​အား သင္​သည္​အီ​ဂ်စ္​ျပည္ တြင္​ရွိ​သ​မၽွ​ေသာ ျမစ္၊ ေခ်ာင္း၊ အင္း၊ အိုင္​ေရ ေလွာင္​ကန္​တို႔​၏​ေရ​ေပၚ​၌ ေတာင္​ေဝွး​ကို​ကိုင္​၍ လက္​ဆန႔္​ေလာ့။ တစ္​ျပည္​လုံး​တြင္​သစ္​သား​ခြက္၊ ေက်ာက္​ခြက္​တို႔​ပါ​မ​က်န္​ရွိ​သ​မၽွ​ေသာ​ေရ တို႔​သည္​ေသြး​ျဖစ္​လိမ့္​မည္' ဟု​ေျပာ​ေလာ့'' ဟူ​၍​မိန႔္​ေတာ္​မူ​၏။
Burmese MSBU
တစ်ဖန် ထာဝရဘုရား​က “​သင်​သည် အာရုန်​အား ‘​သင်​၏​တောင်ဝှေး​ကို​ယူ​၍ မြစ်​များ​၊ ချောင်း​များ​၊ ရေအိုင်​များ​၊ ရေလှောင်ကန်​များ​စသည့် အီဂျစ်​ပြည်​ရှိ​ရေ​ရှိသမျှ​အပေါ်​သို့ သင်​၏​လက်​ကို​ဆန့်​လော့​။ ထိုအခါ ရေ​သည် သွေး​ဖြစ်​သွား​လိမ့်မည်​။ အီဂျစ်​ပြည်​တစ်ပြည်လုံး​တွင် သစ်သားခွက်​များ​နှင့်​ကျောက်ခွက်​များ​ထဲ၌​ပါမကျန် သွေး​ဖြစ်​လိမ့်မည်​’​ဟူ၍ ပြော​လော့​”​ဟု မောရှေ​အား မိန့်​တော်မူ​၏​။
Burmese MSBZ
တစ္ဖန္ ထာဝရဘုရား​က “​သင္​သည္ အာ႐ုန္​အား ‘​သင္​၏​ေတာင္ေဝွး​ကို​ယူ​၍ ျမစ္​မ်ား​၊ ေခ်ာင္း​မ်ား​၊ ေရအိုင္​မ်ား​၊ ေရေလွာင္ကန္​မ်ား​စသည့္ အီဂ်စ္​ျပည္​ရွိ​ေရ​ရွိသမွ်​အေပၚ​သို႔ သင္​၏​လက္​ကို​ဆန႔္​ေလာ့​။ ထိုအခါ ေရ​သည္ ေသြး​ျဖစ္​သြား​လိမ့္မည္​။ အီဂ်စ္​ျပည္​တစ္ျပည္လုံး​တြင္ သစ္သားခြက္​မ်ား​ႏွင့္​ေက်ာက္ခြက္​မ်ား​ထဲ၌​ပါမက်န္ ေသြး​ျဖစ္​လိမ့္မည္​’​ဟူ၍ ေျပာ​ေလာ့​”​ဟု ေမာေရွ​အား မိန႔္​ေတာ္မူ​၏​။