Exodus 8:16 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
တစ်ဖန်ထာဝရဘုရားက``အာရုန်အားမြေ ကြီးကိုသင်၏တောင်ဝှေးနှင့်ရိုက်လော့။ အီဂျစ် တစ်ပြည်လုံးတွင်မြေမှုန့်ရှိသမျှသည်တော ခြင်များဖြစ်လာလိမ့်မည်ဟုပြောလော့'' ဟူ ၍မောရှေအားမိန့်တော်မူ၏။-
Burmese 1835 Version Judson
တဖန် ထာဝရဘုရားသည် မောရှေအား မိန့် တော်မူသည်ကား၊ အဲဂုတ္တုပြည်တရှောက်လုံး၌ရှိသော မြေမှုန်သည် ခြင်ကောင်ဖြစ်စေခြင်းငှါ၊ အာရုန်သည် လှံတံကိုကိုင်လျက် လက်ကိုဆန့်၍၊ မြေမှုန့်ကို ရိုက်စေခြင်း ငှါ ပြောလော့ဟု မိန့်တော်မူသည်အတိုင်း၊
Burmese 1928
ထာ ဝ ရ ဘု ရား သည် မော ရှေ အား မိန့် တော် မူ သည် မှာ အိ ဂျစ် တစ် ပြည် လုံး တွင် မြေ လှေး ဖြစ် အံ့ သော ငှါ၊ တောင် ၀ေး ကို ဆန့် မိုး၍ မြေ မှုန့် ကို ရိုက် စေ ရန် အာ ရုန် အား ကြား ပြော လော့ ဟု မိန့် တော် မူ သည့် အ တိုင်း ပြု ကြ ရာ၊
Burmese 2021
တစ်ဖန် ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊ အဲဂုတ္တုပြည်တစ်လျှောက်လုံး၌ ရှိသော မြေမှုန့်သည်ခြင်ကောင်ဖြစ်စေခြင်းငှာ၊ အာရုန်သည် လှံတံကိုကိုင်လျက်လက်ကိုဆန့်၍၊ မြေမှုန့်ကိုရိုက်စေခြင်းငှာ ပြောလော့ဟု မိန့်တော်မူသည်အတိုင်း၊
Burmese JBZV
တစ္ဖန္ ထာဝရဘုရားသည္ ေမာေရွအားမိန္႔ေတာ္မူသည္ကား၊ အဲဂုတၱဳျပည္တစ္ေလၽွာက္လုံး၌ ရွိေသာ ေျမမွုန္႔သည္ျခင္ေကာင္ျဖစ္ေစျခင္းငွာ၊ အာ႐ုန္သည္ လွံတံကိုကိုင္လ်က္လက္ကိုဆန္႔၍၊ ေျမမွုန္႔ကိုရိုက္ေစျခင္းငွာ ေျပာေလာ့ဟု မိန္႔ေတာ္မူသည္အတိုင္း၊
Burmese MCLZV
တစ္ဖန္ထာဝရဘုရားက``အာ႐ုန္အားေၿမ ႀကီးကိုသင္၏ေတာင္ေဝွးႏွင့္ရိုက္ေလာ့။ အီဂ်စ္ တစ္ျပည္လုံးတြင္ေျမမွုန႔္ရွိသမၽွသည္ေတာ ျခင္မ်ားျဖစ္လာလိမ့္မည္ဟုေျပာေလာ့'' ဟူ ၍ေမာေရွအားမိန႔္ေတာ္မူ၏။-
Burmese MSBU
တစ်ဖန် ထာဝရဘုရားက မောရှေအား “ ‘တောင်ဝှေးကိုဆန့်၍ မြေမှုန့်ကိုရိုက်လော့။ ထိုအခါ အီဂျစ်ပြည်တစ်ပြည်လုံး၌ မြေမှုန့်တို့သည် မှက်ကောင်များဖြစ်သွားလိမ့်မည်’ဟူ၍ အာရုန်အားပြောလော့”ဟု မိန့်တော်မူ၏။
Burmese MSBZ
တစ္ဖန္ ထာဝရဘုရားက ေမာေရွအား “ ‘ေတာင္ေဝွးကိုဆန႔္၍ ေျမမႈန႔္ကို႐ိုက္ေလာ့။ ထိုအခါ အီဂ်စ္ျပည္တစ္ျပည္လုံး၌ ေျမမႈန႔္တို႔သည္ မွက္ေကာင္မ်ားျဖစ္သြားလိမ့္မည္’ဟူ၍ အာ႐ုန္အားေျပာေလာ့”ဟု မိန႔္ေတာ္မူ၏။