Exodus 8:5 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
တစ်ဖန်ထာဝရဘုရားက``အာရုန်အားမြစ် များ၊ ချောင်းများ၊ အင်းအိုင်များပေါ်သို့သင်၏ တောင်ဝှေးကိုကိုင်၍လက်ကိုဆန့်သောအား ဖြင့်ဖားများတက်လာ၍ အီဂျစ်တစ်ပြည်လုံး တွင်ဖားများဖြင့်ပြည့်စေလော့'' ဟုမောရှေ အားမိန့်တော်မူ၏။-
Burmese 1835 Version Judson
တဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူပြန်သည်ကား၊ အာရုန်သည် ချောင်းရေ၊ မြစ်ရေ၊ အိုင်အင်းရေတို့အပေါ်၌ လှံတံကို ကိုင်လျက်၊ လက်ကို ဆန့်၍ အဲဂုတ္တုပြည်အပေါ်သို့ ဘားများကို တက်စေ ခြင်းငှါ ပြောလော့ဟု မိန့်တော်မူ၏။
Burmese 1928
မြစ် ချောင်း၊ တူး မြောင်း၊ အင်း အိုင် များ အ ပေါ် မှာ တောင် ဝေး ကိုင် သော လက် ကို ဆန့်၍ အိ ဂျစ် ပြည် ကုန်း ထက် သို့ ဖား များ ကို တက် စေ ရန် အာ ရုန် အား ကြား ပြော လော့ ဟူ၍ လည်း ကောင်း မိန့် တော် မူ သည့် အ တိုင်း၊
Burmese 2021
တစ်ဖန် ထာဝရဘုရားသည် မောရှေအားမိန့်တော်မူပြန်သည်ကား၊ အာရုန်သည် ချောင်းရေ၊ မြစ်ရေ၊ အိုင်အင်းရေတို့အပေါ်၌ လှံတံကိုကိုင်လျက်၊ လက်ကိုဆန့်၍ အဲဂုတ္တုပြည်အပေါ်သို့ ဖားများကိုတက်စေခြင်းငှာပြောလော့ဟု မိန့်တော်မူ၏။
Burmese JBZV
တစ္ဖန္ ထာဝရဘုရားသည္ ေမာေရွအားမိန္႔ေတာ္မူျပန္သည္ကား၊ အာ႐ုန္သည္ ေခ်ာင္းေရ၊ ျမစ္ေရ၊ အိုင္အင္းေရတို႔အေပၚ၌ လွံတံကိုကိုင္လ်က္၊ လက္ကိုဆန္႔၍ အဲဂုတၱဳျပည္အေပၚသို႔ ဖားမ်ားကိုတက္ေစျခင္းငွာေျပာေလာ့ဟု မိန္႔ေတာ္မူ၏။
Burmese MCLZV
တစ္ဖန္ထာဝရဘုရားက``အာ႐ုန္အားျမစ္ မ်ား၊ ေခ်ာင္းမ်ား၊ အင္းအိုင္မ်ားေပၚသို႔သင္၏ ေတာင္ေဝွးကိုကိုင္၍လက္ကိုဆန႔္ေသာအား ျဖင့္ဖားမ်ားတက္လာ၍ အီဂ်စ္တစ္ျပည္လုံး တြင္ဖားမ်ားျဖင့္ျပည့္ေစေလာ့'' ဟုေမာေရွ အားမိန႔္ေတာ္မူ၏။-
Burmese MSBU
တစ်ဖန် ထာဝရဘုရားက မောရှေအား “ ‘သင်ကိုင်ထားသောတောင်ဝှေးကို မြစ်များ၊ ချောင်းများ၊ ရေအိုင်များပေါ်သို့ ဆန့်လော့။ ဖားများကို အီဂျစ်ပြည်တစ်လျှောက် တက်လာစေလော့’ဟူ၍ အာရုန်အား ပြောလော့”ဟု မိန့်တော်မူ၏။
Burmese MSBZ
တစ္ဖန္ ထာဝရဘုရားက ေမာေရွအား “ ‘သင္ကိုင္ထားေသာေတာင္ေဝွးကို ျမစ္မ်ား၊ ေခ်ာင္းမ်ား၊ ေရအိုင္မ်ားေပၚသို႔ ဆန႔္ေလာ့။ ဖားမ်ားကို အီဂ်စ္ျပည္တစ္ေလွ်ာက္ တက္လာေစေလာ့’ဟူ၍ အာ႐ုန္အား ေျပာေလာ့”ဟု မိန႔္ေတာ္မူ၏။