Exodus 9:22 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ထိုနောက်ထာဝရဘုရားကမောရှေအား ``အီဂျစ်ပြည်တစ်လျှောက်လုံးတွင်လူများ၊ တိရစ္ဆာန်များ၊ လယ်ကွင်းရှိအပင်များပေါ်သို့ မိုးရွာချစေရန်သင်၏လက်ကိုကောင်းကင် သို့မြှောက်လော့'' ဟုမိန့်တော်မူ၏။-
Burmese 1835 Version Judson
ထာဝရဘုရားကလည်း၊ အဲဂုတ္တုပြည်တရှောက်လုံး၌ လူတို့အပေါ်မှာ၎င်း၊ တိရစ္ဆာန်တို့အပေါ်မှာ၎င်း၊ လယ်ပြင်၌ရှိလေသမျှသော အပင်များအပေါ်မှာ၎င်း၊ မိုဃ်းသီးရွာစေခြင်းငှာ၊ သင်၏လက်ကို မိုဃ်းကောင်းကင်သို့ ဆန့်လော့ဟု မောရှေအား မိန့်တော်မူ၏။
Burmese 1928
ထာ ဝ ရ ဘု ရား က လည်း အိ ဂျစ် ပြည် တစ် ဝှမ်း လုံး၌ လူ သူ တိ ရ စ္ဆာန် တို့ အ ပေါ် သို့ လည်း ကောင်း၊ လယ် ပြင် ရှိ ကောက် ပင် ပဲ ပင် ဟူ သ မျှ တို့ အ ပေါ် သို့ လည်း ကောင်း မိုး သီး ကျ စေ ခြင်း ငှါ ကောင်း ကင် ထက် သို့ လက် ဆန့် လော့ ဟု မော ရှေ အား မိန့် တော် မူ သည့် အ တိုင်း၊
Burmese 2021
ထာဝရဘုရားကလည်း၊ အဲဂုတ္တုပြည်တစ်လျှောက်လုံး၌ လူတို့အပေါ်မှာလည်းကောင်း၊ တိရစ္ဆာန်တို့အပေါ်မှာလည်းကောင်း၊ လယ်ပြင်၌ရှိလေသမျှသောအပင်များအပေါ်မှာလည်းကောင်း၊ မိုးသီးရွာစေခြင်းငှာ၊ သင်၏လက်ကို မိုးကောင်းကင်သို့ဆန့်လော့ဟု မောရှေအား မိန့်တော်မူ၏။
Burmese JBZV
ထာဝရဘုရားကလည္း၊ အဲဂုတၱဳျပည္တစ္ေလၽွာက္လုံး၌ လူတို႔အေပၚမွာလည္းေကာင္း၊ တိရစၧာန္တို႔အေပၚမွာလည္းေကာင္း၊ လယ္ျပင္၌ရွိေလသမၽွေသာအပင္မ်ားအေပၚမွာလည္းေကာင္း၊ မိုးသီးရြာေစျခင္းငွာ၊ သင္၏လက္ကို မိုးေကာင္းကင္သို႔ဆန္႔ေလာ့ဟု ေမာေရွအား မိန္႔ေတာ္မူ၏။
Burmese MCLZV
ထိုေနာက္ထာဝရဘုရားကေမာေရွအား ``အီဂ်စ္ျပည္တစ္ေလၽွာက္လုံးတြင္လူမ်ား၊ တိရစၧာန္မ်ား၊ လယ္ကြင္းရွိအပင္မ်ားေပၚသို႔ မိုးရြာခ်ေစရန္သင္၏လက္ကိုေကာင္းကင္ သို႔ေျမႇာက္ေလာ့'' ဟုမိန႔္ေတာ္မူ၏။-
Burmese MSBU
ထာဝရဘုရားက မောရှေအား “အီဂျစ်ပြည်၌ရှိသော လူ၊ တိရစ္ဆာန်နှင့် လယ်ထဲမှအပင်ရှိသမျှတို့မှစ၍ အီဂျစ်ပြည်တစ်ပြည်လုံးအပေါ် မိုးသီးကျစေရန် သင်၏လက်ကို မိုးကောင်းကင်သို့ဆန့်လော့”ဟု မိန့်တော်မူ၏။
Burmese MSBZ
ထာဝရဘုရားက ေမာေရွအား “အီဂ်စ္ျပည္၌ရွိေသာ လူ၊ တိရစာၦန္ႏွင့္ လယ္ထဲမွအပင္ရွိသမွ်တို႔မွစ၍ အီဂ်စ္ျပည္တစ္ျပည္လုံးအေပၚ မိုးသီးက်ေစရန္ သင္၏လက္ကို မိုးေကာင္းကင္သို႔ဆန႔္ေလာ့”ဟု မိန႔္ေတာ္မူ၏။