Ezekiel 15:6 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
အရှင်ထာဝရဘုရားမိန့်တော်မူသည် ကား``စပျစ်နွယ်သားကိုတောမှယူ၍မီး မွှေးကြသကဲ့သို့ ငါသည်ယေရုရှလင် မြို့မှလူတို့ကိုယူ၍၊-
Burmese 1835 Version Judson
ဤအမှု၌ အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ တောသစ်ပင်တွင် မီးမွေးစရာဟင်းဘို့ငါ အပ်သော စပျစ်နွယ်သားကဲ့သို့၊ ယေရုရှလင်မြို့သားတို့ကို ငါအပ် မည်။
Burmese 1928
သို့ နှင့် အ ညီ၊ ငါ အ ရှင် ထာ ဝ ရ ဘု ရား က၊ တော ပင် များ အ နက် စ ပျစ် ပင် ကို၊ လောင် စာ အ ဖြစ်၊ မီး သို့ ငါ ပစ် ချ သည်း နည်း တူ၊ ယေ ရု ရှ လင် မြို့ သူ မြို့ သား တို့ ကို လည်း၊ ငါ ပစ် ချ ခဲ့ ပြီ။
Burmese 2021
ဤအမှု၌ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ တောသစ်ပင်တွင် မီးမွေးစရာထင်းဖို့ ငါအပ်သော စပျစ်နွယ်သားကဲ့သို့၊ ယေရုရှလင်မြို့သားတို့ကို ငါအပ်မည်။
Burmese JBZV
ဤအမွု၌ အရွင္ထာဝရဘုရား မိန္႔ေတာ္မူသည္ကား၊ ေတာသစ္ပင္တြင္ မီးေမြးစရာထင္းဖို႔ ငါအပ္ေသာ စပ်စ္ႏြယ္သားကဲ့သို႔၊ ေယ႐ုရွလင္ၿမိဳ႕သားတို႔ကို ငါအပ္မည္။
Burmese MCLZV
အရွင္ထာဝရဘုရားမိန႔္ေတာ္မူသည္ ကား``စပ်စ္ႏြယ္သားကိုေတာမွယူ၍မီး ေမႊးၾကသကဲ့သို႔ ငါသည္ေယ႐ုရွလင္ ၿမိဳ႕မွလူတို႔ကိုယူ၍၊-
Burmese MSBU
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘တောသစ်ပင်များကြားရှိ စပျစ်နွယ်ကို မီးဖြင့်လောင်ကျွမ်းသွားစေသကဲ့သို့ ဂျေရုဆလင်မြို့သားတို့ကို ငါပြုမည်။
Burmese MSBZ
ထို႔ေၾကာင့္ ဘုရားရွင္ထာဝရဘုရားက ‘ေတာသစ္ပင္မ်ားၾကားရွိ စပ်စ္ႏြယ္ကို မီးျဖင့္ေလာင္ကြၽမ္းသြားေစသကဲ့သို႔ ေဂ်႐ုဆလင္ၿမိဳ႕သားတို႔ကို ငါျပဳမည္။