Ezekiel 16:20 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
``ထိုနောက်သင်သည်ငါနှင့်ရသောသားသမီး များကိုယူ၍ ယဇ်ကောင်အဖြစ်ဖြင့်ရုပ်တုတို့ အားပူဇော်၏။ သင်သည်ငါ့အားသစ္စာဖောက် ရုံမျှဖြင့်မကျေနပ်ဘဲ၊-
Burmese 1835 Version Judson
ထိုမှတပါး၊ သင်ဘွားသောငါ၏ သားသမီးတို့ကို ယူ၍၊ ထိုရုပ်တုတို့အား ကျွေးမွေးခြင်းငှါ ယဇ်ပူဇော်လေပြီ။
Burmese 1928
ငါ ဖြင့် ရ သော သား သ မီး များ ကို ကျွမ်း လောင် စေ ခြင်း ငှာ၊ ထို ရုပ် ပွား တို့ အား ပူ ဇော် ရက် လေ စွ။ ကိုယ့် မှား ယွင်း မှု များ ကို အ ရေး မ ယူ သည့် အ တွက်၊
Burmese 2021
ထိုမှတစ်ပါး၊ သင်ဖွားသော ငါ၏သားသမီးတို့ကိုယူ၍၊ ထိုရုပ်တုတို့အား ကျွေးမွေးခြင်းငှာ ယဇ်ပူဇော်လေပြီ။
Burmese JBZV
ထိုမွတစ္ပါး၊ သင္ဖြားေသာ ငါ၏သားသမီးတို႔ကိုယူ၍၊ ထို႐ုပ္တုတို႔အား ေကၽြးေမြးျခင္းငွာ ယဇ္ပူေဇာ္ေလၿပီ။
Burmese MCLZV
``ထိုေနာက္သင္သည္ငါႏွင့္ရေသာသားသမီး မ်ားကိုယူ၍ ယဇ္ေကာင္အျဖစ္ျဖင့္႐ုပ္တုတို႔ အားပူေဇာ္၏။ သင္သည္ငါ့အားသစၥာေဖာက္ ႐ုံမၽွျဖင့္မေက်နပ္ဘဲ၊-
Burmese MSBU
‘သင်သည် ပြည့်တန်ဆာပြုခြင်းဖြင့် မလုံလောက်သေး။ သင်မွေးလာသောသားသမီးတို့ကိုယူ၍ ထိုရုပ်တုတို့အား အစာအဖြစ် ပူဇော်၏။
Burmese MSBZ
‘သင္သည္ ျပည့္တန္ဆာျပဳျခင္းျဖင့္ မလုံေလာက္ေသး။ သင္ေမြးလာေသာသားသမီးတို႔ကိုယူ၍ ထို႐ုပ္တုတို႔အား အစာအျဖစ္ ပူေဇာ္၏။