Ezekiel 17:13 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ထိုနောက်သူသည်ထိုဘုရင်၏ဆွေတော်မျိုး တော်တစ်ဦးကိုခေါ်ယူ၍ ငြိမ်းချမ်းရေးစာ ချုပ်ကိုချုပ်ဆိုပြီးလျှင်သူ့အားကျမ်းသစ္စာ ကျိန်ဆိုစေ၏။ ဣသရေလနိုင်ငံနှိမ့်ချခံရ လျက် ဣသရေလအမျိုးသားတို့နောက်တစ် ဖန်မပုန်ကန်နိုင်ကြစေရန်နှင့်၊ ငြိမ်းချမ်းရေး စာချုပ်ကိုလိုက်နာစောင့်ထိန်းခြင်းအားဖြင့် သာရှင်သန်နိုင်ကြစေရန် အရေးပါအရာ ရောက်သူများကိုဋ္ဌားစာခံအဖြစ်ဖြင့် ခေါ်ဆောင်သွား၏။-
Burmese 1835 Version Judson
ဆွေတော်မျိုးတော်ထဲက တယောက်ကိုယူ၍ ပဋိညာဉ်ဖွဲ့လျက် သစ္စာတိုက်လေပြီ။
Burmese 1928
မင်း မျိုး အ နက် ရွေး ကောက် လျက်၊ ပ ဋိ ညာဉ် ဖွဲ့ သော ထို မင်း အား သ စ္စာ တော် တိုက် ပြီး နောက်၊ နှိမ့် ချ စွာ နေ လျက်၊ ထ ကြွ မှု မ ပြု သည့် အ လျောက်၊ ဖွဲ့ ခဲ့ သော ပ ဋိ ညာဉ် ကို စောင့် ရှောက် သ ဖြင့်၊ နိုင် ငံ တည် မြဲ ရ စေ ခြင်း ငှာ၊ အ ရာ ရှိ အ ပေါင်း တို့ ကို လည်း၊ ထို ပြည် မှ သိမ် သွား လေ ၏။
Burmese 2021
ဆွေတော်မျိုးတော်ထဲက တစ်ယောက်ကိုယူ၍ ပဋိညာဉ်ဖွဲ့လျက် သစ္စာတိုက်လေပြီ။
Burmese JBZV
ေဆြေတာ္မ်ိဳးေတာ္ထဲက တစ္ေယာက္ကိုယူ၍ ပဋိညာဥ္ဖြဲ႕လ်က္ သစၥာတိုက္ေလၿပီ။
Burmese MCLZV
ထိုေနာက္သူသည္ထိုဘုရင္၏ေဆြေတာ္မ်ိဳး ေတာ္တစ္ဦးကိုေခၚယူ၍ ၿငိမ္းခ်မ္းေရးစာ ခ်ဳပ္ကိုခ်ဳပ္ဆိုၿပီးလၽွင္သူ႔အားက်မ္းသစၥာ က်ိန္ဆိုေစ၏။ ဣသေရလနိုင္ငံႏွိမ့္ခ်ခံရ လ်က္ ဣသေရလအမ်ိဳးသားတို႔ေနာက္တစ္ ဖန္မပုန္ကန္နိုင္ၾကေစရန္ႏွင့္၊ ၿငိမ္းခ်မ္းေရး စာခ်ဳပ္ကိုလိုက္နာေစာင့္ထိန္းျခင္းအားျဖင့္ သာရွင္သန္နိုင္ၾကေစရန္ အေရးပါအရာ ေရာက္သူမ်ားကိုဓားစာခံအျဖစ္ျဖင့္ ေခၚေဆာင္သြား၏။-
Burmese MSBU
ထို့နောက် မင်းမျိုးမင်းနွယ်ထဲမှ လူတစ်ဦးကိုခေါ်ယူ၍ သူနှင့်ပဋိညာဉ်ဖွဲ့ကာ ကျိန်ဆိုထားခဲ့၏။ တိုင်းပြည်အကြီးအကဲများကိုမူ ဖမ်းခေါ်သွား၏။
Burmese MSBZ
ထို႔ေနာက္ မင္းမ်ိဳးမင္းႏြယ္ထဲမွ လူတစ္ဦးကိုေခၚယူ၍ သူႏွင့္ပဋိညာဥ္ဖြဲ႕ကာ က်ိန္ဆိုထားခဲ့၏။ တိုင္းျပည္အႀကီးအကဲမ်ားကိုမူ ဖမ္းေခၚသြား၏။