Ezekiel 20:6 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
သူ​တို့​အား​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ကာ သူ​တို့​အ​တွက်​ရွေး​ချယ်​ထား​သော​ပြည်​သို့ ခေါ်​ယူ​သွား​မည်​ဟု ငါ​က​တိ​ပေး​ကျိန်​ဆို ခဲ့​သည်​မှာ​ထို​အ​ခါ​က​ဖြစ်​၏။ ထို​ပြည်​ကား နို့​နှင့်​ပျား​ရည်​စီး​ဆင်း​နေ​၍​ပေါ​များ​သော ပြည်၊ အ​သာ​ယာ​ဆုံး​သော​ပြည်​ဖြစ်​၏။-
Burmese 1835 Version Judson
သူတို့ကို အဲဂုတ္တုပြည်မှ ငါနှုတ်ပြီးလျှင်၊ ပြည် တကာတို့၏ အထွဋ်ဖြစ်၍ နို့နှင့်ပျားရည် စီးသောပြည်၊ သူတို့အဘို့ငှါ ကြည့်ရှုသော ပြည်သို့ ဆောင်သွားခြင်းငှါ ကျိန်ဆိုသောအခါ၊
Burmese 1928
အ ပြည် ပြည်၏ ရ တ နာ ဖြစ် သည့် အ လျောက်၊ ငါ ရွေး ခဲ့ ရာ၊ နို့ ရည် ပျား ရည် လွှမ်း စီး သော ပြည် သို့၊ အိ ဂျစ် ပြည် မှ ပို့ တော် မူ မည် ဟု လက် ရုံး မြှောက် လျက် ငါ က၊
Burmese 2021
သူ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ ငါ​နုတ်​ပြီး​လျှင်၊ ပြည်​တ​ကာ​တို့၏ အထွတ်​ဖြစ်၍ နို့​နှင့်​ပျား​ရည် စီး​သော​ပြည်၊ သူ​တို့​အ​ဖို့​ငှာ ကြည့်​ရှု​သော ပြည်​သို့​ဆောင်​သွား​ခြင်း​ငှာ ကျိန်​ဆို​သော​အ​ခါ၊
Burmese JBZV
သူ​တို႔​ကို အဲ​ဂု​တၱဳ​ျပည္​မွ ငါ​ႏုတ္​ၿပီး​လၽွင္၊ ျပည္​တ​ကာ​တို႔၏ အ​ထြဋ္​ျဖစ္၍ နို႔​ႏွင့္​ပ်ား​ရည္ စီး​ေသာ​ျပည္၊ သူ​တို႔​အ​ဖို႔​ငွာ ၾကည့္​ရွု​ေသာ ျပည္​သို႔​ေဆာင္​သြား​ျခင္း​ငွာ က်ိန္​ဆို​ေသာ​အ​ခါ၊
Burmese MCLZV
သူ​တို႔​အား​အီ​ဂ်စ္​ျပည္​မွ​ထုတ္​ေဆာင္​ကာ သူ​တို႔​အ​တြက္​ေရြး​ခ်ယ္​ထား​ေသာ​ျပည္​သို႔ ေခၚ​ယူ​သြား​မည္​ဟု ငါ​က​တိ​ေပး​က်ိန္​ဆို ခဲ့​သည္​မွာ​ထို​အ​ခါ​က​ျဖစ္​၏။ ထို​ျပည္​ကား နို႔​ႏွင့္​ပ်ား​ရည္​စီး​ဆင္း​ေန​၍​ေပါ​မ်ား​ေသာ ျပည္၊ အ​သာ​ယာ​ဆုံး​ေသာ​ျပည္​ျဖစ္​၏။-
Burmese MSBU
ထို​နေ့​တွင်ပင် သူ​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​ပြီး ပြည်​တကာ​တို့​ထက် သာယာဝပြော​သော​ပြည်​၊ သူ​တို့​အဖို့ ရွေးချယ်​ထား​သော ‘နို့​နှင့်​ပျားရည်​စီး​သော​ပြည်’​သို့ ပို့ဆောင်​ပေး​မည်​ဟု ကတိသစ္စာ​ပြု​ခဲ့​၏​။
Burmese MSBZ
ထို​ေန႔​တြင္ပင္ သူ​တို႔​ကို အီဂ်စ္​ျပည္​မွ​ထုတ္ေဆာင္​ၿပီး ျပည္​တကာ​တို႔​ထက္ သာယာဝေျပာ​ေသာ​ျပည္​၊ သူ​တို႔​အဖို႔ ေ႐ြးခ်ယ္​ထား​ေသာ ‘ႏို႔​ႏွင့္​ပ်ားရည္​စီး​ေသာ​ျပည္’​သို႔ ပို႔ေဆာင္​ေပး​မည္​ဟု ကတိသစၥာ​ျပဳ​ခဲ့​၏​။