Ezekiel 20:9 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
သို့ရာတွင်ငါ၏နာမတော်ကို သူတို့အတူ တကွနေထိုင်လျက်ရှိသောနိုင်ငံများရှေ့တွင် အသရေမပျက်စေခြင်းငှာယင်းသို့မပြု ခဲ့။ အဘယ်ကြောင့်ဆိုသော်ဣသရေလ အမျိုးသားတို့အား အီဂျစ်ပြည်မှထုတ် ဆောင်တော်မူခြင်းဖြင့် သူတို့နှင့်အတူနေ ထိုင်ကြသောလူမျိုးခြားတို့၏ရှေ့တွင် ငါ သည်ထင်ရှားတော်မူခဲ့ပြီဖြစ်သောကြောင့် တည်း။
Burmese 1835 Version Judson
သို့ရာတွင်၊ သူတို့နေသော တပါးအမျိုးသားတို့ ရှေ့မှာ၊ ငါ၏နာမအသရေကို မပျက်စေခြင်းငှါ၊ ငါသည် နာမတော်အတွက်စီရင်၍၊ တပါးအမျိုးသားတို့ရှေ့မှာ ထင်ရှားလျက်၊ သူတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်လေ ၏။
Burmese 1928
သို့ ရာ တွင်၊ အိ ဂျစ် ပြည် မှ ထုတ် ဆောင် ခြင်း အား ဖြင့် ကိုယ် ကို ထင် ရှား စေ သည် ကို၊ သိ မြင် သော ရော ပြွမ်း သူ လူ မျိုး ခြား တို့ ရှေ့၊ နာ မ တော် ရှုတ် ချ မ ခံ ရ စေ ခြင်း ငှာ၊ ပြု စု သည် နှင့် အ ညီ၊
Burmese 2021
သို့ရာတွင်၊ သူတို့နေသော တစ်ပါးအမျိုးသားတို့ရှေ့မှာ၊ ငါ၏နာမအသရေကို မပျက်စေခြင်းငှာ၊ ငါသည် နာမတော်အတွက် စီရင်၍၊ တစ်ပါးအမျိုးသားတို့ရှေ့မှာ ထင်ရှားလျက်၊ သူတို့ကို အဲဂုတ္တုပြည်မှ နုတ်ဆောင်လေ၏။
Burmese JBZV
သို႔ရာတြင္၊ သူတို႔ေနေသာ တစ္ပါးအမ်ိဳးသားတို႔ေရွ႕မွာ၊ ငါ၏နာမအသေရကို မပ်က္ေစျခင္းငွာ၊ ငါသည္ နာမေတာ္အတြက္ စီရင္၍၊ တစ္ပါးအမ်ိဳးသားတို႔ေရွ႕မွာ ထင္ရွားလ်က္၊ သူတို႔ကို အဲဂုတၱဳျပည္မွ ႏုတ္ေဆာင္ေလ၏။
Burmese MCLZV
သို႔ရာတြင္ငါ၏နာမေတာ္ကို သူတို႔အတူ တကြေနထိုင္လ်က္ရွိေသာနိုင္ငံမ်ားေရွ႕တြင္ အသေရမပ်က္ေစျခင္းငွာယင္းသို႔မျပဳ ခဲ့။ အဘယ္ေၾကာင့္ဆိုေသာ္ဣသေရလ အမ်ိဳးသားတို႔အား အီဂ်စ္ျပည္မွထုတ္ ေဆာင္ေတာ္မူျခင္းျဖင့္ သူတို႔ႏွင့္အတူေန ထိုင္ၾကေသာလူမ်ိဳးျခားတို႔၏ေရွ႕တြင္ ငါ သည္ထင္ရွားေတာ္မူခဲ့ၿပီျဖစ္ေသာေၾကာင့္ တည္း။
Burmese MSBU
သို့သော် သူတို့နေထိုင်ရာလူမျိုးခြားတို့အလယ်တွင် ငါ့နာမရှုတ်ချမခံရရန်အတွက် ငါပြုခဲ့၏။ သူတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်လာသောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို လူမျိုးခြားတို့အား သိစေခဲ့၏။
Burmese MSBZ
သို႔ေသာ္ သူတို႔ေနထိုင္ရာလူမ်ိဳးျခားတို႔အလယ္တြင္ ငါ့နာမရႈတ္ခ်မခံရရန္အတြက္ ငါျပဳခဲ့၏။ သူတို႔ကို အီဂ်စ္ျပည္မွထုတ္ေဆာင္လာေသာအခါ ငါသည္ ထာဝရဘုရားျဖစ္ေၾကာင္းကို လူမ်ိဳးျခားတို႔အား သိေစခဲ့၏။