Ezekiel 26:17 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
သို့ဖြစ်၍သူတို့သည်သင့်အားရည်စူး ကာငိုခြင်းသီဆိုသည်မှာ ထင်ပေါ်ကျော်ဇောသောမြို့သည်ပျက်စီး လေပြီတကား။ ပင်လယ်နား၌နေသောမြို့များသည်ပယ်ရှင်း ခြင်းကို ခံရပြီတကား။ ဤမြို့သားတို့သည်ပင်လယ်များကိုအစိုးရ ခဲ့၏။ ပင်လယ်ကမ်းခြေတွင်နေထိုင်သူတို့အားလည်း ကြောက်လန့်တုန်လှုပ်စေခဲ့ကြ၏။
Burmese 1835 Version Judson
သူတို့ကလည်း၊ အိုကျော်စောသောမြို့၊ ပင်လယ် သားနေ၍ ပင်လယ်၌ အားကြီးသော မြို့၊ ပင်လယ်သား အပေါင်းတို့ ရိုသေဘွယ်သော မြို့သားနှင့် ပြည့်စုံသော မြို့၊ သင်သည် အလွန်ပျက်စီးလေပြီတကားဟု သင့်အား ဆိုလျက်၊ သင့်အတွက် မြည်တမ်းကြလိမ့်မည်။
Burmese 1928
မြို့ သား တို့ နှင့် တ ကွ သ မု ဒ္ဒ ရာ တွင် ခိုင် လှုံ လျက်၊ သင်္ဘော စီး သူ အ ပေါင်း တို့ ကို ချောက် လှန့် လျက်၊ သင်္ဘော သား တို့ နေ ရာ၊ ကျော် စော ကိ တ္တိ ရှိ သော အို မြို့ တော်၊ သင် ပျက် စီး လေ ပြီ တ ကား ဟု၊ သင် နှင့် ဆိုင် ရာ ငို ချင်း ကို ဖွဲ့ ဆို ကြ လ တ္တံ့။
Burmese 2021
သူတို့ကလည်း၊ အို ကျော်စောသောမြို့၊ ပင်လယ်သားနေ၍ ပင်လယ်၌ အားကြီးသောမြို့၊ ပင်လယ်သားအပေါင်းတို့ ရိုသေဖွယ်သော မြို့သားနှင့် ပြည့်စုံသောမြို့၊ သင်သည် အလွန်ပျက်စီးလေပြီတကားဟု သင့်အားဆိုလျက်၊ သင့်အတွက် မြည်တမ်းကြလိမ့်မည်။
Burmese JBZV
Burmese MCLZV
Burmese MSBU
သူတို့သည် သင့်ကြောင့်ငိုကြွေးလျက် အို ပင်လယ်သားနေသောမြို့၊ ပင်လယ်ပြင်မှာအားကြီးသောမြို့၊ ကျော်စောသောမြို့၊ သင်သည် ပျက်စီးလေပြီတကား။ မြို့သားတို့သည် ပင်လယ်သားအားလုံးကို ကြောက်ရွံ့တုန်လှုပ်စေခဲ့၏။
Burmese MSBZ