Ezekiel 27:35 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
``ပင်လယ်ကမ်းခြေတွင်နေထိုင်သူအပေါင်း တို့သည်သင်၏ကံကြမ္မာကိုမြင်၍တအံ့တ သြဖြစ်ကြကုန်၏။ သူတို့၏ဘုရင်များပင် လျှင်ထိတ်လန့်တုန်လှုပ်ကြလျက် မျက်နှာတွင် သွေးမရှိကြတော့ပေ။-
Burmese 1835 Version Judson
ကျွန်းသူ ကျွန်းသားအပေါင်းတို့သည် သင်အမှု ကြောင့် မိန်းမောတွေဝေ၍၊ ရှင်ဘုရင်တို့သည် မျက်နှာ ပျက်လျက် ကြက်သီးမွေးညှင်းထကြ၏။
Burmese 1928
သ မု ဒ္ဒ ရာ ကမ်း ခြေ သား အ ပေါင်း တို့ သည် သင့် အ တွက် အံ့ အား သင့် လျက်၊ ဘု ရင် မင်း တို့ လည်း၊ ထိတ် လန့် ကြောက် ရွံ့ ၍ မျက် နှာ ပျက် လျက်၊
Burmese 2021
ကျွန်းသူကျွန်းသားအပေါင်းတို့သည် သင့်အမှုကြောင့် မိန်းမောတွေဝေ၍၊ ရှင်ဘုရင်တို့သည် မျက်နှာပျက်လျက် ကြက်သီးမွေးညင်း ထကြ၏။
Burmese JBZV
ကၽြန္းသူကၽြန္းသားအေပါင္းတို႔သည္ သင့္အမွုေၾကာင့္ မိန္းေမာေတြေဝ၍၊ ရွင္ဘုရင္တို႔သည္ မ်က္ႏွာပ်က္လ်က္ ၾကက္သီးေမြးညင္း ထၾက၏။
Burmese MCLZV
``ပင္လယ္ကမ္းေျခတြင္ေနထိုင္သူအေပါင္း တို႔သည္သင္၏ကံၾကမၼာကိုျမင္၍တအံ့တ ၾသျဖစ္ၾကကုန္၏။ သူတို႔၏ဘုရင္မ်ားပင္ လၽွင္ထိတ္လန႔္တုန္လွုပ္ၾကလ်က္ မ်က္ႏွာတြင္ ေသြးမရွိၾကေတာ့ေပ။-
Burmese MSBU
ကမ်းရိုးတန်းသားအပေါင်းတို့သည် သင့်ကိုအံ့အားသင့်လျက် သူတို့၏ဘုရင်တို့သည်လည်း ကြောက်လန့်အားကြီး၍ မျက်နှာဖြူဖပ်ဖြူရော်ဖြစ်လေပြီ။
Burmese MSBZ
ကမ္း႐ိုးတန္းသားအေပါင္းတို႔သည္ သင့္ကိုအံ့အားသင့္လ်က္ သူတို႔၏ဘုရင္တို႔သည္လည္း ေၾကာက္လန႔္အားႀကီး၍ မ်က္ႏွာျဖဴဖပ္ျဖဴေရာ္ျဖစ္ေလၿပီ။