Ezekiel 29:12 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ငါသည်အီဂျစ်ပြည်ကိုကမ္ဘာပေါ်တွင်လူသူ အဆိတ်ငြိမ်ဆုံးအရပ်ဖြစ်စေမည်။ အနှစ် လေးဆယ်တိုင်တိုင်အီဂျစ်ပြည်မှမြို့များ သည်အခြားအဘယ်မြို့နှင့်မျှမတူအောင် ပျက်စီးယိုယွင်း၍နေလိမ့်မည်။ ငါသည် အီဂျစ်ပြည်သားတို့အားဒုက္ခသည်များ ဖြစ်စေမည်။ သူတို့သည်အတိုင်းတိုင်း အပြည်ပြည်သို့ထွက်ပြေးကာလူမျိုး ခြားတို့ထံတွင်နေထိုင်ရကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
Burmese 1835 Version Judson
ပျက်စီးသောပြည်တို့တွင် အဲဂုတ္တုပြည်ကို ငါဖျက် ဆီးမည်။ လူဆိတ်ညံသောမြို့တို့တွင် အနှစ်လေးဆယ် ပတ်လုံး အဲဂုတ္တုမြို့တို့သည် ပျက်စီးလျက်ရှိကြလိမ့်မည်။ အဲဂုတ္တုလူတို့ကို အတိုင်းတိုင်း အပြည်ပြည်တို့ကို ငါကွဲပြား ပြန်လွင့်စေမည်။
Burmese 1928
ဆိတ် ညံ ရာ ရောက် သော တိုင်း နိုင် ငံ များ အ လယ် တွင်၊ အိ ဂျစ် ပြည် ကိုလည်း ကောင်း၊ ဖုန်း ဆိုး ကုန်း ဖြစ် သော မြို့ များ အ လယ် တွင်၊ မြို့ ရွာ များ ကိုလည်း ကောင်း၊ အ နှစ် လေး ဆယ် တိုင် တိုင် ဆိတ် ညံ ရာ ဖြစ် စေ မည့် ငါ သည်၊ အိ ဂျစ် ပြည် သူ ပြည် သား တို့ ကို၊ လူ အ မျိုး မျိုး အ ပြည် ပြည်၌၊ အ နှံ့ အ ပြား ကွဲ လွင့် စေ မည် ဟု မိန့် ဆို၏။
Burmese 2021
ပျက်စီးသောပြည်တို့တွင် အဲဂုတ္တုပြည်ကို ငါဖျက်ဆီးမည်။ လူဆိတ်ညံသောမြို့တို့တွင် အနှစ်လေးဆယ်ပတ်လုံး အဲဂုတ္တုမြို့တို့သည် ပျက်စီးလျက်ရှိကြလိမ့်မည်။ အဲဂုတ္တုလူတို့ကို အတိုင်းတိုင်း အပြည်ပြည်တို့ကို ငါကွဲပြား ပျံ့လွင့်စေမည်။
Burmese JBZV
ပ်က္စီးေသာျပည္တို႔တြင္ အဲဂုတၱဳျပည္ကို ငါဖ်က္ဆီးမည္။ လူဆိတ္ညံေသာၿမိဳ႕တို႔တြင္ အႏွစ္ေလးဆယ္ပတ္လုံး အဲဂုတၱဳၿမိဳ႕တို႔သည္ ပ်က္စီးလ်က္ရွိၾကလိမ့္မည္။ အဲဂုတၱဳလူတို႔ကို အတိုင္းတိုင္း အျပည္ျပည္တို႔ကို ငါကြဲျပား ပ်ံ႕လြင့္ေစမည္။
Burmese MCLZV
ငါသည္အီဂ်စ္ျပည္ကိုကမၻာေပၚတြင္လူသူ အဆိတ္ၿငိမ္ဆုံးအရပ္ျဖစ္ေစမည္။ အႏွစ္ ေလးဆယ္တိုင္တိုင္အီဂ်စ္ျပည္မွၿမိဳ႕မ်ား သည္အျခားအဘယ္ၿမိဳ႕ႏွင့္မၽွမတူေအာင္ ပ်က္စီးယိုယြင္း၍ေနလိမ့္မည္။ ငါသည္ အီဂ်စ္ျပည္သားတို႔အားဒုကၡသည္မ်ား ျဖစ္ေစမည္။ သူတို႔သည္အတိုင္းတိုင္း အျပည္ျပည္သို႔ထြက္ေျပးကာလူမ်ိဳး ျခားတို႔ထံတြင္ေနထိုင္ရၾကလိမ့္မည္'' ဟုမိန႔္ေတာ္မူ၏။
Burmese MSBU
ငါသည် အီဂျစ်ပြည်ကို လူသူကင်းမဲ့သောပြည်တကာထက် လူသူအကင်းမဲ့ဆုံးပြည် ဖြစ်စေမည်။ ပြိုပျက်ရာမြို့များကြားတွင် အီဂျစ်မြို့များသည်လည်း အနှစ်လေးဆယ်ပတ်လုံး ပြိုပျက်နေလိမ့်မည်။ ငါသည် အီဂျစ်ပြည်သားတို့ကို လူမျိုးတကာတို့အလယ်သို့ ကွဲလွင့်စေမည်။ အတိုင်းတိုင်းအပြည်ပြည်သို့ တကွဲတပြားဖြစ်စေမည်’ဟု မိန့်တော်မူ၏။
Burmese MSBZ
ငါသည္ အီဂ်စ္ျပည္ကို လူသူကင္းမဲ့ေသာျပည္တကာထက္ လူသူအကင္းမဲ့ဆုံးျပည္ ျဖစ္ေစမည္။ ၿပိဳပ်က္ရာၿမိဳ႕မ်ားၾကားတြင္ အီဂ်စ္ၿမိဳ႕မ်ားသည္လည္း အႏွစ္ေလးဆယ္ပတ္လုံး ၿပိဳပ်က္ေနလိမ့္မည္။ ငါသည္ အီဂ်စ္ျပည္သားတို႔ကို လူမ်ိဳးတကာတို႔အလယ္သို႔ ကြဲလြင့္ေစမည္။ အတိုင္းတိုင္းအျပည္ျပည္သို႔ တကြဲတျပားျဖစ္ေစမည္’ဟု မိန႔္ေတာ္မူ၏။