Ezekiel 30:18 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
အီ​ဂျစ်​ပြည်​၏​တန်​ခိုး​အာ​ဏာ​တည်း​ဟူ သော​ထမ်း​ပိုး​ကို ငါ​ချိုး​နှိမ်​သော​အ​ခါ​သူ တို့​ဂုဏ်​ယူ​ဝါ​ကြွား​သည့်​စွမ်း​ရည်​သတ္တိ ကို​ပ​ပျောက်​စေ​မည်။ တာ​ပ​နက်​မြို့​သည် မှောင်​မိုက်​၍​နေ​လိမ့်​မည်။ အီ​ဂျစ်​ပြည်​တွင် မိုး​တိမ်​များ​အုပ်​ဆိုင်း​လျက်​မြို့​အား​လုံး မှ​လူ​တို့​သည်​သုံ့​ပန်း​အ​ဖြစ်​ဖမ်း​ဆီး သိမ်း​ယူ​သွား​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။-
Burmese 1835 Version Judson
တာပနက်မြို့၌ အဲဂုတ္တုလှံတံတို့ကို ငါချိုး၍၊ သူ့အစွမ်းသတ္တိ၏ ဂုဏ်အသရေဆုံးသောအခါ နေ့အချိန် ၌ အလင်းကွယ်လိမ့်မည်။ မိုဃ်းအုံ၍ မြို့သမီးတို့သည် သိမ်းသွားခြင်းကို ခံရကြလိမ့်မည်။
Burmese 1928
အိ ဂျစ် ထမ်း ပိုး များ ကို ငါ ချိုး ဖြတ် သ ဖြင့်၊ မောက် မာ ရာ ခံ မြို့ ပ ပျောက် သည့် ကာ လ၊ နေ အ လင်း သည်၊ တာ ပ နက် မြို့ မှ ကွယ်၍၊ မိုး သား လည်း အုံ့ လျက်၊ မြို့ သူ တို့ သုံ့ ပန်း သိမ်း သွား ခံ ရ ကြ လိမ့် မည်။
Burmese 2021
တာ​ပ​နက်​မြို့၌ အဲ​ဂု​တ္တု​လှံ​တံ​တို့​ကို ငါ​ချိုး၍၊ သူ့​အ​စွမ်း​သ​တ္တိ၏​ဂုဏ်​အ​သ​ရေ​ဆုံး​သော​အ​ခါ နေ့​အ​ချိန်၌ အ​လင်း​ကွယ်​လိမ့်​မည်။ မိုး​အုံ့၍ မြို့​သ​မီး​တို့​သည် သိမ်း​သွား​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။
Burmese JBZV
တာ​ပ​နက္​ၿမိဳ႕၌ အဲ​ဂု​တၱဳ​လွံ​တံ​တို႔​ကို ငါ​ခ်ိဳး၍၊ သူ႔​အ​စြမ္း​သ​တၱိ၏​ဂုဏ္​အ​သ​ေရ​ဆုံး​ေသာ​အ​ခါ ေန႔​အ​ခ်ိန္၌ အ​လင္း​ကြယ္​လိမ့္​မည္။ မိုး​အုံ႔၍ ၿမိဳ႕​သ​မီး​တို႔​သည္ သိမ္း​သြား​ျခင္း​ကို​ခံ​ရ​ၾက​လိမ့္​မည္။
Burmese MCLZV
အီ​ဂ်စ္​ျပည္​၏​တန္​ခိုး​အာ​ဏာ​တည္း​ဟူ ေသာ​ထမ္း​ပိုး​ကို ငါ​ခ်ိဳး​ႏွိမ္​ေသာ​အ​ခါ​သူ တို႔​ဂုဏ္​ယူ​ဝါ​ႂကြား​သည့္​စြမ္း​ရည္​သတၱိ ကို​ပ​ေပ်ာက္​ေစ​မည္။ တာ​ပ​နက္​ၿမိဳ႕​သည္ ေမွာင္​မိုက္​၍​ေန​လိမ့္​မည္။ အီ​ဂ်စ္​ျပည္​တြင္ မိုး​တိမ္​မ်ား​အုပ္​ဆိုင္း​လ်က္​ၿမိဳ႕​အား​လုံး မွ​လူ​တို႔​သည္​သုံ႔​ပန္း​အ​ျဖစ္​ဖမ္း​ဆီး သိမ္း​ယူ​သြား​ျခင္း​ကို​ခံ​ရ​ၾက​လိမ့္​မည္။-
Burmese MSBU
အီဂျစ်​ပြည်​၏​ထမ်းပိုး​ကို ချိုး​ပစ်​သောအခါ တာပနက်​မြို့​၌ နေ့​သည် အမှောင်ကျ​လိမ့်မည်​။ သူ​ဂုဏ်ယူအားထား​ရာ သူ​၏​ခွန်အား​သည်​လည်း ကုန်ခန်း​သွား​၍ သူ့​အဖို့ တိမ်ဖုံး​သော​နေ့​တစ်နေ့​ဖြစ်​လိမ့်မည်​။ မြို့သူမြို့သား​တို့​သည် သုံ့ပန်း​အဖြစ် ပါသွား​ကြ​လိမ့်မည်​။
Burmese MSBZ
အီဂ်စ္​ျပည္​၏​ထမ္းပိုး​ကို ခ်ိဳး​ပစ္​ေသာအခါ တာပနက္​ၿမိဳ႕​၌ ေန႔​သည္ အေမွာင္က်​လိမ့္မည္​။ သူ​ဂုဏ္ယူအားထား​ရာ သူ​၏​ခြန္အား​သည္​လည္း ကုန္ခန္း​သြား​၍ သူ႔​အဖို႔ တိမ္ဖုံး​ေသာ​ေန႔​တစ္ေန႔​ျဖစ္​လိမ့္မည္​။ ၿမိဳ႕သူၿမိဳ႕သား​တို႔​သည္ သုံ႔ပန္း​အျဖစ္ ပါသြား​ၾက​လိမ့္မည္​။