Ezekiel 31:16 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ထိုအာရစ်ပင်ကိုမရဏာနိုင်ငံသို့ငါဆင်း သက်စေသောအခါ ယင်းပြိုလဲသည့်အသံ ကြောင့်လူမျိုးတကာတို့သည်တုန်လှုပ်သွား ကြလိမ့်မည်။ ထိုအခါမြေအောက်ကမ္ဘာသို့ ရောက်ရှိနေကြသောဧဒင်ဥယျာဉ်မှ သစ်ပင် ရှိသမျှနှင့်လေဗနုန်တောမှရေအဝသောက် ရသောအကောင်းဆုံးလက်ရွေးစင်သစ်ပင် များသည်နှစ်ထောင်းအားရကြလိမ့်မည်။-
Burmese 1835 Version Judson
မြေတွင်းထဲသို့ ဆင်းသွားသောသူတို့နှင့်အတူ သူ့ကို မရဏနိုင်ငံထဲသို့ ငါနှိမ့်ချသောအခါ၊ နှိမ့်ချသံ အားဖြင့် လူအမျိုးမျိုးတို့ကို ငါတုန်လှုပ်စေ၏။ ဧဒင် သစ်ပင်ရှိသမျှတို့နှင့် အကောင်းဆုံး။ အမြတ်ဆုံးသော လေဗနန်သစ်ပင်မှစ၍၊ ရေကိုသောက်သမျှသော သစ်ပင်တို့သည် မြေအောက်အရပ်တို့၌ သက်သာခြင်းသို့ ရောက်ကြ၏။
Burmese 1928
သင်္ချိုင်း တွင်း ဆင်း ရ သူ တို့ နှင့် တ ကွ၊ မ ရ ဏာ့ နိုင် ငံ သို့ ငါ ချ သည့် ကာ လ၊ ကျ သံ ကြောင့် လူ မျိုး ခြား တို့ တုန် လှုပ် သည့် ပြင်၊ ဧ ဒင် ဥ ယျာဉ် အ ပင်၊ လေ ဗ နုန် တော ထူး မြတ် သော အ ပင်၊ ရေ သောက် သော အ ပင် ဟူ သ မျှ သည်၊ မြေ ပ ထ ဝီ နက် ရှိုင်း ရာ၌ နှစ် သိမ့် ရ ကြ လ တ္တံ့။
Burmese 2021
မြေတွင်းထဲသို့ ဆင်းသွားသောသူတို့နှင့်အတူ သူ့ကို မရဏနိုင်ငံထဲသို့ ငါနှိမ့်ချသောအခါ၊ နှိမ့်ချသံအားဖြင့် လူအမျိုးမျိုးတို့ကို ငါတုန်လှုပ်စေ၏။ ဧဒင်သစ်ပင်ရှိသမျှတို့နှင့် အကောင်းဆုံး၊ အမြတ်ဆုံးသော လေဗနုန်သစ်ပင်မှစ၍၊ ရေကိုသောက်သမျှသော သစ်ပင်တို့သည် မြေအောက်အရပ်တို့၌ သက်သာခြင်းသို့ရောက်ကြ၏။
Burmese JBZV
ေျမတြင္းထဲသို႔ ဆင္းသြားေသာသူတို႔ႏွင့္အတူ သူ႔ကို မရဏနိုင္ငံထဲသို႔ ငါႏွိမ့္ခ်ေသာအခါ၊ ႏွိမ့္ခ်သံအားျဖင့္ လူအမ်ိဳးမ်ိဳးတို႔ကို ငါတုန္လွုပ္ေစ၏။ ဧဒင္သစ္ပင္ရွိသမၽွတို႔ႏွင့္ အေကာင္းဆုံး၊ အျမတ္ဆုံးေသာ ေလဗႏုန္သစ္ပင္မွစ၍၊ ေရကိုေသာက္သမၽွေသာ သစ္ပင္တို႔သည္ ေျမေအာက္အရပ္တို႔၌ သက္သာျခင္းသို႔ေရာက္ၾက၏။
Burmese MCLZV
ထိုအာရစ္ပင္ကိုမရဏာနိုင္ငံသို႔ငါဆင္း သက္ေစေသာအခါ ယင္းၿပိဳလဲသည့္အသံ ေၾကာင့္လူမ်ိဳးတကာတို႔သည္တုန္လွုပ္သြား ၾကလိမ့္မည္။ ထိုအခါေျမေအာက္ကမၻာသို႔ ေရာက္ရွိေနၾကေသာဧဒင္ဥယ်ာဥ္မွ သစ္ပင္ ရွိသမၽွႏွင့္ေလဗႏုန္ေတာမွေရအဝေသာက္ ရေသာအေကာင္းဆုံးလက္ေရြးစင္သစ္ပင္ မ်ားသည္ႏွစ္ေထာင္းအားရၾကလိမ့္မည္။-
Burmese MSBU
တွင်းထဲကျသွားသူတို့နှင့်အတူ သူ့ကိုမရဏာနိုင်ငံထဲသို့ ကျသွားစေသောအခါ သူကျသွားသောအသံကြောင့် လူမျိုးတကာတို့လည်း တုန်လှုပ်ကြ၏။ ထိုအခါ ဧဒင်ဥယျာဉ်မှ အပင်များ၊ လက်ဘနွန်တောင်မှ အကောင်းတကာ့အကောင်းဆုံးအပင်များ၊ ရေဝသောအပင်များလည်း မြေကြီးအောက်အရပ်၌ စိတ်သက်သာရာရလိမ့်မည်။
Burmese MSBZ
တြင္းထဲက်သြားသူတို႔ႏွင့္အတူ သူ႔ကိုမရဏာႏိုင္ငံထဲသို႔ က်သြားေစေသာအခါ သူက်သြားေသာအသံေၾကာင့္ လူမ်ိဳးတကာတို႔လည္း တုန္လႈပ္ၾက၏။ ထိုအခါ ဧဒင္ဥယ်ာဥ္မွ အပင္မ်ား၊ လက္ဘႏြန္ေတာင္မွ အေကာင္းတကာ့အေကာင္းဆုံးအပင္မ်ား၊ ေရဝေသာအပင္မ်ားလည္း ေျမႀကီးေအာက္အရပ္၌ စိတ္သက္သာရာရလိမ့္မည္။