Ezekiel 32:18 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ကိုယ်တော်က``အချင်းလူသား၊ အီဂျစ်ပြည်မှ မြောက်မြားစွာသောလူအပေါင်းတို့အတွက် ငိုကြွေးမြည်တမ်းလော့။ သူမကိုအခြားတန် ခိုးကြီးသူလူမျိုးများ၏သမီးပျိုများ နှင့်အတူ မရဏာနိုင်ငံသို့ပို့ဆောင်လော့။
Burmese 1835 Version Judson
အချင်းလူသား၊ အဲဂုတ္တုပြည်သားအလုံးအရင်း အတွက် မြည်တမ်းခြင်းကို ပြုလော့။ မြေတွင်းထဲသို့ ဆင်းသွားသောသူတို့နေရာ မြေအောက်အရပ်သို့ တိုင် အောင်၊ ကျော်စောသောလူမျိုးသတို့သမီးတို့နှင့်တကွ နှိမ့်ချ လျက် မြွက်ဆိုရမည်မှာ၊
Burmese 1928
အ ချင်း လူ့ သား၊ အိ ဂျစ် ပြည် သူ ပြည် သား တို့ နှင့်၊ လူ မျိုး ကြီး လူ မျိုး မြတ် တို့၏ သ မီး များ ကို၊ သင်္ချိုင်း တွင်း ဆင်း ရ သူ တို့ နှင့် တ ကွ၊ မြေ ပ ထ ဝီ နက် ရှိုင်း ရာ သို့ ချ အပ် လျက်၊ မြည် တမ်း ချက် ဖွဲ့ ဆို ရ မည် မှာ၊
Burmese 2021
အချင်းလူသား၊ အဲဂုတ္တုပြည်သားအလုံးအရင်းအတွက် မြည်တမ်းခြင်းကို ပြုလော့။ မြေတွင်းထဲသို့ ဆင်းသွားသော သူတို့နေရာ မြေအောက်အရပ်သို့ တိုင်အောင်၊ ကျော်စောသောလူမျိုး သတို့သမီးတို့နှင့်တကွ နှိမ့်ချလျက် မြွက်ဆိုရမည်မှာ၊
Burmese JBZV
အခ်င္းလူသား၊ အဲဂုတၱဳျပည္သားအလုံးအရင္းအတြက္ ျမည္တမ္းျခင္းကို ျပဳေလာ့။ ေျမတြင္းထဲသို႔ ဆင္းသြားေသာ သူတို႔ေနရာ ေျမေအာက္အရပ္သို႔ တိုင္ေအာင္၊ ေက်ာ္ေစာေသာလူမ်ိဳး သတို႔သမီးတို႔ႏွင့္တကြ ႏွိမ့္ခ်လ်က္ ႁမြက္ဆိုရမည္မွာ၊
Burmese MCLZV
ကိုယ္ေတာ္က``အခ်င္းလူသား၊ အီဂ်စ္ျပည္မွ ေျမာက္ျမားစြာေသာလူအေပါင္းတို႔အတြက္ ငိုေႂကြးျမည္တမ္းေလာ့။ သူမကိုအျခားတန္ ခိုးႀကီးသူလူမ်ိဳးမ်ား၏သမီးပ်ိဳမ်ား ႏွင့္အတူ မရဏာနိုင္ငံသို႔ပို႔ေဆာင္ေလာ့။
Burmese MSBU
“အချင်းလူသား၊ အီဂျစ်လူအုပ်ကြီးအတွက် ငိုကြွေးမြည်တမ်းလော့။ အီဂျစ်ပြည်နှင့် အင်အားကြီးသောလူမျိုးတို့၏သမီးပျိုတို့ကို တွင်းထဲကျသွားသောသူတို့နှင့်အတူ မြေကြီးအောက်တွင်းနက်ထဲသို့ ပစ်ချလျက်
Burmese MSBZ
“အခ်င္းလူသား၊ အီဂ်စ္လူအုပ္ႀကီးအတြက္ ငိုေႂကြးျမည္တမ္းေလာ့။ အီဂ်စ္ျပည္ႏွင့္ အင္အားႀကီးေသာလူမ်ိဳးတို႔၏သမီးပ်ိဳတို႔ကို တြင္းထဲက်သြားေသာသူတို႔ႏွင့္အတူ ေျမႀကီးေအာက္တြင္းနက္ထဲသို႔ ပစ္ခ်လ်က္