Ezekiel 34:4 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
အားနည်းသောသိုးတို့ကိုမကြည့်ရှု။ နာ ဖျားသောသိုးတို့ကိုလည်းဆေးမကု။ ဒဏ် ရာရသောသိုးတို့ကိုအဝတ်နှင့်မစည်း။ လမ်းမှားသည့်သိုးတို့ကိုပြန်၍မစုသိမ်း။ ပျောက်သောသိုးတို့ကိုလည်းမရှာဘဲသင် တို့သည်ထိုသိုးတို့ကိုမညှာမတာပြုမူ ကြ၏။-
Burmese 1835 Version Judson
အားနည်းသောသိုးကိုမ မစကြ၊ နာသော သိုးတို့ကိုဆေးမကုကြ၊ အရိုးကျိုးသောသိုးကို အဝတ်နှင့် မစည်းကြ၊ သူတပါးနှင့်သော သိုးကိုလိုက် ၍မဆောင်ခဲ့ ကြ၊ ပျောက်သောသိုးကို မရှာကြ၊ အနိုင်အထက်ပြု၍ ကြမ်းတမ်းစွာ စီရင်ကြပြီ။
Burmese 1928
အား နည်း ရာ ကို သန် မာ စေ ခြင်း၊ နာ ကျင် ရာ ကို ကု သ ခြင်း၊ ချို့ တဲ့ ရာ ကို ကျပ် စည်း ခြင်း၊ လမ်း လွဲ ရာ ကို ပြန် စု ခြင်း၊ ပျောက် သွား ရာ ကို လိုက် ရှာ ခြင်း မ ပြု ဘဲ၊ ကျပ် တည်း ရက် စက် စွာ နှိမ် နှင်း ကြ သည် တ ကား။
Burmese 2021
အားနည်းသောသိုးကို မ မစကြ၊ နာသောသိုးတို့ကို ဆေးမကုကြ၊ အရိုးကျိုးသောသိုးကို အဝတ်နှင့်မစည်းကြ၊ သူတစ်ပါးနှင်သော သိုးကို လိုက်၍မဆောင်ခဲ့ကြ၊ ပျောက်သောသိုးကို မရှာကြ၊ အနိုင်အထက်ပြု၍ ကြမ်းတမ်းစွာ စီရင်ကြပြီ။
Burmese JBZV
အားနည္းေသာသိုးကို မ မစၾက၊ နာေသာသိုးတို႔ကို ေဆးမကုၾက၊ အရိုးက်ိဳးေသာသိုးကို အဝတ္ႏွင့္မစည္းၾက၊ သူတစ္ပါးႏွင္ေသာ သိုးကို လိုက္၍မေဆာင္ခဲ့ၾက၊ ေပ်ာက္ေသာသိုးကို မရွာၾက၊ အနိုင္အထက္ျပဳ၍ ၾကမ္းတမ္းစြာ စီရင္ၾကၿပီ။
Burmese MCLZV
အားနည္းေသာသိုးတို႔ကိုမၾကည့္ရွု။ နာ ဖ်ားေသာသိုးတို႔ကိုလည္းေဆးမကု။ ဒဏ္ ရာရေသာသိုးတို႔ကိုအဝတ္ႏွင့္မစည္း။ လမ္းမွားသည့္သိုးတို႔ကိုျပန္၍မစုသိမ္း။ ေပ်ာက္ေသာသိုးတို႔ကိုလည္းမရွာဘဲသင္ တို႔သည္ထိုသိုးတို႔ကိုမညႇာမတာျပဳမူ ၾက၏။-
Burmese MSBU
အားနည်းသောသိုးတို့ကို အားမဖြည့်ပေး၊ ဖျားနာသောသိုးတို့ကို ဆေးမကုပေး၊ ဒဏ်ရာရသောသိုးတို့ကိုလည်း ကျပ်မစည်းပေးကြ။ လမ်းလွဲသောသိုးများကို ပြန်မခေါ်ဆောင်လာ၊ ပျောက်သောသိုးတို့ကိုလည်း မရှာဖွေကြ။ သင်တို့သည် သိုးတို့ကို ခက်ထန်ကြမ်းတမ်းစွာ ထိန်းကျောင်းကြ၏။
Burmese MSBZ
အားနည္းေသာသိုးတို႔ကို အားမျဖည့္ေပး၊ ဖ်ားနာေသာသိုးတို႔ကို ေဆးမကုေပး၊ ဒဏ္ရာရေသာသိုးတို႔ကိုလည္း က်ပ္မစည္းေပးၾက။ လမ္းလြဲေသာသိုးမ်ားကို ျပန္မေခၚေဆာင္လာ၊ ေပ်ာက္ေသာသိုးတို႔ကိုလည္း မရွာေဖြၾက။ သင္တို႔သည္ သိုးတို႔ကို ခက္ထန္ၾကမ္းတမ္းစြာ ထိန္းေက်ာင္းၾက၏။