Ezekiel 36:3 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
``သို့ဖြစ်၍ငါအရှင်ထာဝရဘုရားမိန့်တော် မူသောစကားကိုဆင့်ဆိုလော့။ အိမ်နီးချင်း တိုင်းပြည်တို့သည်ဣသရေလတောင်များ ကိုတိုက်ခိုက်လုယက်သိမ်းပိုက်ကြသောအခါ လူတိုင်းပင်ဣသရေလအမျိုးသားတို့အား ပြက်ရယ်ပြုကြ၏။-
Burmese 1835 Version Judson
ပရောဖက်ပြု၍ အရှင်ထာဝရဘုရား၏ အမိန့် တော်ကိုဆင့်ဆိုရမည်မှာ၊ သင်တို့သည်ကျန်ကြွင်းသော တပါးအမျိုးသားတို့ သိမ်းယူရာဖြစ်သည်တိုင်အောင်၊ သင်တို့ကိုသုတ်သင်ပယ်ရှင်း၍ ပတ်လည်ကိုက်စားသော ကြောင့်၎င်း၊ သင်တို့သည် လူများပြော ဆိုရာ၊ ကဲ့ရဲ့ရာ ဖြစ်သောကြောင့်၎င်း၊
Burmese 1928
သင် ဟော ပြော ဆင့် ဆို ရ မည့်၊ ငါ အ ရှင် ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ချက် ကား၊ အို ဣ သ ရေ လ တောင် တို့၊ သင် တို့ သည် လူ မျိုး ခြား အ ကြွင်း အ ကျန် တို့ ပိုင် ရာ ရောက် စေ ခြင်း ငှာ၊ အ ဘက် ဘက် က ထို သူ တို့ ဖိ နင်း လျက် ဖုန်း ဆိုး ကုန်း ထား သည့် အ လျောက် နှုတ် ဖြင့် ကဲ့ ရဲ့ ချက်၊ လူ တို့ ဆဲ ရေး ချက် များ ကို ခံ ရ ကြ သော ကြောင့်၊ အ ရှင် ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် ကို နာ ခံ ကြ လော့။ ပတ် လည် ရှိ လူ မျိုး ခြား အ ကြွင်း အ ကျန် တို့ လု ယူ ရာ၊ ပြက် ရယ် ပြု ရာ အ ကြောင်း ဖြစ် သော တောင်၊ ကုန်း၊ ချောင်း၊ ချိုင့် များ မှ စ၍၊ ဆိတ် ညံ ရာ ဖုန်း ဆိုး ကုန်း နှင့်၊ လူ စွန့် ရာ မြို့ ပျက် များ အား၊
Burmese 2021
ပရောဖက်ပြု၍ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ သင်တို့သည် ကျန်ကြွင်းသော တစ်ပါးအမျိုးသားတို့ သိမ်းယူရာဖြစ်ရသည်တိုင်အောင်၊ သင်တို့ကို သုတ်သင်ပယ်ရှင်း၍ ပတ်လည် ကိုက်စားသောကြောင့်လည်းကောင်း၊ သင်တို့သည် လူများပြောဆိုရာ၊ ကဲ့ရဲ့ရာဖြစ်သောကြောင့်လည်းကောင်း၊
Burmese JBZV
ပေရာဖက္ျပဳ၍ အရွင္ထာဝရဘုရား၏ အမိန္႔ေတာ္ကို ဆင့္ဆိုရမည္မွာ၊ သင္တို႔သည္ က်န္ႂကြင္းေသာ တစ္ပါးအမ်ိဳးသားတို႔ သိမ္းယူရာျဖစ္ရသည္တိုင္ေအာင္၊ သင္တို႔ကို သုတ္သင္ပယ္ရွင္း၍ ပတ္လည္ ကိုက္စားေသာေၾကာင့္လည္းေကာင္း၊ သင္တို႔သည္ လူမ်ားေျပာဆိုရာ၊ ကဲ့ရဲ့ရာျဖစ္ေသာေၾကာင့္လည္းေကာင္း၊
Burmese MCLZV
``သို႔ျဖစ္၍ငါအရွင္ထာဝရဘုရားမိန႔္ေတာ္ မူေသာစကားကိုဆင့္ဆိုေလာ့။ အိမ္နီးခ်င္း တိုင္းျပည္တို႔သည္ဣသေရလေတာင္မ်ား ကိုတိုက္ခိုက္လုယက္သိမ္းပိုက္ၾကေသာအခါ လူတိုင္းပင္ဣသေရလအမ်ိဳးသားတို႔အား ျပက္ရယ္ျပဳၾက၏။-
Burmese MSBU
ထို့ကြောင့် သင်သည် ဤသို့ ပရောဖက်ပြုဟောပြောလော့။ ဘုရားရှင်ထာဝရဘုရားက ‘ရန်သူတို့သည် သင်တို့ကို အဘက်ဘက်ကဝိုင်းဝန်းချေမှုန်းပြီး လူသူကင်းမဲ့ရာဖြစ်စေ၏။ အခြားတိုင်းပြည်များသည် သင်တို့ကို ပိုင်ဆိုင်သွား၏။ သင်တို့ကို လူအများအတင်းပြောစရာ၊ ရှုတ်ချစရာ ဖြစ်စေ၏’ဟု မိန့်တော်မူ၏။
Burmese MSBZ
ထို႔ေၾကာင့္ သင္သည္ ဤသို႔ ပေရာဖက္ျပဳေဟာေျပာေလာ့။ ဘုရားရွင္ထာဝရဘုရားက ‘ရန္သူတို႔သည္ သင္တို႔ကို အဘက္ဘက္ကဝိုင္းဝန္းေခ်မႈန္းၿပီး လူသူကင္းမဲ့ရာျဖစ္ေစ၏။ အျခားတိုင္းျပည္မ်ားသည္ သင္တို႔ကို ပိုင္ဆိုင္သြား၏။ သင္တို႔ကို လူအမ်ားအတင္းေျပာစရာ၊ ရႈတ္ခ်စရာ ျဖစ္ေစ၏’ဟု မိန႔္ေတာ္မူ၏။