Ezekiel 36:35 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ယခင်ကအသုံးမကျသောမြေရိုင်းဖြစ် နေခဲ့သောမြေယာတို့သည် ဧဒင်ဥယျာဉ် သဖွယ်ဖြစ်လာကြောင်း၊ ယခင်ကဖြိုဖျက် လုယက်တိုက်ခိုက်ခြင်းခံရ၍ယိုယွင်းပျက် စီးနေခဲ့သောမြို့တို့တွင်လည်း ယခုအခါ အခိုင်အမာခံတပ်များတည်ဆောက်ထား လျက်လူတို့နေထိုင်လျက်ရှိကြောင်းလူ တိုင်းပြောဆိုကြလိမ့်မည်။-
Burmese 1835 Version Judson
ထိုအခါ သူတပါးတို့က၊ အရင်စွန့်ပစ်သော ဤမြေသည် ဧဒင်ဥယျာဉ်ကဲ့သို့ ဖြစ်လေပြီ။ သုတ်သင် ပယ်ရှင်းပျက်စီးသော မြို့တို့သည်လည်း ခိုင်ခံ့၍ မြို့သား တို့နှင့် ပြည့်စုံကြပြီဟု ပြောကြလိမ့်မည်။
Burmese 1928
လယ် လုပ် ပြန် ရ သည့် အ တိုင်း၊ ဆိတ် ညံ ရာ ရောက် သော ထို ပြည် သည်၊ ဧ ဒင် ဥ ယျာဉ် ကဲ့ သို့ ဖြစ် လျက်၊ ဆိတ် ညံ ရာ မြို့ ဆိုး ကုန်း၊ မြို့ ပျက် များ လည်း စည် ကား သော ခံ မြို့ ဖြစ် လာ ပြီ တ ကား ဟု ဆို ရိုး ရှိ လိမ့် မည်။
Burmese 2021
ထိုအခါ သူတစ်ပါးတို့က၊ အရင်စွန့်ပစ်သော ဤမြေသည် ဧဒင်ဥယျာဉ်ကဲ့သို့ ဖြစ်လေပြီ။ သုတ်သင် ပယ်ရှင်းပျက်စီးသော မြို့တို့သည်လည်း ခိုင်ခံ့၍ မြို့သားတို့နှင့် ပြည့်စုံကြပြီဟု ပြောကြလိမ့်မည်။
Burmese JBZV
ထိုအခါ သူတစ္ပါးတို႔က၊ အရင္စြန္႔ပစ္ေသာ ဤေျမသည္ ဧဒင္ဥယ်ာဥ္ကဲ့သို႔ ျဖစ္ေလၿပီ။ သုတ္သင္ ပယ္ရွင္းပ်က္စီးေသာ ၿမိဳ႕တို႔သည္လည္း ခိုင္ခံ့၍ ၿမိဳ႕သားတို႔ႏွင့္ ျပည့္စုံၾကၿပီဟု ေျပာၾကလိမ့္မည္။
Burmese MCLZV
ယခင္ကအသုံးမက်ေသာေျမရိုင္းျဖစ္ ေနခဲ့ေသာေျမယာတို႔သည္ ဧဒင္ဥယ်ာဥ္ သဖြယ္ျဖစ္လာေၾကာင္း၊ ယခင္ကၿဖိဳဖ်က္ လုယက္တိုက္ခိုက္ျခင္းခံရ၍ယိုယြင္းပ်က္ စီးေနခဲ့ေသာၿမိဳ႕တို႔တြင္လည္း ယခုအခါ အခိုင္အမာခံတပ္မ်ားတည္ေဆာက္ထား လ်က္လူတို႔ေနထိုင္လ်က္ရွိေၾကာင္းလူ တိုင္းေျပာဆိုၾကလိမ့္မည္။-
Burmese MSBU
သူတို့က လူသူကင်းမဲ့ခဲ့သော ဤမြေသည် ဧဒင်ဥယျာဉ်ကဲ့သို့ဖြစ်လာပြီ။ ဖျက်ဆီးခံရသဖြင့် ဆိတ်ညံ၍ လူသူကင်းမဲ့သောမြို့များသည်လည်း လူနေထိုင်ရာခိုင်ခံ့သောမြို့များဖြစ်လာပြီဟု ပြောဆိုကြလိမ့်မည်။
Burmese MSBZ
သူတို႔က လူသူကင္းမဲ့ခဲ့ေသာ ဤေျမသည္ ဧဒင္ဥယ်ာဥ္ကဲ့သို႔ျဖစ္လာၿပီ။ ဖ်က္ဆီးခံရသျဖင့္ ဆိတ္ညံ၍ လူသူကင္းမဲ့ေသာၿမိဳ႕မ်ားသည္လည္း လူေနထိုင္ရာခိုင္ခံ့ေသာၿမိဳ႕မ်ားျဖစ္လာၿပီဟု ေျပာဆိုၾကလိမ့္မည္။