Ezekiel 37:7 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ထို့​ကြောင့်​ငါ​သည်​ကိုယ်​တော်​မိန့်​တော်​မူ​သည့် အ​တိုင်း​ဟော​ပြော​၏။ ယင်း​သို့​ဟော​ပြော​နေ စဉ်​တ​ချွတ်​ချွတ်​မြည်​သံ​ကို​ငါ​ကြား​ရ​၏။ ထို​နောက်​အ​ရိုး​တို့​သည်​တစ်​ခု​နှင့်​တစ်​ခု ဆက်​စပ်​သွား​ကြ​၏။-
Burmese 1835 Version Judson
မှာထားတော်မူသည်အတိုင်း ငါသည် ပရော ဖက်ပြု၏။ ပရောဖက်ပြုစဉ်တွင် အသံမြည်၏။ လှုပ်ရှား ခြင်းလည်း ရှိ၏။ အရိုးတို့သည် တခုအနီးသို့တခု ချဉ်းကြ ၏။
Burmese 1928
မိန့် တော် မူ သည့် အ တိုင်း ငါ ဟော ပြော ၏။ ထို သို့ ဟော ပြော စဉ် တွင်၊ အ သံ ပြု ခြင်း၊ လှုပ် ရှား ခြင်း ရှိ ရာ၊ အ ရိုး ချင်း များ သည် စေ့ စပ် ပြီး လျှင်၊ ငါ ရှု ကြည့် သော်၊
Burmese 2021
မှာ​ထား​တော်​မူ​သည်​အ​တိုင်း ငါ​သည် ပ​ရော​ဖက်​ပြု၏။ ပ​ရော​ဖက်​ပြု​စဉ်​တွင် အ​သံ​မြည်၏။ လှုပ်​ရှား​ခြင်း​လည်း ရှိ၏။ အ​ရိုး​တို့​သည် တစ်​ခု​အ​နီး​သို့​တစ်​ခု ချဉ်း​ကြ၏။
Burmese JBZV
မွာ​ထား​ေတာ္​မူ​သည္​အ​တိုင္း ငါ​သည္ ပ​ေရာ​ဖက္​ျပဳ၏။ ပ​ေရာ​ဖက္​ျပဳ​စဥ္​တြင္ အ​သံ​ျမည္၏။ လွုပ္​ရွား​ျခင္း​လည္း ရွိ၏။ အ​ရိုး​တို႔​သည္ တစ္​ခု​အ​နီး​သို႔​တစ္​ခု ခ်ဥ္း​ၾက၏။
Burmese MCLZV
ထို႔​ေၾကာင့္​ငါ​သည္​ကိုယ္​ေတာ္​မိန႔္​ေတာ္​မူ​သည့္ အ​တိုင္း​ေဟာ​ေျပာ​၏။ ယင္း​သို႔​ေဟာ​ေျပာ​ေန စဥ္​တ​ခၽြတ္​ခၽြတ္​ျမည္​သံ​ကို​ငါ​ၾကား​ရ​၏။ ထို​ေနာက္​အ​ရိုး​တို႔​သည္​တစ္​ခု​ႏွင့္​တစ္​ခု ဆက္​စပ္​သြား​ၾက​၏။-
Burmese MSBU
ငါ့​ကို မိန့်မှာ​တော်မူ​သည့်​အတိုင်း ငါ​သည် ပရောဖက်ပြု​ဟောပြော​၏​။ ပရောဖက်ပြု​ဟောပြော​နေစဉ် အသံ​တစ်​ခု​ကြား​ရ​၏​။ အရိုး​တို့ လှုပ်ရှား​လာ​ပြီး အရိုး​အရိုး​ချင်း ဆက်မိ​သွား​သည်​ကို ငါ​တွေ့​ရ​၏​။
Burmese MSBZ
ငါ့​ကို မိန႔္မွာ​ေတာ္မူ​သည့္​အတိုင္း ငါ​သည္ ပေရာဖက္ျပဳ​ေဟာေျပာ​၏​။ ပေရာဖက္ျပဳ​ေဟာေျပာ​ေနစဥ္ အသံ​တစ္​ခု​ၾကား​ရ​၏​။ အ႐ိုး​တို႔ လႈပ္ရွား​လာ​ၿပီး အ႐ိုး​အ႐ိုး​ခ်င္း ဆက္မိ​သြား​သည္​ကို ငါ​ေတြ႕​ရ​၏​။