Ezekiel 4:3 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
သံပြားတစ်ချပ်ကိုလည်းယူ၍မြို့နှင့်သင် ၏စပ်ကြားတွင်တံတိုင်းသဖွယ်ထောင်၍ ထားလော့။ သင်သည်မြို့ဘက်သို့မျက်နှာမူ လော့။ မြို့သည်ဝိုင်းရံခြင်းကိုခံလျက်ရှိ၏။ သင်သည်မြို့ကိုဝိုင်းရံသူဖြစ်၏။ ဤသည် ကားဣသရေလအမျိုးသားတို့အတွက် ပုဗ္ဗနိမိတ်ဖြစ်လိမ့်မည်။
Burmese 1835 Version Judson
ထိုမှတပါး၊ သံပြားကိုယူ၍၊ သင်နှင့်မြို့စပ်ကြား မှာ သံရိုးဖြစ်စေခြင်းငှါ ထောင်ပြီးလျှင်၊ မြို့တဘက်၌ သင်၏မျက်နှာကိုထားလော့။ ထိုသို့ ဝိုင်းထားသဖြင့်၊ ထိုမြို့သည်ဝိုင်းထားခြင်းကို ခံရမည်။ ဤသည်ကား ဣသရေလအမျိုးအား နိမိတ်လက္ခဏာဖြစ်လိမ့်မည်။
Burmese 1928
သံ မြို့ ရိုး အ ဖြစ်၊ သင် နှင့် မြို့ ပုံ ကြား တွင် သံ အိုး ကင်း ကို ယူ ထား ပြီး လျှင် မြို့ ပုံ ကို မျက် နှာ မူ လျက် ပိတ် ဆို့ ရန် ဝိုင်း ထား လော။ ဣ သ ရေ လ အ မျိုး သား တို့ အ ဖို့ သက် သေ လ က္ခ ဏာ ဖြစ် လိမ့် သ တည်း။
Burmese 2021
ထိုမှတစ်ပါး၊ သံပြားကိုယူ၍၊ သင်နှင့် မြို့စပ်ကြားမှာ သံရိုးဖြစ်စေခြင်းငှာ ထောင်ပြီးလျှင်၊ မြို့တစ်ဖက်၌ သင်၏မျက်နှာကိုထားလော့။ ထိုသို့ ဝိုင်းထားသဖြင့်၊ ထိုမြို့သည် ဝိုင်းထားခြင်းကို ခံရမည်။ ဤသည်ကား ဣသရေလအမျိုးအား နိမိတ်လက္ခဏာဖြစ်လိမ့်မည်။
Burmese JBZV
ထိုမွတစ္ပါး၊ သံျပားကိုယူ၍၊ သင္ႏွင့္ ၿမိဳ႕စပ္ၾကားမွာ သံရိုးျဖစ္ေစျခင္းငွာ ေထာင္ၿပီးလၽွင္၊ ၿမိဳ႕တစ္ဖက္၌ သင္၏မ်က္ႏွာကိုထားေလာ့။ ထိုသို႔ ဝိုင္းထားသျဖင့္၊ ထိုၿမိဳ႕သည္ ဝိုင္းထားျခင္းကို ခံရမည္။ ဤသည္ကား ဣသေရလအမ်ိဳးအား နိမိတ္လကၡဏာျဖစ္လိမ့္မည္။
Burmese MCLZV
သံျပားတစ္ခ်ပ္ကိုလည္းယူ၍ၿမိဳ႕ႏွင့္သင္ ၏စပ္ၾကားတြင္တံတိုင္းသဖြယ္ေထာင္၍ ထားေလာ့။ သင္သည္ၿမိဳ႕ဘက္သို႔မ်က္ႏွာမူ ေလာ့။ ၿမိဳ႕သည္ဝိုင္းရံျခင္းကိုခံလ်က္ရွိ၏။ သင္သည္ၿမိဳ႕ကိုဝိုင္းရံသူျဖစ္၏။ ဤသည္ ကားဣသေရလအမ်ိဳးသားတို႔အတြက္ ပုဗၺနိမိတ္ျဖစ္လိမ့္မည္။
Burmese MSBU
ထို့နောက် သံပြားတစ်ချပ်ကိုယူ၍ သင်နှင့်မြို့ပုံအကြားတွင် သံမြို့ရိုးသဖွယ် ကာထားလော့။ သင်သည် မြို့ဘက်သို့ စိုက်ကြည့်လော့။ ထိုအခါ မြို့သည် ဝိုင်းထားခြင်းခံရသကဲ့သို့ ဖြစ်မည်။ ဤသို့ မြို့ကိုဝိုင်းထားခြင်းသည် အစ္စရေးအမျိုးအနွယ်တို့အတွက် နိမိတ်လက္ခဏာဖြစ်၏။
Burmese MSBZ
ထို႔ေနာက္ သံျပားတစ္ခ်ပ္ကိုယူ၍ သင္ႏွင့္ၿမိဳ႕ပုံအၾကားတြင္ သံၿမိဳ႕႐ိုးသဖြယ္ ကာထားေလာ့။ သင္သည္ ၿမိဳ႕ဘက္သို႔ စိုက္ၾကည့္ေလာ့။ ထိုအခါ ၿမိဳ႕သည္ ဝိုင္းထားျခင္းခံရသကဲ့သို႔ ျဖစ္မည္။ ဤသို႔ ၿမိဳ႕ကိုဝိုင္းထားျခင္းသည္ အစၥေရးအမ်ိဳးအႏြယ္တို႔အတြက္ နိမိတ္လကၡဏာျဖစ္၏။