Ezekiel 40:3 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ကိုယ်တော်သည်ငါ့အားထိုမြို့အနီးသို့ခေါ်ဆောင်သွားတော်မူသောအခါ ငါသည်ကြေးဝါကဲ့သို့တောက်ပြောင်လျက်နေသောလူတစ်ယောက်ကိုမြင်ရ၏။ သူသည်ပေကြိုးနှင့်တိုင်းတာရန် ကူလုံးတို့ကိုကိုင်ကာမြို့တံခါးဝတွင်ရပ်လျက်နေ၏။
Burmese 1835 Version Judson
ထိုအရပ်သို့ ငါ့ကိုဆောင်သွားတော်မူသောအခါ၊ ကြေးဝါကဲ့သို့ အဆင်းအရောင်ရှိသော လူတဦးသည် တိုင်းစရာ ကျူလုံးနှင့်ချည်ကြိုးကို ကိုင်လျက်မြို့တံခါးဝမှာ ရပ်နေ၏။
Burmese 1928
မြို့ တံ ခါး ဝ၌ ရပ် လျက်၊ တာ ဝါး နှင့် ပိတ် ကြိုး ကို ကိုင် စွဲ သော၊ ကြေး အ ဆင်း ရှိ သူ တစ် ပါး ကို ငါ မြင် ရာ၊
Burmese 2021
ထိုအရပ်သို့ ငါ့ကို ဆောင်သွားတော်မူသောအခါ၊ ကြေးဝါကဲ့သို့အဆင်းအရောင်ရှိသော လူတစ်ဦးသည် တိုင်းစရာကျူလုံးနှင့် ချည်ကြိုးကို ကိုင်လျက် မြို့တံခါးဝမှာ ရပ်နေ၏။
Burmese JBZV
ထိုအရပ္သို႔ ငါ့ကို ေဆာင္သြားေတာ္မူေသာအခါ၊ ေၾကးဝါကဲ့သို႔အဆင္းအေရာင္ရွိေသာ လူတစ္ဦးသည္ တိုင္းစရာက်ဴလုံးႏွင့္ ခ်ည္ႀကိဳးကို ကိုင္လ်က္ ၿမိဳ႕တံခါးဝမွာ ရပ္ေန၏။
Burmese MCLZV
ကိုယ္ေတာ္သည္ငါ့အားထိုၿမိဳ႕အနီးသို႔ ေခၚေဆာင္သြားေတာ္မူေသာအခါ ငါသည္ ေၾကးဝါကဲ့သို႔ေတာက္ေျပာင္လ်က္ေနေသာ လူတစ္ေယာက္ကိုျမင္ရ၏။ သူသည္ေပႀကိဳး ႏွင့္တိုင္းတာရန္ ကူလုံးတို႔ကိုကိုင္ကာၿမိဳ႕ တံခါးဝတြင္ရပ္လ်က္ေန၏။
Burmese MSBU
ထိုအရပ်သို့ရောက်၍ ငါကြည့်လိုက်ရာ ကြေးနီအဆင်းနှင့်တူသောလူတစ်ယောက်ကို တွေ့၏။ ထိုသူသည် တိုင်းတာစရာ ချည်ကြိုးနှင့်ကျူချောင်းတစ်ချောင်းကို ကိုင်ထားလျက် မုခ်ဆောင်တံခါးတွင် ရပ်နေ၏။
Burmese MSBZ
ထိုအရပ္သို႔ေရာက္၍ ငါၾကည့္လိုက္ရာ ေၾကးနီအဆင္းႏွင့္တူေသာလူတစ္ေယာက္ကို ေတြ႕၏။ ထိုသူသည္ တိုင္းတာစရာ ခ်ည္ႀကိဳးႏွင့္က်ဴေခ်ာင္းတစ္ေခ်ာင္းကို ကိုင္ထားလ်က္ မုခ္ေဆာင္တံခါးတြင္ ရပ္ေန၏။