Ezekiel 42:1 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ထို​လူ​သည်​ငါ့​အား​တံ​တိုင်း​အ​ပြင်​ဝင်း အ​တွင်း​သို့​ခေါ်​ဆောင်​ကာ​ဗိ​မာန်​တော်​မြောက် ဘက်​၌​ရှိ​သော​အ​ဆောက်​အ​အုံ​သို့​ခေါ် ဆောင်​သွား​၏။ ထို​အ​ဆောက်​အ​အုံ​သည် အ​လျား​တစ်​ရာ​ခု​နစ်​ဆယ်​ပေ၊ အ​နံ​ရှစ် ဆယ့်​ငါး​ပေ​ရှိ​၍​ဗိ​မာန်​တော်​အ​နောက် ဘက်​၌​ရှိ​သည့်​အ​ဆောက်​အ​အုံ​နှင့် မ​ဝေး​ချေ။-
Burmese 1835 Version Judson
ထိုနောက်မှ မြောက်လမ်းဖြင့် ပြင်တန်တိုင်းထဲသို့ ခေါ်သွား၍၊ အိမ်တော်မြောက်ဘက်၊ လွတ်လပ်သော အရပ်ရှေ့မှာရှိသော အခန်းများကို ပြလေ၏။
Burmese 1928
ထို့ နောက်၊ မြောက် ဘက် အ ပြင် တံ တိုင်း သို့ ငါ့ ကို ခေါ် ဆောင် ပြီး လျှင်၊ မ ဟာ ရံ နှင့် မြောက် တံ တိုင်း ရိုး ကြား တွင် လည်း ကောင်း၊ အ တွင်း တံ တိုင်း ရှိ အ တောင် နှစ် ဆယ် ကျယ် ရာ ကွက် လပ် နှင့် အ ပြင် တံ တိုင်း ကျောက် သ မံ တ လင်း ကြား တွင် လည်း ကောင်း၊ မြောက် တံ ခါး များ ရှိ လျက်၊ အ လျား အ တောင် တစ် ရာ၊ အ နံ အ တောင် ငါး ဆယ် ရှိ သော၊ တ တိ ယ အ ဆင့်၌၊ မျက် နှာ ချင်း ဆိုင် စင်္ကြံ များ နှင့် ပြည့် စုံ သည့် အ ခန်း စဉ် ရှေ့ သို့၊ ငါ့ ကို ခေါ် သွား လေ ၏။
Burmese 2021
ထို​နောက်​မှ မြောက်​လမ်း​ဖြင့် ပြင်​တံ​တိုင်း​ထဲ​သို့ ခေါ်​သွား၍၊ အိမ်​တော်​မြောက်​ဘက်၊ လွတ်​လပ်​သော အ​ရပ်​ရှေ့​မှာ​ရှိ​သော အ​ခန်း​များ​ကို ပြ​လေ၏။
Burmese JBZV
ထို​ေနာက္​မွ ေျမာက္​လမ္း​ျဖင့္ ျပင္​တံ​တိုင္း​ထဲ​သို႔ ေခၚ​သြား၍၊ အိမ္​ေတာ္​ေျမာက္​ဘက္၊ လြတ္​လပ္​ေသာ အ​ရပ္​ေရွ႕​မွာ​ရွိ​ေသာ အ​ခန္း​မ်ား​ကို ျပ​ေလ၏။
Burmese MCLZV
ထို​လူ​သည္​ငါ့​အား​တံ​တိုင္း​အ​ျပင္​ဝင္း အ​တြင္း​သို႔​ေခၚ​ေဆာင္​ကာ​ဗိ​မာန္​ေတာ္​ေျမာက္ ဘက္​၌​ရွိ​ေသာ​အ​ေဆာက္​အ​အုံ​သို႔​ေခၚ ေဆာင္​သြား​၏။ ထို​အ​ေဆာက္​အ​အုံ​သည္ အ​လ်ား​တစ္​ရာ​ခု​နစ္​ဆယ္​ေပ၊ အ​နံ​ရွစ္ ဆယ့္​ငါး​ေပ​ရွိ​၍​ဗိ​မာန္​ေတာ္​အ​ေနာက္ ဘက္​၌​ရွိ​သည့္​အ​ေဆာက္​အ​အုံ​ႏွင့္ မ​ေဝး​ေခ်။-
Burmese MSBU
ထို့နောက် ငါ့​အား မြောက်ဘက်​ထွက်ပေါက်လမ်း​မှ အပြင်​ဝင်း​သို့ ခေါ်ဆောင်​သွား​ပြီး မြေကွက်လပ်​ဘက် မျက်နှာမူ​ထား​သော မြောက်ဘက်​အဆောက်အအုံ​နှင့်​မျက်နှာချင်းဆိုင် အခန်း​များ​သို့ ခေါ်ဆောင်​သွား​၏​။
Burmese MSBZ
ထို႔ေနာက္ ငါ့​အား ေျမာက္ဘက္​ထြက္ေပါက္လမ္း​မွ အျပင္​ဝင္း​သို႔ ေခၚေဆာင္​သြား​ၿပီး ေျမကြက္လပ္​ဘက္ မ်က္ႏွာမူ​ထား​ေသာ ေျမာက္ဘက္​အေဆာက္အအုံ​ႏွင့္​မ်က္ႏွာခ်င္းဆိုင္ အခန္း​မ်ား​သို႔ ေခၚေဆာင္​သြား​၏​။