Ezekiel 43:11 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
အကယ်၍သူတို့သည်မိမိတို့အကျင့်ဆိုး များအတွက်အကယ်ပင်ရှက်ကြောက်လာ ကြပါမူဗိမာန်တော်ပုံသဏ္ဌာန်၊ အဝင် အထွက်အပေါက်များ၊ အစီအစဉ်အလုံး စုံ၊ ဗိမာန်တော်၏ဥပဒေများနှင့်စည်းမျဉ်း သတ်မှတ်ချက်အပေါင်းကိုရှင်းပြလော့။ သူတို့ပြင်နိုင်ရန်နှင့်လိုက်နာနိုင်ရန်ယင်း တို့ကိုရေးသားလော့။-
Burmese 1835 Version Judson
သူတို့သည် ကိုယ်ပြုမိသောအမှုများကြောင့် အမှန်ရှက်ကြောက်လျှင်၊ အိမ်ပုံသဏ္ဌာန်နှင့် ထွက်ရာ ဝင်ရာတံခါးဝများ၊ ကျင့်ရသမျှသော ထုံးစံများ၊ စီရင် ထုံးဖွဲ့ချက်တရား အလုံးစုံတို့ကိုပြလော့။ သူတို့သည် ထုံးစံ များနှင့် စီရင်ထုံးဖွဲ့ချက်အလုံးစုံတို့ကို ကျင့်စောင့်စေခြင်း ငှါ သူတို့ရှေ့မှာ ရေးထားလော့။
Burmese 1928
အ ကယ်၍ ထို သူ တို့ သည် ပြု ခဲ့ သ မျှ အ တွက် အ ရှက် ကွဲ လျှင်၊ ဗိ မာန် တော် ပုံ စံ ချက်၊ ထုံး ဖွဲ့ ချက် ရှိ သ မျှ အ တိုင်း၊ စောင့် ရှောက် လိုက် နာ ခွင့် ရ ကြ စေ ခြင်း ငှာ၊ အ ပုံ အ စံ၊ အ စီ အ ရင်၊ အ ဝင် အ ထွက် နည်း အ မျိုး မျိုး မှ စ၍၊ ထုံး ဖွဲ့ ချက်၊ ဥ ပ ဒေ ချက် ဟူ သ မျှ ကို ဖော် ပြ လျက် ရေး သား လော့။
Burmese 2021
သူတို့သည် ကိုယ်ပြုမိသောအမှုများကြောင့် အမှန်ရှက်ကြောက်လျှင်၊ အိမ်ပုံသဏ္ဌာန်နှင့် ထွက်ရာဝင်ရာ တံခါးဝများ၊ ကျင့်ရသမျှသောထုံးစံများ၊ စီရင်ထုံးဖွဲ့ချက် တရားအလုံးစုံတို့ကိုပြလော့။ သူတို့သည် ထုံးစံများနှင့် စီရင်ထုံးဖွဲ့ချက် အလုံးစုံတို့ကို ကျင့်စောင့်စေခြင်းငှာ သူတို့ရှေ့မှာ ရေးထားလော့။
Burmese JBZV
သူတို႔သည္ ကိုယ္ျပဳမိေသာအမွုမ်ားေၾကာင့္ အမွန္ရွက္ေၾကာက္လၽွင္၊ အိမ္ပုံသဏၭာန္ႏွင့္ ထြက္ရာဝင္ရာ တံခါးဝမ်ား၊ က်င့္ရသမၽွေသာထုံးစံမ်ား၊ စီရင္ထုံးဖြဲ႕ခ်က္ တရားအလုံးစုံတို႔ကိုျပေလာ့။ သူတို႔သည္ ထုံးစံမ်ားႏွင့္ စီရင္ထုံးဖြဲ႕ခ်က္ အလုံးစုံတို႔ကို က်င့္ေစာင့္ေစျခင္းငွာ သူတို႔ေရွ႕မွာ ေရးထားေလာ့။
Burmese MCLZV
အကယ္၍သူတို႔သည္မိမိတို႔အက်င့္ဆိုး မ်ားအတြက္အကယ္ပင္ရွက္ေၾကာက္လာ ၾကပါမူဗိမာန္ေတာ္ပုံသဏၭာန္၊ အဝင္ အထြက္အေပါက္မ်ား၊ အစီအစဥ္အလုံး စုံ၊ ဗိမာန္ေတာ္၏ဥပေဒမ်ားႏွင့္စည္းမ်ဥ္း သတ္မွတ္ခ်က္အေပါင္းကိုရွင္းျပေလာ့။ သူတို႔ျပင္နိုင္ရန္ႏွင့္လိုက္နာနိုင္ရန္ယင္း တို႔ကိုေရးသားေလာ့။-
Burmese MSBU
သူတို့ပြုခဲ့သမျှအတွက် ရှက်မည်ဆိုလျှင် အိမ်တော်ပုံစံ၊ စီစဉ်တည်ဆောက်ပုံ၊ ထွက်ပေါက်ဝင်ပေါက်စသော အိမ်တော်တစ်ခုလုံး၏ပုံစံ၊ အိမ်တော်နှင့်ဆိုင်သော စည်းမျဉ်းစည်းကမ်းများအားလုံး၊ ပုံစံအားလုံး၊ ဥပဒေသအားလုံး စသည်တို့ကို သူတို့သိအောင် သူတို့ရှေ့တွင်ပင် ချရေးပြလော့။ သို့မှ အိမ်တော်တစ်ခုလုံး၏ပုံစံနှင့် စည်းမျဉ်းစည်းကမ်းအားလုံးကို စောင့်ထိန်းလိုက်နာနိုင်မည်ဖြစ်သည်။
Burmese MSBZ
သူတို႔ျပဳခဲ့သမွ်အတြက္ ရွက္မည္ဆိုလွ်င္ အိမ္ေတာ္ပုံစံ၊ စီစဥ္တည္ေဆာက္ပုံ၊ ထြက္ေပါက္ဝင္ေပါက္စေသာ အိမ္ေတာ္တစ္ခုလုံး၏ပုံစံ၊ အိမ္ေတာ္ႏွင့္ဆိုင္ေသာ စည္းမ်ဥ္းစည္းကမ္းမ်ားအားလုံး၊ ပုံစံအားလုံး၊ ဥပေဒသအားလုံး စသည္တို႔ကို သူတို႔သိေအာင္ သူတို႔ေရွ႕တြင္ပင္ ခ်ေရးျပေလာ့။ သို႔မွ အိမ္ေတာ္တစ္ခုလုံး၏ပုံစံႏွင့္ စည္းမ်ဥ္းစည္းကမ္းအားလုံးကို ေစာင့္ထိန္းလိုက္နာႏိုင္မည္ျဖစ္သည္။