Ezekiel 43:7 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ကိုယ်တော်က``အချင်းလူသား၊ ဤအရပ် တွင်ငါ၏ရာဇပလ္လင်ရှိ၏။ ငါ၏ခြေနင်း ရာနေရာဖြစ်၏။ ငါသည်ဤအရပ်တွင် ဣသရေလအမျိုးသားတို့နှင့်အတူ ကျိန်းဝပ်တော်မူ၍သူတို့အားထာဝစဉ် အုပ်စိုးတော်မူမည်။ ဣသရေလအမျိုး သားများဖြစ်စေ၊ သူတို့၏ဘုရင်များ ဖြစ်စေ၊ ဝိညာဉ်ဆိုင်ရာပြည့်တန်ဆာ လုပ်ငန်းဖြင့်လည်းကောင်း၊ ဘုရင်တို့၏ အလောင်းများကိုမြင့်သောအရပ်များ တွင် ကိုးကွယ်ခြင်းအားဖြင့်လည်းကောင်း ငါ၏သန့်ရှင်းမြင့်မြတ်သောနာမတော် ကိုနောက်တစ်ဖန်မရှုတ်ချရ။-
Burmese 1835 Version Judson
အချင်းလူသား၊ ဤအရပ်သည် ငါ့ပလ္လင်တည်ရာ အရပ်၊ ငါ့ခြေဘဝါးနင်းမြဲအရပ်၊ ဣသရေလအမျိုးသား တို့တွင် အစဉ်အမြဲငါ့နေရာအရပ် ဖြစ်၏။ ဣသရေလ ရှင်ဘုရင်များနှင့် အမျိုးသားတို့သည် မှားယွင်းခြင်းအား ဖြင့်၎င်း၊ ရှင်ဘုရင်၏အသေကောင်အားဖြင့်၎င်း၊ မြင့်ရာ အရပ်တို့၌ငါ၏နာမတော်မြတ်ကို နောက်တဖန် မရှုတ်ချရကြ။
Burmese 1928
အ ချင်း လူ့ သား၊ ဤ ဌာ န ကား၊ ဣ သ ရေ လ အ မျိုး သား စဉ် မြေး ဆက် တို့ ဘောင် တွင် ငါ စံ နေ ရာ၊ ပ လ္လင် တော် တည် ရာ၊ ခြေ တော် ချ ရာ ဖြစ်၏။ အ မျက် တော် ကြောင့် ငါ ကုန် ခမ်း စေ သည့် တိုင် အောင်၊ ပြု ကျင့် ခဲ့ သော ရွံ ရှာ ဖွယ် မှု များ ဖြင့်၊ သန့် ရှင်း သော ငါ့ နာ မ တော် ကို၊ မ သန့် ရာ ရောက် စေ ခဲ့ သော ဣ သ ရေ လ အ မျိုး သား တို့ သည်၊ အုပ် စိုး သော ဘု ရင် များ ပါ၊ မှား ယွင်း မှု၊ ဘု ရင် များ ကို စျာ ပ န ပြု မှု မှ စ၍၊ တံ တိုင်း ရိုး မျှ သာ ငါ နှင့် သူ တို့ ခြား လျက်၊ တံ ခါး ခုံ တော့် အ နီး၌ ချင်း တို့ တံ ခါး ခုံ၊ တံ ခါး တိုင် တော် အ နီး၌ ချင်း တို့ တံ ခါး တိုင် ကို ယှဉ် ထား မှု ကြောင့်၊ သန့် ရှင်း သော ငါ့ နာ မ တော် ကို မ သန့် ရာ ရောက် စေ တော့ မည် မ ဟုတ်၊
Burmese 2021
အချင်းလူသား၊ ဤအရပ်သည် ငါ့ပလ္လင်တည်ရာ အရပ်၊ ငါ့ခြေဖဝါး နင်းမြဲအရပ်၊ ဣသရေလအမျိုးသားတို့တွင် အစဉ်အမြဲ ငါ့နေရာအရပ် ဖြစ်၏။ ဣသရေလရှင်ဘုရင်များနှင့် အမျိုးသားများတို့သည် မှားယွင်းခြင်း အားဖြင့်လည်းကောင်း၊ ရှင်ဘုရင်၏အသေကောင်အားဖြင့်လည်းကောင်း မြင့်ရာအရပ်တို့၌ ငါ၏နာမတော်မြတ်ကို နောက်တစ်ဖန် မရှုတ်ချရကြ။
Burmese JBZV
Burmese MCLZV
Burmese MSBU
ကိုယ်တော်က ငါ့အား “အချင်းလူသား၊ ဤနေရာသည် ငါ့ပလ္လင်တည်ရာ၊ ငါ့ခြေချရာဖြစ်၏။ ဤနေရာ၌ အစ္စရေးအမျိုးသားတို့နှင့်အတူ ငါအစဉ်ကိန်းဝပ်မည်။ အစ္စရေးအမျိုးသားနှင့် သူတို့၏ဘုရင်တို့သည် ဖောက်ပြန်သောအားဖြင့် အထွတ်အမြတ်ထားရာကုန်းမြင့်တို့၌ ရှင်ဘုရင်ရုပ်ကလာပ်များအားဖြင့် သန့်ရှင်းသောငါ့နာမကို ရှုတ်ချကြတော့မည်မဟုတ်။
Burmese MSBZ