Ezekiel 44:15 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
အရှင်ထာဝရဘုရားက``သို့ရာတွင်အခြား ဣသရေလအမျိုးသားအပေါင်းတို့ငါ့အား ကျောခိုင်းသွားကြသောအခါဇာဒုတ်၏သား မြေးလေဝိအနွယ်ဝင်ယဇ်ပုရောဟိတ်တို့ သည်ဆက်လက်၍ဗိမာန်တော်တွင်ငါ၏အမှု တော်ကိုသစ္စာရှိစွာဆောင်ရွက်ခဲ့ကြ၏။ သို့ ဖြစ်၍သူတို့သည်ယခုငါ၏အမှုတော် ကိုထမ်းဆောင်ရသူများဖြစ်ကြမည်။ ငါ ၏အထံတော်သို့ဝင်၍ယဇ်ကောင်များ၏ ဆီဥနှင့်သွေးကိုပူဇော်ရကြမည်။-
Burmese 1835 Version Judson
ဣသရေလ အမျိုးသားတို့သည် ငါ့ထံမှထွက်၍ လမ်းလွဲသောအခါ၊ ငါ၏သန့်ရှင်းရာဌာနကို စောင့်နေ သော လေဝိအမျိုးဖြစ်သော ဇာဒုတ်သား၊ ယဇ်ပုရော ဟိတ်တို့သည် ငါ့အမှုကိုဆောင်ခြင်းငှါ ငါ့ထံသို့ ချဉ်းကပ် ကြ၏။ ငါ့အားဆီဥနှင့်အသွေးကို ပူဇော်ခြင်းငှါ အရှေ့မှာ ရပ်ရကြမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
Burmese 1928
ငါ့ ထံ မှ ဣ သ ရေ လ အ မျိုး သား တို့ လမ်း လွှဲ ရာ တွင်၊ ငါ့ သန့် ရှင်း ရာ ဌာ န တော် ကို စောင့် ရှောက် သော၊ ဇာ ဒုတ် အ နွယ် လေ ဝိ ဂိုဏ်း သား ပ ရော ဟိတ် တို့ ကား ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ အ စောင့် အ ရှောက် တော် များ အ ဖြစ်၊ အ မှု တော် ကို ဆောင် ရွက် ရန် အ ထံ တော် သို့ တိုး ဝင် ခွင့်၊ ဆီ ဥ နှင့် အ သွေး ကို ဆက် ကပ် ရန် ရှေ့ တော် တွင် ခ စား ခွင့်၊
Burmese 2021
ဣသရေလ အမျိုးသားတို့သည် ငါ့ထံမှထွက်၍ လမ်းလွှဲသောအခါ၊ ငါ၏သန့်ရှင်းရာဌာနကို စောင့်နေသော လေဝိအမျိုးဖြစ်သော ဇာဒုတ်သား၊ ယဇ်ပုရောဟိတ်တို့သည် ငါ့အမှုကိုဆောင်ခြင်းငှာ ငါ့ထံသို့ ချဉ်းကပ်ရကြမည်။ ငါ့အား ဆီဥနှင့်အသွေးကိုပူဇော်ခြင်းငှာ အရှေ့မှာ ရပ်ရကြမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
Burmese JBZV
ဣသေရလ အမ်ိဳးသားတို႔သည္ ငါ့ထံမွထြက္၍ လမ္းလႊဲေသာအခါ၊ ငါ၏သန္႔ရွင္းရာဌာနကို ေစာင့္ေနေသာ ေလဝိအမ်ိဳးျဖစ္ေသာ ဇာဒုတ္သား၊ ယဇ္ပုေရာဟိတ္တို႔သည္ ငါ့အမွုကိုေဆာင္ျခင္းငွာ ငါ့ထံသို႔ ခ်ဥ္းကပ္ရၾကမည္။ ငါ့အား ဆီဥႏွင့္အေသြးကိုပူေဇာ္ျခင္းငွာ အေရွ႕မွာ ရပ္ရၾကမည္ဟု အရွင္ထာဝရဘုရား မိန္႔ေတာ္မူ၏။
Burmese MCLZV
အရွင္ထာဝရဘုရားက``သို႔ရာတြင္အျခား ဣသေရလအမ်ိဳးသားအေပါင္းတို႔ငါ့အား ေက်ာခိုင္းသြားၾကေသာအခါဇာဒုတ္၏သား ေျမးေလဝိအႏြယ္ဝင္ယဇ္ပုေရာဟိတ္တို႔ သည္ဆက္လက္၍ဗိမာန္ေတာ္တြင္ငါ၏အမွု ေတာ္ကိုသစၥာရွိစြာေဆာင္ရြက္ခဲ့ၾက၏။ သို႔ ျဖစ္၍သူတို႔သည္ယခုငါ၏အမွုေတာ္ ကိုထမ္းေဆာင္ရသူမ်ားျဖစ္ၾကမည္။ ငါ ၏အထံေတာ္သို႔ဝင္၍ယဇ္ေကာင္မ်ား၏ ဆီဥႏွင့္ေသြးကိုပူေဇာ္ရၾကမည္။-
Burmese MSBU
ဘုရားရှင်ထာဝရဘုရားက ‘အစ္စရေးအမျိုးသားတို့ ငါ့ထံမှ လမ်းလွဲသွားကြသောအခါ လေဝိအမျိုးယဇ်ပုရောဟိတ်ဇာဒုတ်၏သားမြေးတို့သည် သန့်ရှင်းရာဌာန၏အမှုကို စောင့်ထိန်းခဲ့ကြ၏။ ထို့ကြောင့် သူတို့သည် ငါ့ထံသို့ဆည်းကပ်၍ ငါ့အမှုတော်ကို ထမ်းဆောင်ရမည်။ ငါ့ရှေ့မှောက်တွင်ရပ်လျက် အဆီ၊ အသွေးတို့ကို ပူဇော်ရမည်’ဟု မိန့်တော်မူ၏။
Burmese MSBZ
ဘုရားရွင္ထာဝရဘုရားက ‘အစၥေရးအမ်ိဳးသားတို႔ ငါ့ထံမွ လမ္းလြဲသြားၾကေသာအခါ ေလဝိအမ်ိဳးယဇ္ပုေရာဟိတ္ဇာဒုတ္၏သားေျမးတို႔သည္ သန႔္ရွင္းရာဌာန၏အမႈကို ေစာင့္ထိန္းခဲ့ၾက၏။ ထို႔ေၾကာင့္ သူတို႔သည္ ငါ့ထံသို႔ဆည္းကပ္၍ ငါ့အမႈေတာ္ကို ထမ္းေဆာင္ရမည္။ ငါ့ေရွ႕ေမွာက္တြင္ရပ္လ်က္ အဆီ၊ အေသြးတို႔ကို ပူေဇာ္ရမည္’ဟု မိန႔္ေတာ္မူ၏။