Ezekiel 44:5 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ထာဝရဘုရားကလည်းငါ့အား``အချင်း လူသား၊ သင်မြင်ရကြားရသောအရာမှန် သမျှကိုဂရုပြုလော့။ ငါသည်ဗိမာန်တော် နှင့်ဆိုင်သောစည်းမျဉ်းဥပဒေများကိုသင့် အားပြောမည်။ အဘယ်သူတို့သည်ဗိမာန် တော်သို့ဝင်ထွက်ခွင့်ရှိသည်ကိုသေချာ စွာမှတ်သားလော့။''
Burmese 1835 Version Judson
ထာဝရဘုရားကလည်း၊ အချင်းလူသား၊ စေ့စေ့ ကြည့်ရှု၍ မှတ်လော့။ ထာဝရဘုရား၏ အိမ်တော်အဘို့ ငါစီရင်ထုံးဖွဲ့ချက် ပညတ်တရားရှိသမျှတို့ကို နားထောင် လော့။ အိမ်တော်ဝင်ရာတံခါးဝနှင့် သန့်ရှင်းရာဌာနမှ ထွက်ရာတံခါးဝရှိသမျှတို့ကို စေ့စေ့မှတ်လော့။
Burmese 1928
ထာ ဝ ရ ဘု ရား က၊ အ ချင်း လူ့ သား၊ ဗိ မာန် တော် ဆိုင် ရာ ငါ မိန့် ဆို သ မျှ ထုံး ဖွဲ့ ချက်၊ ဥ ပ ဒေ ချက် များ ကို၊ မျက် စိ နှင့် ရှု ကြည့် လျက်၊ နား နှင့် နာ ခံ လျက်၊ နှ လုံး သွင်း သည့် ပြင်၊ ဗိ မာန် တော် နှင့် သန့် ရှင်း ရာ ဌာ န သို့၊၊ ဝင် နည်း၊ ထွက် နည်း၊ ဥ ပ ဒေ များ ကို နှ လုံး သွင်း လော့။
Burmese 2021
ထာဝရဘုရားကလည်း၊ အချင်းလူသား၊ စေ့စေ့ကြည့်ရှု၍ မှတ်လော့။ ထာဝရဘုရား၏ အိမ်တော်အဖို့ ငါစီရင်ထုံးဖွဲ့ချက် ပညတ်တရားရှိသမျှတို့ကို နားထောင်လော့။ အိမ်တော်ဝင်ရာတံခါးဝနှင့် သန့်ရှင်းရာဌာနမှ ထွက်ရာတံခါးဝရှိသမျှတို့ကို စေ့စေ့မှတ်လော့။
Burmese JBZV
ထာဝရဘုရားကလည္း၊ အခ်င္းလူသား၊ ေစ့ေစ့ၾကည့္ရွု၍ မွတ္ေလာ့။ ထာဝရဘုရား၏ အိမ္ေတာ္အဖို႔ ငါစီရင္ထုံးဖြဲ႕ခ်က္ ပညတ္တရားရွိသမၽွတို႔ကို နားေထာင္ေလာ့။ အိမ္ေတာ္ဝင္ရာတံခါးဝႏွင့္ သန္႔ရွင္းရာဌာနမွ ထြက္ရာတံခါးဝရွိသမၽွတို႔ကို ေစ့ေစ့မွတ္ေလာ့။
Burmese MCLZV
ထာဝရဘုရားကလည္းငါ့အား``အခ်င္း လူသား၊ သင္ျမင္ရၾကားရေသာအရာမွန္ သမၽွကိုဂ႐ုျပဳေလာ့။ ငါသည္ဗိမာန္ေတာ္ ႏွင့္ဆိုင္ေသာစည္းမ်ဥ္းဥပေဒမ်ားကိုသင့္ အားေျပာမည္။ အဘယ္သူတို႔သည္ဗိမာန္ ေတာ္သို႔ဝင္ထြက္ခြင့္ရွိသည္ကိုေသခ်ာ စြာမွတ္သားေလာ့။''
Burmese MSBU
ထိုအခါ ထာဝရဘုရားက ငါ့အား “အချင်းလူသား၊ ငါမိန့်ဆိုထားသော ထာဝရဘုရား၏အိမ်တော်ဆိုင်ရာ ပြဋ္ဌာန်းချက်၊ ပညတ်ချက် အလုံးစုံတို့ကို သင့်မျက်စိဖြင့် ကြည့်လော့။ နားဖြင့် နားထောင်လော့။ စိတ်နှလုံးဖြင့် မှတ်ကျုံးလော့။ အိမ်တော်အဝင်ပေါက်၊ သန့်ရှင်းရာဌာနအထွက်ပေါက်တို့ကို သေချာစွာမှတ်သားလော့။
Burmese MSBZ
ထိုအခါ ထာဝရဘုရားက ငါ့အား “အခ်င္းလူသား၊ ငါမိန႔္ဆိုထားေသာ ထာဝရဘုရား၏အိမ္ေတာ္ဆိုင္ရာ ျပ႒ာန္းခ်က္၊ ပညတ္ခ်က္ အလုံးစုံတို႔ကို သင့္မ်က္စိျဖင့္ ၾကည့္ေလာ့။ နားျဖင့္ နားေထာင္ေလာ့။ စိတ္ႏွလုံးျဖင့္ မွတ္က်ဳံးေလာ့။ အိမ္ေတာ္အဝင္ေပါက္၊ သန႔္ရွင္းရာဌာနအထြက္ေပါက္တို႔ကို ေသခ်ာစြာမွတ္သားေလာ့။