Ezekiel 47:1 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ထို​လူ​သည်​ငါ့​အား​ဗိ​မာန်​တော်​အ​ဝင်​တံ​ခါး ဝ​သို့​ခေါ်​ဆောင်​သွား​၏။ တံ​ခါး​ခုံ​အောက်​မှ ရေ​သည်​ယဇ်​ပလ္လင်​၏​တောင်​ဘက်​ကို​ဖြတ်​ကာ ဗိ​မာန်​တော်​မျက်​နှာ​မူ​ရာ​အ​ရှေ့​ဘက်​သို့ စီး​ဆင်း​လျက်​နေ​၏။-
Burmese 1835 Version Judson
ထိုနောက်မှ အိမ်တော်တံခါးသို့ တဖန်ငါ့ကို ဆောင်ခဲ့၍၊ တံခါးခုံအောက်မှာ အရှေ့ဘက်သို့ထွက်သော ရေကိုငါမြင်၏။ အမ်တော်ဦးသည် အရှေ့သို့မျက်နှာပြု၍၊ ရေသည်အိမ်တော်တံခါးခုံလက်ျာအောက်၊ ယဇ်ပလ္လင် တော် တောင်ဘက်မှ စီးသွားလေ၏။
Burmese 1928
ထို့ နောက် ဗိ မာန် တော် တံ ခါး ဝ ရောက် ငါ့ ကို ခေါ် သွား ပြန် သော်၊ အ ရှေ့ ဘက် သို့ ဗိ မာန် တော် မျက် နှာ မူ သည့် အ လျောက်၊ တံ ခါး ခုံ တောင် စွန်း အောက် မှ၊ ပူ ဇော် ရာ ပ လ္လင် တော် တောင် ဘက်၊ အ ရှေ့ မျက် နှာ သို့ စီး ထွက် သော ရေ ကို ငါ မြင် ၏။
Burmese 2021
ထို​နောက်​မှ အိမ်​တော်​တံ​ခါး​သို့ တစ်​ဖန်​ငါ့​ကို​ဆောင်​ခဲ့၍၊ တံ​ခါး​ခုံ​အောက်​မှာ အ​ရှေ့​ဘက်​သို့​ထွက်​သော ရေ​ကို​ငါ​မြင်၏။ အိမ်​တော်​ဦး​သည် အ​ရှေ့​သို့​မျက်​နှာ​ပြု၍၊ ရေ​သည် အိမ်​တော်​တံ​ခါး​ခုံ​လက်​ယာ​အောက်၊ ယဇ်​ပ​လ္လင်​တော် တောင်​ဘက်​မှ စီး​သွား​လေ၏။
Burmese JBZV
ထို​ေနာက္​မွ အိမ္​ေတာ္​တံ​ခါး​သို႔ တစ္​ဖန္​ငါ့​ကို​ေဆာင္​ခဲ့၍၊ တံ​ခါး​ခုံ​ေအာက္​မွာ အ​ေရွ႕​ဘက္​သို႔​ထြက္​ေသာ ေရ​ကို​ငါ​ျမင္၏။ အိမ္​ေတာ္​ဦး​သည္ အ​ေရွ႕​သို႔​မ်က္​ႏွာ​ျပဳ၍၊ ေရ​သည္ အိမ္​ေတာ္​တံ​ခါး​ခုံ​လက္​ယာ​ေအာက္၊ ယဇ္​ပ​လႅင္​ေတာ္ ေတာင္​ဘက္​မွ စီး​သြား​ေလ၏။
Burmese MCLZV
ထို​လူ​သည္​ငါ့​အား​ဗိ​မာန္​ေတာ္​အ​ဝင္​တံ​ခါး ဝ​သို႔​ေခၚ​ေဆာင္​သြား​၏။ တံ​ခါး​ခုံ​ေအာက္​မွ ေရ​သည္​ယဇ္​ပလႅင္​၏​ေတာင္​ဘက္​ကို​ျဖတ္​ကာ ဗိ​မာန္​ေတာ္​မ်က္​ႏွာ​မူ​ရာ​အ​ေရွ႕​ဘက္​သို႔ စီး​ဆင္း​လ်က္​ေန​၏။-
Burmese MSBU
ထို​သူ​သည် ငါ့​အား အိမ်​တော်​ဝင်ပေါက်​သို့ ပြန်လည်​ခေါ်ဆောင်​လာ​ရာ အိမ်​တော်​တံခါးခုံ​အောက်​မှ အိမ်​တော်​မျက်နှာမူ​ရာ​အရှေ့ဘက်​သို့ ရေ​စီးထွက်​သွား​သည်​ကို တွေ့​ရ​၏​။ ထို​ရေ​တို့​သည် အိမ်​တော်​လက်ယာ​ဘက်​အောက်​၊ ယဇ်ပလ္လင်​တော်​တောင်ဘက်​မှ စီးဆင်း​သွား​၏​။
Burmese MSBZ
ထို​သူ​သည္ ငါ့​အား အိမ္​ေတာ္​ဝင္ေပါက္​သို႔ ျပန္လည္​ေခၚေဆာင္​လာ​ရာ အိမ္​ေတာ္​တံခါးခုံ​ေအာက္​မွ အိမ္​ေတာ္​မ်က္ႏွာမူ​ရာ​အေရွ႕ဘက္​သို႔ ေရ​စီးထြက္​သြား​သည္​ကို ေတြ႕​ရ​၏​။ ထို​ေရ​တို႔​သည္ အိမ္​ေတာ္​လက္ယာ​ဘက္​ေအာက္​၊ ပလႅင္​ေတာ္​ေတာင္ဘက္​မွ စီးဆင္း​သြား​၏​။