Ezekiel 47:22 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ယင်းသည်သင်တို့အစဉ်အမြဲပိုင်ဆိုင်ကြ ရမည့်မြေယာဖြစ်၏။ ထိုအရပ်တွင်သင်တို့ နှင့်အတူနေထိုင်လျက်သားသမီးများ ရရှိနေကြသူလူမျိုးခြားများသည်လည်း သင်တို့မြေယာခွဲဝေရာတွင်ဝေစုခံယူ ရကြမည်။ သူတို့အားတင်းပြည့်ဣသရေလ ပြည်သားများအဖြစ်ဖြင့်မှတ်ယူကာ ဣသရေလအနွယ်တို့နှင့်အတူမြေယာ ဝေစုများကိုခံယူစေရမည်။-
Burmese 1835 Version Judson
အမျိုးသားချင်းအမွေခံဘို့၎င်း၊ သင်တို့တွင်နေ၍ သားသမီးဘွားမြင်သော တပါးအမျိုးသားချင်း အမွေခံ ဘို့၎င်း စာရေးတံချ၍ မြေကို ဝေရမည်။ ထိုတပါး အမျိုးသားတို့ကို ပြည်၌ဘွားမြင်သော ဣသရေလ အမျိုးသားကဲ့သို့မှတ်ရမည်။ သူတို့သည် ဣသရေလ အမျိုးသားတို့နှင့် အတူမြေကိုအမွေခံ ရကြလိမ့်မည်။
Burmese 1928
ဣ သ ရေ လ အ မျိုး သား တို့ မှ စ၍၊ ဝင် နေ လျက် သား သ မီး ရ သော လူ မျိုး ခြား တို့ အား အ ပိုင် ပေး ဝေ ရ မည်။ ထို သူ တို့ သည် ဣ သ ရေ လ တိုင်း ရင်း သား တို့ နှင့် မ ခြား ဘဲ၊ ဣ သ ရေ လ အ နွယ် တို့ နှင့် အ တူ အ ပိုင် ရ ကြ မည်။
Burmese 2021
အမျိုးသားချင်း အမွေခံဖို့လည်းကောင်း၊ သင်တို့တွင်နေ၍ သားသမီးဖွားမြင်သော တစ်ပါးအမျိုးသားချင်း အမွေခံဖို့လည်းကောင်း စာရေးတံချ၍ မြေကိုဝေရမည်။ ထိုတစ်ပါးအမျိုးသားတို့ကို ပြည်၌ဖွားမြင်သော ဣသရေလအမျိုးသားကဲ့သို့ မှတ်ရမည်။ သူတို့သည် ဣသရေလအမျိုးသားတို့နှင့် အတူ မြေကို အမွေခံရကြလိမ့်မည်။
Burmese JBZV
အမ်ိဳးသားခ်င္း အေမြခံဖို႔လည္းေကာင္း၊ သင္တို႔တြင္ေန၍ သားသမီးဖြားျမင္ေသာ တစ္ပါးအမ်ိဳးသားခ်င္း အေမြခံဖို႔လည္းေကာင္း စာေရးတံခ်၍ ေျမကိုေဝရမည္။ ထိုတစ္ပါးအမ်ိဳးသားတို႔ကို ျပည္၌ဖြားျမင္ေသာ ဣသေရလအမ်ိဳးသားကဲ့သို႔ မွတ္ရမည္။ သူတို႔သည္ ဣသေရလအမ်ိဳးသားတို႔ႏွင့္ အတူ ေျမကို အေမြခံရၾကလိမ့္မည္။
Burmese MCLZV
ယင္းသည္သင္တို႔အစဥ္အျမဲပိုင္ဆိုင္ၾက ရမည့္ေျမယာျဖစ္၏။ ထိုအရပ္တြင္သင္တို႔ ႏွင့္အတူေနထိုင္လ်က္သားသမီးမ်ား ရရွိေနၾကသူလူမ်ိဳးျခားမ်ားသည္လည္း သင္တို႔ေျမယာခြဲေဝရာတြင္ေဝစုခံယူ ရၾကမည္။ သူတို႔အားတင္းျပည့္ဣသေရလ ျပည္သားမ်ားအျဖစ္ျဖင့္မွတ္ယူကာ ဣသေရလအႏြယ္တို႔ႏွင့္အတူေျမယာ ေဝစုမ်ားကိုခံယူေစရမည္။-
Burmese MSBU
ထိုမြေကို အမွေမြေအဖြစ် သင်တို့ခွဲဝေယူရမည်။ သင်တို့နှင့်အတူနေထိုင်ရင်း သားသမီးရလာကြသော တိုင်းတစ်ပါးသားတို့ကိုလည်း ခွဲဝေပေးရမည်။ သူတို့ကို အစ္စရေးအမျိုးအနွယ်တို့၏အမျိုးသားချင်းကဲ့သို့ သဘောထားရမည်။ အစ္စရေးအမျိုးအနွယ်တို့နှင့်အတူ အမွေမြေခွဲဝေပေးရမည်။
Burmese MSBZ
ထိုေျမကို အေမြေျမအျဖစ္ သင္တို႔ခြဲေဝယူရမည္။ သင္တို႔ႏွင့္အတူေနထိုင္ရင္း သားသမီးရလာၾကေသာ တိုင္းတစ္ပါးသားတို႔ကိုလည္း ခြဲေဝေပးရမည္။ သူတို႔ကို အစၥေရးအမ်ိဳးအႏြယ္တို႔၏အမ်ိဳးသားခ်င္းကဲ့သို႔ သေဘာထားရမည္။ အစၥေရးအမ်ိဳးအႏြယ္တို႔ႏွင့္အတူ အေမြေျမခြဲေဝေပးရမည္။