Ezra 1:5 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ထိုအခါယုဒနှင့် ဗင်္ယာမိန်အနွယ်ဝင်သားချင်းစုခေါင်းဆောင်များ၊ ယဇ်ပုရောဟိတ်များ၊ လေဝိအနွယ်ဝင်များနှင့် မိမိတို့စိတ်နှလုံးကိုဘုရားသခင်ပြင်ဆင်တော်မူခြင်းခံကြရသူအပေါင်းတို့သည် ယေရုရှလင်မြို့သို့သွားရောက်၍ ထာဝရဘုရား၏ဗိမာန်တော်ကိုပြန်လည်တည်ဆောက်ရန်အသင့်ပြင်ဆင်ကြကုန်၏။-
Burmese 1835 Version Judson
ထိုအခါ ယုဒအဆွေအမျိုးနှင့် ဗင်္ယာမိန် အဆွေ အမျိုး သူကြီးများ၊ ယဇ်ပုရောဟိတ်၊ လေဝိသားများနှင့် တကွ၊ ဘုရားသခင် နှိုးဆော်တော်မူသောသူ အပေါင်းတို့ သည်၊ ယေရုရှလင်မြို့၌ ရှိတော်မူသော ထာဝရဘုရား၏ အိမ်တော်ကို တည်ဆောက်ခြင်းငှါ ထကြ၏။
Burmese 1928
ထို အ ခါ ယေ ရု ရှ လင် မြို့ သို့ ပြန် သွား၍ ဗိ မာန် တော် တည် ဆောက် ရန် ဘု ရား သ ခင် နှိုး ဆော် တော် မူ ခြင်း ကို ခံ ရ သော ယုဒ၊ ဗင်္ယာ မိန့် အိမ် ထောင် အ အုပ် အ ချုပ်၊ ပ ရော ဟိတ်၊ လေ ဝိ ဂိုဏ်း သား အ ပေါင်း တို့ သွား ကြ မည့် ပြု ရာ၊
Burmese 2021
ထိုအခါ ယုဒအဆွေအမျိုးနှင့် ဗင်္ယာမိန်အဆွေအမျိုး သူကြီးများ၊ ယဇ်ပုရောဟိတ်၊ လေဝိသားများနှင့်တကွ၊ ဘုရားသခင် နှိုးဆော်တော်မူသောသူ အပေါင်းတို့သည်၊ ယေရုရှလင်မြို့၌ ရှိတော်မူသော ထာဝရဘုရား၏အိမ်တော်ကို တည်ဆောက်ခြင်းငှာ ထကြ၏။
Burmese JBZV
ထိုအခါ ယုဒအေဆြအမ်ိဳးႏွင့္ ဗယၤာမိန္အေဆြအမ်ိဳး သူႀကီးမ်ား၊ ယဇ္ပုေရာဟိတ္၊ ေလဝိသားမ်ားႏွင့္တကြ၊ ဘုရားသခင္ ႏွိုးေဆာ္ေတာ္မူေသာသူ အေပါင္းတို႔သည္၊ ေယ႐ုရွလင္ၿမိဳ႕၌ ရွိေတာ္မူေသာ ထာဝရဘုရား၏အိမ္ေတာ္ကို တည္ေဆာက္ျခင္းငွာ ထၾက၏။
Burmese MCLZV
ထိုအခါယုဒႏွင့္ ဗယၤာမိန္အႏြယ္ဝင္သား ခ်င္းစုေခါင္းေဆာင္မ်ား၊ ယဇ္ပုေရာဟိတ္မ်ား၊ ေလဝိအႏြယ္ဝင္မ်ားႏွင့္ မိမိတို႔စိတ္ႏွလုံး ကိုဘုရားသခင္ျပင္ဆင္ေတာ္မူျခင္းခံၾက ရသူအေပါင္းတို႔သည္ ေယ႐ုရွလင္ၿမိဳ႕သို႔ သြားေရာက္၍ ထာဝရဘုရား၏ဗိမာန္ေတာ္ ကိုျပန္လည္တည္ေဆာက္ရန္အသင့္ျပင္ဆင္ ၾကကုန္၏။-
Burmese MSBU
ထိုအခါ ယုဒအမျိုးနှင့် ဗင်္ယာမိန်အမျိုးတို့၏ဘိုးဘေးအကြီးအမှူးများ၊ ယဇ်ပုရောဟိတ်များ၊ လေဝိအမျိုးများနှင့်တကွ မိမိတို့၏စိတ်ကို ဘုရားသခင်နှိုးဆော်သောသူအပေါင်းတို့သည် ဂျေရုဆလင်မြို့ရှိထာဝရဘုရား၏အိမ်တော်ကို ပြန်လည်တည်ဆောက်ရန် ထ၍သွားကြလေ၏။
Burmese MSBZ
ထိုအခါ ယုဒအမ်ိဳးႏွင့္ ဗယၤာမိန္အမ်ိဳးတို႔၏ဘိုးေဘးအႀကီးအမႉးမ်ား၊ ယဇ္ပုေရာဟိတ္မ်ား၊ ေလဝိအမ်ိဳးမ်ားႏွင့္တကြ မိမိတို႔၏စိတ္ကို ဘုရားသခင္ႏႈိးေဆာ္ေသာသူအေပါင္းတို႔သည္ ေဂ်႐ုဆလင္ၿမိဳ႕ရွိထာဝရဘုရား၏အိမ္ေတာ္ကို ျပန္လည္တည္ေဆာက္ရန္ ထ၍သြားၾကေလ၏။