Ezra 10:18 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
လူ​မျိုး​ခြား​များ​နှင့်​အိမ်​ထောင်​ကျ​သူ​များ စာ​ရင်း​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​၏။ ယော​ရှု​သား​ချင်း​စု​နှင့်​သူ​၏​ညီ​များ။ ယော​ဇ ဒက်​၏​သား​များ​ဖြစ်​ကြ​သော​မာ​သေ​ယ၊ ဧ​လျေ​ဇာ၊ ယာ​ရိပ်​နှင့်​ဂေ​ဒ​လိ။-
Burmese 1835 Version Judson
တပါးအမျိုးသားမိန်းမနှင့် စုံဘက်သော ယဇ် ပုရောဟိတ်အမျိုးသားဟူမူကား၊ ယောရှုအမျိုး ယောဇ ဒက်သားနှင့် သူ၏ညီ မာသေယ၊ ဧလျေဇာ၊ ယာရိပ်၊ ဂေဒလိတည်း။
Burmese 1928
မျိုး ခြား မိန်း မ နှင့် ထိမ်း မြား သော ပ ရော ဟိတ် ဂိုဏ်း သား များ ကား၊ ယော ဇ ဒက် သား ယော ရှု နှင့် ညီ အစ် ကို တို့ အ ဆက်၊ မာ သေ ယ၊ ဧ လျေ ဇာ၊ ယာ ရိပ်၊ ဂေ ဒ လိ တို့ တည်း။
Burmese 2021
တစ်​ပါး​အ​မျိုး​သား​မိန်း​မ​နှင့် စုံ​ဖက်​သော ယဇ်​ပု​ရော​ဟိတ်​အ​မျိုး​သား​ဟူ​မူ​ကား၊ ယော​ရှု​အ​မျိုး ယော​ဇ​ဒက်​သား​နှင့် သူ၏​ညီ မာ​သေ​ယ၊ ဧ​လျေ​ဇာ၊ ယာ​ရိပ်၊ ဂေ​ဒ​လိ​တည်း။
Burmese JBZV
တစ္​ပါး​အ​မ်ိဳး​သား​မိန္း​မ​ႏွင့္ စုံ​ဖက္​ေသာ ယဇ္​ပု​ေရာ​ဟိတ္​အ​မ်ိဳး​သား​ဟူ​မူ​ကား၊ ေယာ​ရွု​အ​မ်ိဳး ေယာ​ဇ​ဒက္​သား​ႏွင့္ သူ၏​ညီ မာ​ေသ​ယ၊ ဧ​ေလ်​ဇာ၊ ယာ​ရိပ္၊ ေဂ​ဒ​လိ​တည္း။
Burmese MCLZV
လူ​မ်ိဳး​ျခား​မ်ား​ႏွင့္​အိမ္​ေထာင္​က်​သူ​မ်ား စာ​ရင္း​မွာ​ေအာက္​ပါ​အ​တိုင္း​ျဖစ္​၏။ ေယာ​ရွု​သား​ခ်င္း​စု​ႏွင့္​သူ​၏​ညီ​မ်ား။ ေယာ​ဇ ဒက္​၏​သား​မ်ား​ျဖစ္​ၾက​ေသာ​မာ​ေသ​ယ၊ ဧ​ေလ်​ဇာ၊ ယာ​ရိပ္​ႏွင့္​ေဂ​ဒ​လိ။-
Burmese MSBU
ယဇ်ပုရောဟိတ်​သားမြေး​တို့​တွင် ယောဇဒက်​၏​သား​ဖြစ်​သော ယေရွှာ​၏​သား​များ​နှင့် ယေရွှာ​၏​ညီအစ်ကို​များ​ဖြစ်​သော မာသေယ​၊ ဧလျေဇာ​၊ ယာရိပ်​၊ ဂေဒလိ​တို့​သည် တစ်ပါးအမျိုးသား​မိန်းမ​တို့​နှင့်​စုံဖက်​ကြ​သည်​ကို တွေ့ရှိ​ရ​၏​။
Burmese MSBZ
ယဇ္ပုေရာဟိတ္​သားေျမး​တို႔​တြင္ ေယာဇဒက္​၏​သား​ျဖစ္​ေသာ ေယ႐ႊာ​၏​သား​မ်ား​ႏွင့္ ေယ႐ႊာ​၏​ညီအစ္ကို​မ်ား​ျဖစ္​ေသာ မာေသယ​၊ ဧေလ်ဇာ​၊ ယာရိပ္​၊ ေဂဒလိ​တို႔​သည္ တစ္ပါးအမ်ိဳးသား​မိန္းမ​တို႔​ႏွင့္​စုံဖက္​ၾက​သည္​ကို ေတြ႕ရွိ​ရ​၏​။