Ezra 3:11 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
သူ​တို့​က၊ ``ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​မြတ်​တော်​မူ​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​တွက် ထား​ရှိ​တော်​မူ​သော​မေတ္တာ​တော်​သည် ထာ​ဝ​စဉ်​တည်​ပါ​၏'' ဟူ​သော​သီ​ချင်း​ကို​ထပ်​ကာ​ထပ်​ကာ​သီ​ဆို​၍ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​၏။ ဗိ​မာန်​တော်​အုတ်​မြစ်​ကို​ချပြီး​ဖြစ်​သ​ဖြင့် လူ အ​ပေါင်း​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ် တော်​ကို​ဟစ်​အော်​ချီး​မွမ်း​ကြ​ကုန်​၏။-
Burmese 1835 Version Judson
ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၏။ ဣသရေလအမျိုး၌ ပြတော်မူသော ကရုဏာတော် အစဉ်အမြဲ တည်ပါသည်ဟူ၍ ဂုဏ်တော်ကို ချီးမွမ်းလျက်၊ ကျေးဇူတော်ကို ဝန်ခံလျက်၊ အသံပြိုင်၍ အလှည့်လှည့်သီ ချင်းဆိုကြ၏။ ဗိမာန်တော်တိုက်မြစ်ကို ချရသောကြောင့်၊ လူအပေါင်းတို့သည် ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းလျက်၊ ကြီးသောအသံနှင့် ကြွေးကြော်ကြ၏။
Burmese 1928
ဣ သ ရေ လ လူ မျိုး ပေါ် တွင် ကာ လ အ စဉ် က ရု ဏာ တော် တည် သည် ဟု၊ အ တိုင် အ ဖောက် ကျေး ဇူး တော်၊ ဂုဏ် တော် ကို ချီး မွမ်း သီ ဆို ကြ ရာ၊ လူ ပ ရိ သတ် အ ပေါင်း တို့ သည်၊ ဗိ မာန် တော် တိုက် မြစ် အ ချ ပြီး မြောက် သည် ဖြစ်၍၊ ထာ ဝ ရ ဘု ရား ဂုဏ် တော် ကို ဟစ် အော် ချီး မွမ်း ကြ လေ ၏။
Burmese 2021
ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​မြတ်​တော်​မူ၏။ ဣ​သ​ရေ​လ​အ​မျိုး၌ ပြ​တော်​မူ​သော က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ​တည်​ပါ​သည်​ဟူ၍ ဂုဏ်​တော်​ကို ချီး​မွမ်း​လျက်၊ ကျေး​ဇူး​တော်​ကို ဝန်​ခံ​လျက်၊ အ​သံ​ပြိုင်၍ အ​လှည့်​လှည့် သီ​ချင်း​ဆို​ကြ၏။ ဗိ​မာန်​တော်​တိုက်​မြစ်​ကို ချ​ရ​သော​ကြောင့်၊ လူ​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​တော်​ကို ချီး​မွမ်း​လျက်၊ ကြီး​သော​အ​သံ​နှင့် ကြွေး​ကြော်​ကြ၏။
Burmese JBZV
ထာ​ဝ​ရ​ဘု​ရား​သည္ ေကာင္း​ျမတ္​ေတာ္​မူ၏။ ဣ​သ​ေရ​လ​အ​မ်ိဳး၌ ျပ​ေတာ္​မူ​ေသာ က​႐ု​ဏာ​ေတာ္ အ​စဥ္​အ​ျမဲ​တည္​ပါ​သည္​ဟူ၍ ဂုဏ္​ေတာ္​ကို ခ်ီး​မြမ္း​လ်က္၊ ေက်း​ဇူး​ေတာ္​ကို ဝန္​ခံ​လ်က္၊ အ​သံ​ၿပိဳင္၍ အ​လွည့္​လွည့္ သီ​ခ်င္း​ဆို​ၾက၏။ ဗိ​မာန္​ေတာ္​တိုက္​ျမစ္​ကို ခ်​ရ​ေသာ​ေၾကာင့္၊ လူ​အ​ေပါင္း​တို႔​သည္ ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ္​ေတာ္​ကို ခ်ီး​မြမ္း​လ်က္၊ ႀကီး​ေသာ​အ​သံ​ႏွင့္ ေႂကြး​ေၾကာ္​ၾက၏။
Burmese MCLZV
သူ​တို႔​က၊ ``ထာ​ဝ​ရ​ဘု​ရား​သည္​ေကာင္း​ျမတ္​ေတာ္​မူ​၍ ဣ​သ​ေရ​လ​အ​မ်ိဳး​သား​တို႔​အ​တြက္ ထား​ရွိ​ေတာ္​မူ​ေသာ​ေမတၱာ​ေတာ္​သည္ ထာ​ဝ​စဥ္​တည္​ပါ​၏'' ဟူ​ေသာ​သီ​ခ်င္း​ကို​ထပ္​ကာ​ထပ္​ကာ​သီ​ဆို​၍ ထာ​ဝ​ရ​ဘု​ရား​အား​ေထာ​မ​နာ​ျပဳ​ၾက​၏။ ဗိ​မာန္​ေတာ္​အုတ္​ျမစ္​ကို​ခ်ၿပီး​ျဖစ္​သ​ျဖင့္ လူ အ​ေပါင္း​တို႔​သည္​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ္ ေတာ္​ကို​ဟစ္​ေအာ္​ခ်ီး​မြမ္း​ၾက​ကုန္​၏။-
Burmese MSBU
“​စင်စစ် ကိုယ်တော်​သည် ကောင်းမြတ်​တော်မူ​၏​။ အစ္စရေး​လူမျိုး​ကို ထာဝရ​မေတ္တာ​နှင့် ချစ်​တော်မူ​၏​”​ဟု ထာဝရဘုရား​၏​ကျေးဇူး​တော်​ကို သီဆို​ချီးမွမ်း​ကြ​၏​။ ထာဝရဘုရား​၏​အိမ်​တော်​အုတ်မြစ်​ကို ချ​ပြီး​ဖြစ်၍ လူ​အပေါင်း​တို့​သည် ထာဝရဘုရား​ထံ ကြီးစွာ​သော​အသံ​ဖြင့် ကြွေးကြော်​ချီးမွမ်း​ကြ​လေ​၏​။
Burmese MSBZ
“​စင္စစ္ ကိုယ္ေတာ္​သည္ ေကာင္းျမတ္​ေတာ္မူ​၏​။ အစၥေရး​လူမ်ိဳး​ကို ထာဝရ​ေမတၱာ​ႏွင့္ ခ်စ္​ေတာ္မူ​၏​”​ဟု ထာဝရဘုရား​၏​ေက်းဇူး​ေတာ္​ကို သီဆို​ခ်ီးမြမ္း​ၾက​၏​။ ထာဝရဘုရား​၏​အိမ္​ေတာ္​အုတ္ျမစ္​ကို ခ်​ၿပီး​ျဖစ္၍ လူ​အေပါင္း​တို႔​သည္ ထာဝရဘုရား​ထံ ႀကီးစြာ​ေသာ​အသံ​ျဖင့္ ေႂကြးေၾကာ္​ခ်ီးမြမ္း​ၾက​ေလ​၏​။

Recommended Reading